Monday, March 9, 2026
More
    spot_img
    Homeသတင်းနယ်စပ်တွင်စိတ်ကြွဆေးပြား ၅၀ တိတိ မွန်ပြည်သစ်ဖမ်းဆီးရမိ

    နယ်စပ်တွင်စိတ်ကြွဆေးပြား ၅၀ တိတိ မွန်ပြည်သစ်ဖမ်းဆီးရမိ

    -

    ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ် မွန်ပြည်သစ်ပါတီလက်အောက်ခံနယ်မြေဖြစ်သည့် ဂျပန်ရေတွင်းကျေးရွာအနီး၌ ယမန်နေ့မွန်းလွဲပိုင်းတွင် ရာဘစိတ်ကြွဆေးပြား ၅၀ ဖမ်းဆီးရမိကြောင်း ဒေသရှိမွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “သူကစိတ်ကြွဆေးဝယ်တဲ့သူတွေဆီကို လာပို့ရင်းနဲ့လမ်းမှာဖမ်းဆီးရမိတယ်” ဟု မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

     စိတ်ကြွဆေးပြားလာရောက်ဝယ်ယူမည့်သူ ဖြောင့်ချက်ပေးနေစဉ်(Photo-NMSP)
    စိတ်ကြွဆေးပြားလာရောက်ဝယ်ယူမည့်သူ ဖြောင့်ချက်ပေးနေစဉ်(Photo-NMSP)

    ၄င်းစိတ်ကြွဆေးသယ်ဆောင်လာသူမှာ မွန်၊ဗမာ၊ ကရင်၊ ထိုင်းစကာပြောကြားတတ်သူ မြန်မာတစ်ဦးဖြစ်ပြီး ဘုရားသုံးဆူမြို့တွင် လက်ရှိနေထိုင်နေသူတစ်ဦးဟုသိရသော်လည်း ပါဝင်ပတ်သက်သူများအား ဆက်လက်ဖေါ်ထုတ်ရန်ရှိသေးသဖြင့် ၄င်း၏အမည်ကို မွန်ပြည်သစ်ပါတီမှ ထုတ်ဖေါ်ပြောပြရန်ငြင်းဆန်ထားသည်။

    ထို့အတူ ၄င်းမူးယစ်ဆေးပြားကိုလာရောက်ဝယ်ယူမည့်သူနှစ်ဦးကိုလည်း ချိန်းဆိုထားသည့်နေရာတွင် မော်တော်ဆိုင်ကယ်ဖြင့်လာရောက်စဉ် ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    ဘုရားသုံးဆူနယ်စပ်တွင် အဆိုပါစိတ်ကြွဆေးပြားများတစ်ပြားလျှင် ဘတ် ၁၁၀ တန်ဘိုးရှိသည်ဟု သိရသည်။

    လွန်ခဲ့သော ဇန်နာဝါရီလ ၁၂ ရက်နေ့၌ ဂျပန်ရေတွင်းရွာအနီး ကြံတောရွာတွင်လည်း စိတ်ကြွဆေးပြား ၂၀၀ နီးပါးနှင့် ဆက်စပ်ထိုင်းဘတ်ငွေ ၂ သောင်းခွဲခန့် ဖမ်းဆီးရမိခဲ့သည်ဟု မွန်ပြည်သစ်ပါတီ တာဝန်ရှိသူက ပြောဆိုခဲ့သည်။

    အလားတူ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင်လည်း ဘုရားသုံးဆူနှင့် စံခလပူရီအကြားရှိ နန်းပကိတ်ဂိတ်တွင် မွန်ဘုန်းကြီးတစ်ပါးထံမှ စိတ်ကြွဆေးပြားပေါင်း (၅၉၂၆) လုံးကိုလည်း ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးရမိခဲ့သည်။

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူနှင့် စံခလပူရီအကြား နယ်စပ်ဖြတ် ကျော်ဂိတ်တွင် စိတ်ကြွးဆေးများ မကြာခဏဖမ်းဆီးရမှု ဖြစ်ပေါ်နေ၍ စိတ်ကြွဆေးရောင်းဝယ် သူများလည်း ဖြတ်သန်းမှုရှိနေသည့် သတင်းကြောင့် ယခုစက်တင်ဘာလဆန်းပိုင်းမှစ၍ စစ်ဆေးရေး ပိုမိုတင်းကြပ်လာနေသည်ဟု နယ်စပ်ဖြတ် ကျော်ခဲ့သူများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks