Homeသတင်းဘုရားသုံးဆူ အလုပ်သမားများ ရောဂါရှာဖွေစစ်ဆေးနေမှု တစ်ရက်သာကျန်ရှိ

ဘုရားသုံးဆူ အလုပ်သမားများ ရောဂါရှာဖွေစစ်ဆေးနေမှု တစ်ရက်သာကျန်ရှိ

-

မိလယီထော – ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ်၊ ဘုရားသုံးဆူရွာတဝိုက်တွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမား ၃၀၀၀ နီးပါးအတွက် နိုင်ငံတကာကူညီ ကယ်ဆယ်ရေးအသင်းများ ရောဂါရှာဖွေစစ်ဆေးနေမှုမှာ မနက်ဖြန်သောကြာနေ့တွင် ပြီးဆုံးမည်ဟု သိရသည်။

လွန်ခဲ့သည့်တနင်္လာနေ့မှ စတင်ခဲ့ပြီး ထိုင်းနယ်မြေ၊ ဘုရားသုံးဆူရွာတွင် တစ်နေ့လျှင် မြန်မာအလုပ်သမား ၆၀၀ ဦးခန့်အား ရောဂါရှာဖွေစစ်ဆေးမှုကို ပြုလုပ်ပေးနေခြင်းဖြစ်သည်။

“သွေး၊ နှလုံးစစ်ပြီး ဓါတ်မှန်ရိုက်တယ်၊ ဆင်ခြေထောက်ရောဂါလည်းစစ်တယ်၊ နေ့တဝက်လောက်အချိန်ပေးလိုက်ရတယ်” ဟု မြန်မာအလုပ်သမား ကိုဝေမိုးက ပြောသည်။

ယခု ရောဂါရှာဖွေစစ်ဆေးနေမှုမှာ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအသင်းတစ်ခုဖြစ်သည့်
American Refugee Committee (ARC)၊ စံခလပူရီမြို့ နယ်ရှိ World Vision အဖွဲ့ဝန်ထမ်းများနှင့်
ဒေသခံထိုင်းကျန်းမာရေးဝန်ထမ်းတို့ ပူးပေါင်းသည်။

“အဓိကအဖြစ်များတာက ငှက်ဖျားနဲ့ အဆုတ်နာတီဘီရောဂါကို အနည်းအကျဉ်းဆိုသလိုတွေ့ရှိရတယ်၊ ရောဂါဖြစ်ပွားတဲ့လူတွေကို ကုသပေးဖို့ စီစဉ်ပေးပါတယ်” ဟု အဆိုပါရောဂါရှာဖွေသည့်အစီအစဉ်တွင် ပါ၀င်ကူညီနေသူတစ်ဦးက ပြောသည်။

“ကျမက ဒီအဖွဲ့နဲ့ ဒီလိုဆေးစစ်ခဲ့ရတာ သုံးနှစ်သုံးကြိမ်ရှိခဲ့ပါပြီ၊ MSF မှာလည်းကိုယ်ဝန်အပ်ခဲ့ပေမယ့် အခု MSF မရှိတော့ ဘယ်မှာမွေးရမှန်းတောင်မသိဘူး” ဟု ကိုယ်ဝန်ဆောင် မြန်မာအလုပ်သမ မအေးအေးက ပြောသည်။

ARC အဖွဲ့မှ ယခုကဲ့သို့ရောဂါရှာဖွေစစ်ဆေးမှု နှစ်စဉ်ပြုလုပ်ခဲ့သည်ဟု သိရသည်။ သို့ရာတွင် မြန်မာအလုပ်သမားများအတွက် ဆေးဝါးကုသမှုဆောင်ရွက်ပေးခဲ့သော MSF နယ်စည်းမခြားဆေးဝါးကုသရေးအဖွဲ့ ဘုရားသုံးဆူဒေသမှပြန်လည်ထွက်ခွာခဲ့သောကြောင့် မြန်မာအလုပ်သမားများ အခက်ကြုံနေကြရသည်။

“ဒီဘုရားသုံးဆူနယ်စပ်ကအလုပ်သမားတွေ နယ်စပ်နဲ့ထိကပ်နေတော့ တရားဝင်အလုပ်သမားမှတ်ပုံတင် မလိုဘူး၊
စက်ရုံနေရာအထိ လွတ်လွတ်လပ်လပ်သွားလာခွင့်ရှိတယ်၊ ဒါပေမယ့် ထိုင်းအစိုးရကျန်းမာရေးပေါ်လစီအရ အခုလိုရောဂါစစ်ဆေးမှုကိုတော့ တစ်နှစ်တစ်ခါလုပ်ပေးနေရတာပဲ” ကယ်ဆယ်ရေးအဖွဲ့တွင် ပါ၀င်ကူညီနေသူတစ်ဦးက ပြောသည်။

ထိုင်းနယ်မြေရှိ ဘုရားသုံးဆူဒေသ ဖိနပ်စက်ရုံနှင့် အထည်ချုပ်စက်ရုံများတွင် မြန်အလုပ်သမား ၃၀၀၀ ကျော်
အလုပ်လုပ်ကိုင်နေကြသည်ဟု သိရသည်။

 

 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts