Homeသတင်းအဖမ်းဆီးခံ (၅) ဦးအနက် တစ်ဦးကို ဘုရားသုံးဆူအာဏာပိုင်တို့ ပြန်လွှတ်

အဖမ်းဆီးခံ (၅) ဦးအနက် တစ်ဦးကို ဘုရားသုံးဆူအာဏာပိုင်တို့ ပြန်လွှတ်

-

မိလယီထော – လွန်ခဲ့သည့်ရက်ပိုင်းတွင် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ မြန်မာအာဏာပိုင်တို့ ဖမ်းဆီးချုပ်နှောင်ထား ဒေသခံအမျိုးသား (၅) ဦးအနက် အသက် (၅၆) နှစ်ရှိ နိုင်ဗလိုင်ကို စက်တင်ဘာ (၂၉) ရက်နေ့ ညပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။

လတ်တလောဖြစ်ပေါ်ခဲ့သောပြန်ပေးအဖွဲ့နှင့် ဆက်နွယ်နေသည်ဟု နိုင်ဗလိုင်အား မသင်္ကာဖြစ်မိရာမှ စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

“နိုင်ဗလိုင်အနေနဲ့ပြန်ပေးသမားတွေနဲ့ ဆက်နွယ်နေသူမဟုတ်မှန်းကို ဘုန်းကြီးကအစ မြို့ခံအတော်များများထောက်ခံကြလို့ ပြန်လွှတ်ပေးခဲ့တာပါ” ဟု နိုင်ဗလိုင်နဲ့နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ပြန်လည်လွတ်မြောက်နိုင်ရန်အတွက် သက်ဆိုင်ရာအာဏာပိုင်အရာရှိထံသို့ ထိုင်းဘတ်ငွေသုံးသောင်းပေးဆောင်ခဲ့ရကြောင်း ဘုရားသုံးဆူမြို့ပေါ်တွင်ကောလဟလသတင်းများ ပြန့်လွင့်နေသော်လည်း ယင်းကိစ္စကိုသီးခြားအတည်မပြုနိုင်ခဲ့ပေ။

လက်ရှိတွင် မသင်္ကာသူ (၄) ဦးကို ဘုရားသုံးဆူမြို့ရဲစခန်း၌ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ရဲစခန်းနှင့်နီးစပ်သူများအဆိုအရ သိရသည်။

“ဒီလူတွေက ပြန်ပေးအဖွဲ့တွေနဲ့ဆက်နွယ်နေတာကို ကျနော်တို့သိထားတယ်၊ ဒါပေမယ့် လက်ပူးလက်ကြပ်မပြနိုင်အောင် ပိပိရိရိနေတတ်တယ်၊ ဒါကြောင့် သူတို့ကို အရေးယူလို့မရဖြစ်နေတယ်” ဟု ဘုရားသုံးဆူမှ အမည်မဖေါ်လိုသော ရာဘာခြံသမားများလုံခြုံရေးအဖွဲ့ဝင် တစ်ဦးကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၁) ရက်နေ့တွင် မွန်ပြည်ပြန်လည်တည်ထောင်ရေးတပ်အမည်ဖြင့် တံဆိပ်တုံးရိုက်နှိပ်ကာစာဖြင့် ဘုရားသုံးဆူမြို့ပေါ် လုပ်ငန်းရှင် (၂၅) ဦးထံသို့ ဆက်ကြေးငွေတောင်းခံခဲ့ရာတွင် လက်ရှိဖမ်းဆီးခံထားရသူများက ကူညီပေးခဲ့သည်ဟု အာဏာပိုင်များက ယူဆနေသည်။

၂၀၁၀ နိုဝင်ဘာလရွေးကောက်ပွဲအပြီး ဒီကေဘီအေတပ်ဖွဲ့ဝင်များ ဘုရားသုံးဆူမြို့ကို တိုက်ခိုက်ပြီးသည့်အချိန်မှစတင်၍ တည်ငြိမ်မှုကင်းမဲ့လာကာ မြို့ပေါ်တိုက်ခိုက်လုယက်မှုများနှင့် ပြန်ပေးမှုများဖြစ်ပေါ်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts