spot_img
Monday, June 23, 2025
More
    spot_img
    Homeသတင်းရွေးကောက်ပွဲကော်မရှင်သို့ သွားရောက်တွေ့ဆုံရန် မွန်ပါတီကိုယ်စားလှယ်ပြင်ဆင်

    ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက်တွေ့ဆုံရန် မွန်ပါတီကိုယ်စားလှယ်ပြင်ဆင်

    -

    မင်းသုတ – လာမည့် ဇူလိုင်လ ၂၇ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ သွားရောက်တွေ့ဆုံရန် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP မှ ကိုယ်စားလှယ်နှစ်ဦး ရွေးချယ်ထားကြောင်း ၄င်းပါတီဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။အဆိုပါ ရွေးချယ်ထားသည့် နေပြည်တော်သို့ သွားရောက်မည့် ကိုယ်စားလှယ်နှစ်ဦးမှာ ပါတီဥက္ကဌနိုင်ငွေသိန်းနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်လှခိုင် တို့ ဖြစ်ကြသည်ဟု သိရသည်။

    သကြားထည့်ထားလို့လား ရေ ချိုရအောင်
    ၂၀၁၀ ရွေးကောက်ပွဲဝင်မွန်အမတ်လောင်းအချို့

    “ပါတီပေါင်း ၃၇ ပါတီကို နှစ်ဦးစီခေါ်ထားတယ်၊ ရွေးကောက်ပွဲကော်မရှင်ကနေ ဘာပြောလာမလဲတော့ မသိရသေးဘူး၊ ကျနော်တို့ပါတီအနေနဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲ အားနည်းချက်တွေ မဲမသမာမှုတွေကို ထောက်ပြမယ့်စာတမ်း ပြုစုထားပြီး အဲဒီမှာတင်ပြဖို့ရှိတယ်” ဟု နိုင်ငွေသိန်းက ပြောသည်။

    ၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မွန်ပြည်နယ်၊ကျိုက်မရောမဲဆန္ဒနယ်မှ နိုင်ငွေသိန်းဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရွေးကောက်ပွဲကော်မရှင်၏ ကြိုတင်မဲကိစ္စများတွင် မဲမသမာမှုရှိခဲ့သောကြောင့် သူရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ ထိုကျိုက်မရောမြို့နယ် မဲဆန္ဒနယ်မြေတွင် ‘ကြ့ံခုုိင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ’ အမတ်လောင်းမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌအား ကြိုတင်မဲအနည်းအငယ်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်ပါတီများမှ ကိုယ်စားလှယ်နှစ်ဦးကျစီ ဥက္ကဌ(သို့မဟုတ်) အတွင်းရေးမှူး (သို့မဟုတ်) အလုပ်အမှုဆောင်အဖွဲ့ဝင်တို့ကိုယ်တိုင် ဇူလိုင်လ ၂၇ ရက်၊ နံနက် ၁၀ နာရီတွင် မပျက်မကွက် တက်ရောက်ကြရန် ဖိတ်ကြားထားခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများမှ ရေးသားဖေါ်ပြခဲ့သည်။

    သို့သော် ရွေးကောက်ပွဲကော်မရှင်မှ မည်သည့်ကိစ္စအတွက် အစည်းအဝေးခေါ်သည်ကို အတိအလင်း မဖော်ပြထားပေ။ အစည်းအဝေးတွင် မိမိတို့ဘက်မှ တင်ပြနိုင်သည့်အခွင့်အလမ်း ရှိမရှိသည်ကိုလည်း AMDP မှ အတိအကျ မသိရပေ။

    “ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံပြီးရင် မော်လမြိုင်ပြန်ရောက်တဲ့အခါ ပါတီဗဟိုကော်မတီအစည်းအဝေး ခေါ်ဖို့ စီစဉ်ထားတယ်၊ ဝန်ကြီးတွေဖြစ်သွားတဲ့ ကျနော်တို့ပါတီကအမတ်တွေအနေနဲ့ ကိုယ့်ပါတီရေးရာလုပ်ငန်းတွေအတွက် အချိန်မပေးနိုင်တဲ့ကိစ္စတွေ အဖြေရှာနိုင်ဖို့ကိုလည်း ဆွေးနွေးရပါလိမ့်မယ်” ဟု နိုင်ငွေသိန်းက ပြောသည်။

    ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ရွေးကောက်ပွဲ၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP အမတ်လောင်း ၃၄ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၁၆ ဦးအနိုင်ရရှိခဲ့သည်။

    မွန်ပါတီ AMDP မှ မွန်ပြည်နယ်အစိုးရအဖွဲ့၌ ဝန်ကြီးနှစ်ဦးနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့များတွင် ဝန်ကြီးနှစ်ဦးစီ လက်ရှိ ပါဝင်လျှက်ရှိနေသည်။

    ပြည်ထောင်စုအစိုးရတွင်ဖြစ်စေ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများတွင် အခြားသော ဒီမိုကရေစီနိုင်ငံများနှင့် မတူည႘ပဲ အနိုင်ရပါတီ ‘ကြံံ့ခိုင်ရေးပါတီ’ မှ အစိုးရဖွဲ့ သည့် ပုံစံ မဟုတ်ပဲ အခြားသောအတိုက်အခံပါတီအမတ်များကို ထည့်သွင်းဖွဲ့စည်းကာ အတိုက်အခံနိုင်ငံရေးအမြင် လျော့ပါးသွားအောင် ဆောင်ရွက်ခဲ့သည်ဟု နိုင်ငံရေးပညာရှင်များ သုံးသပ်ခဲ့သည်။

    ပြည်တွင်းရွေးကောက်ပွဲ လေ့လာသည့် အဖွဲ့အစည်းများ၏ အစီရင်ခံစာနှင့် သတင်းအဖွဲ့ များ၏ သတင်းပေးပို့ ချက်များအရ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်သည် အဓိက ‘ကြံ့ခိုင်ရေးပါတီ’ မှ အနိုင်ရရှိရန် ကြိုတင်မဲ အများအပြားကို စုဆောင်းပေးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,400SubscribersSubscribe
    spot_img

    Latest posts