spot_img
Thursday, November 13, 2025
More
    spot_img
    Homeသတင်းမင်္သကာသူ(၅) ဦးကို ဘုရားသုံးဆူအာဏာပိုင်တို့ဖမ်းဆီးထား

    မင်္သကာသူ(၅) ဦးကို ဘုရားသုံးဆူအာဏာပိုင်တို့ဖမ်းဆီးထား

    -

    ကျလွန်းထော၊ လယီထော – ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် လတ်တလောဖြစ်ပေါ်ခဲ့သောပြန်ပေးအဖွဲ့နှင့် ဆက်နွယ်နေသည်ဟုမသင်္ကာရသူ ဒေသခံအမျိုးသား (၅) ဦးကို မြန်မာအာဏာပိုင်တို့ ဖမ်းဆီးချုပ်နှောင်ထားဆဲဟု သိရသည်။

    ပြန်ပေးသမားများနှင့်ဆက်သွယ်ကူညီနေသည်ဟု ဘုရားသုံးဆူမြို့၊ ရာဘာခြံသမားများလုံခြုံရေးအဖွဲ့မှ ဒေသခံ (၄) ဦးကို စက်တင်ဘာ (၂၇) ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

    အလားတူ စက်တင်ဘာ (၂၃) ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့ ထားဝယ်စုရပ်ကွက်တွင်နေထိုင်နေသည့် အသက် (၅၆) နှစ်ရှိ မွန်လူမျိုး နိုင်ဗလိုင်ကို ပြန်ပေးသမားနှင့် ပတ်သက်နေသည့် အထောက်အထားများဖြင့် ရာဘာခြံသမားများလုံခြုံရေးအဖွဲ့မှဖမ်းဆီးခဲ့ပြီး မြန်မာအာဏာပိုင်တို့ထံအပ်နှံခဲ့သည်။

    “နိုင်ဗလိုင်က မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်နေတယ်၊ ပြန်ပေးသမားနဲ့ ဆက်သွယ်နေတယ်လို့တော့ ပြောတာပဲ၊ မဖြစ်နိုင်ပါဘူး၊ ဒီလိုသာ ယူဆချက်တွေနဲ့ လိုက်ဖမ်းနေမယ်ဆိုရင် သုံးဆူကလူတွေ ကုန်သွားမှာပေါ့” ဟု မြို့ခံ တစ်ဦးက ပြောသည်။

    စက်တင်ဘာ (၂၆) ရက်နေ့တွင် တိုင်တစ်ရာကျောင်းအနီးတဝိုက်တွင် သစ်ခွဲနေသည့် မသင်္ကာသူ (၂) ဦးကိုလည်း ဖမ်းဆီးလိုက်ပြီးနောက်အထောက်အထားမခိုင်လုံသဖြင့် ပြန်လည်လွှတ်လိုက်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

    “မသင်္ကာသူလို့တော့ ပြောတာပဲ၊ အချို့လူတွေက သူ့ဟာသူ သမာအာဇီဝအလုပ်နဲ့ လုပ်နေတာ၊ ဒါက အာဏာပိုင်တွေက အဖမ်းအဆီးပြနေတာလည်းဖြစ်နိုင်ပါတယ်” ဟု ၄င်းမြို့ခံက ပြောသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ (၂၁) ရက်နေ့တွင် မွန်ပြည်ပြန်လည်တည်ထောင်ရေးတပ်အမည်ဖြင့် ဘုရားသုံးဆူအနီးတဝိုက်တွင် လှုပ်ရှားနေသည့် ပြန်ပေးသမားများက တံဆိပ်တုံးရိုက်နှိပ်ကာ စာရွက်စာတမ်းဖြင့် လုပ်ငန်းရှင် (၂၅) ဦးထံသို့ ဆက်ကြေးငွေ တောင်းခံခဲ့သည်။

    “ငွေတောင်းကိစ္စက အခုအချိန်အထိ ဘာမှမကြားတော့ဘူး၊ ပြန်ပေးအဖွဲ့ကလည်း မလာတော့ဘူး၊ ဒါပေမယ့် အာဏာပိုင်တွေကတော့ မသင်္ကာသူတွေကိုပဲ ဆက်ဖမ်းထားတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    ဘုရားသုံးဆူမြို့တွင် ရာဘာခြံလုပ်သားများနှင့် လုပ်ငန်းရှင်များအား ဆက်ကြေးငွေတောင်းခံခြင်း၊ ပြန်ပေးဆွဲမှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့တွင် မြို့နယ်အာဏာပိုင်များနှင့် ဒေသခံရာဘာခြံလုပ်ငန်းရှင်များ အစည်းအဝေးကျင်းပပြီး ပြန်ပေးအဖွဲ့မှကာကွယ်ရန် ရာဘာခြံသမားများလုံခြုံရေးအဖွဲ့ ဖွဲ့စည်းခဲ့သည်။

    သို့သော် ယခုအချိန်အထိ ပြန်ပေးသမားများအား ခြေရာမခံမဖေါ်ထုတ်နိုင်သေးပဲ မသင်္ကာသူများသာ အဖမ်းခံနေရကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,900SubscribersSubscribe
    spot_img

    Latest posts