spot_img
Wednesday, February 12, 2025
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့မှပြည်သူ့စစ်ရိုက်နှက်သဖြင့် ရွာသားဒဏ်ရာရ

    ဘုရားသုံးဆူမြို့မှပြည်သူ့စစ်ရိုက်နှက်သဖြင့် ရွာသားဒဏ်ရာရ

    -

    မိလယီထော – ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ ပြည်သူ့စစ်မှ ပြန်ပေးသမားဟုမသင်္ကာသူနှစ်ဦးကို ဖမ်းဆီးရိုက်နှက်စစ်ဆေးသဖြင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း နီးစပ်သူများက ပြောသည်။

    ဘုရားသုံးဆူမြို့အဝင်ဂိတ်
    ဘုရားသုံးဆူမြို့အဝင်ဂိတ်

    လွန်ခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့တွင် ဘုရားသုံးဆူမြို့ ရပ်ကွက်(၃) နေ သစ်ခုတ်သမား မွန်လူမျိုး ဦးသက်(အသက်- ၅၀ ခန့်) နှင့် မောင်နိုင်(အသက်-၃၀ ခန့်) တို့နှစ်ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    “ဦးသက်က ဒဏ်ရာမပြင်းထန်ဘူးလို့ဆိုရပါမယ်၊ မောင်နိုင် ကျတော့ဒဏ်ရာအတော်ပြင်းထန်ရသွားလို့ နောက်တနေ့မှာ ထိုင်းနိုင်ငံ ကန်ချနပူရီဆေးရုံကို တင်လိုက်ရတယ်၊ အခုအိမ်ပြန်ရောက်ပါပြီ၊ ရေပဲသောက်လို့ရတယ်၊ အစာစားလို့မရသေးဘူး”ဟု နီးစပ်သူတစ်ဦးက ပြောသည်။

    သို့ရာတွင် ဦးသက် ဆိုသူအား ဘုရားသုံးဆူရဲစခန်း၌ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု နီးစပ်သူများပြောကြားခဲ့သော်လည်း ဘုရားသုံးဆူရဲစခန်းမှ ဤအကြောင်းအရာအားရှင်းလင်းပြောဆိုိရန် ငြင်းဆိုပါသည်။

    အထက်ပါဖြစ်စဉ်ကို ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးသည်လည်းကြားသိရကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။
    “မောင်နိုင်ကတော့ မေးရိုးကြိုးသွားတယ်၊ ပြည်သူ့စစ်တွေလက်ချက်နဲ့ သွားတွေမကျန်သလောက်ပါပဲ” ဟု သူနှင့်နီးစပ်သူများက ပြောသည်။

    ဘုရားသုံးဆူမြို့နှင့် အနီးအနားတဝိုက်တွင် ပြန်ပေးသမားများ သောင်းကျန်းနေသဖြင့် မြို့အာဏာပိုင်များနှင့် ဒေသခံရာဘာခြံပိုင်ရှင်များ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခမ်းမ၌ သြဂုတ်လ ၁၀ ရက်နေ့တွင် အစည်းအဝေးကျင်းပခဲ့ပြီး အဆိုပါပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

    လွန်ခဲ့သည့် သြဂုတ်လ ၇ ရက်နေ့တွင် ဘုရားသုံးဆူရပ်ကွက် ၄ မှ ရာဘာခြံပိုင်ရှင်အပါအဝင် ခြံလုပ်သား (၃) ဦးအား အင်အား ၉ ဦးရှိ လက်နက်ကိုင်များပြန်ပေးဆွဲသဖြင့် ဘတ်ငွေငါးသောင်းဖြင့် ရွေးယူခဲ့ရသည်။

    အဆိုပါပြန်ပေးသမားများက မြို့ပေါ်ရှိငွေကြေးတတ်နိုင်သူများနှင့် ရာဘာခြံပိုင်ရှင်များထံ ဆက်ကြေးတောင်းခံထားလျှက်ရှိသည်ဟု ဒေသခံများကပြောသည်။
    ပြန်ပေးကိစ္စကြောင့် ဒေသခံခြံသမားများ ခြံမသွားရဲဖြစ်နေကြသည်ဟု ဘုရားသုံးဆူဒေသခံများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,900SubscribersSubscribe
    spot_img

    Latest posts