spot_img
Sunday, October 12, 2025
More
    spot_img
    Homeသတင်းWatana ဖိနပ်ရုံအလုပ်သမားများကိုလည်းတစ်နေ့ ၁၅ ဘတ်တိုးပေးပြီ

    Watana ဖိနပ်ရုံအလုပ်သမားများကိုလည်းတစ်နေ့ ၁၅ ဘတ်တိုးပေးပြီ

    -

    ဂျူရီချိုင်း – လုပ်အားခတိုးမြှင့်ပေးရန် ဆန္ဒပြသည့် ဖိနပ်စက်ရုံ အလုပ်သမား ၃၀၀ ခန့်အား Watana ဖိနပ်ရုံအလုပ်ရှင်က တစ်နေ့လုပ်ခ ၁၅ ဘတ်တိုးပေးလိုက်သဖြင့် ယနေ့တွင် အလုပ်ပုံမှန်ပြန်ဆင်းနေကြကြောင်း သိရသည်။

    ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နယ်၊ ဘုရားသုံးဆူရွာအနီးရှိ Watana Footwear Co., Ltd. ဖိနပ်စက်ရုံမှ အလုပ်သမား ၃၀၀ ခန့်က လုပ်အားခ တိုးမြှင့်ပေးရေးအတွက် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

    တစ်ခြားစက်ရုံတွေ ဘတ်ငွေ ၁၅ ကိုတိုးပေးနေကြပြီး၊ ကျနော်တို့ စက်ရုံပဲမတိုးပေးဘူး၊ အဲဒါတခြားစက်ရုံက အလုပ်သမားတွေ လုပ်ခနည်းတူပေးဖို့ အလုပ်ရှင်ကို တောင်းဆိုလိုက်တယ်၊ အခု ကျွန်တော်တို့ တောင်းဆိုထားတဲ့အတိုင်း တစ်နေ့လုပ်ခ ဘတ် ၁၅ တိုးပေးဖို့ကို အလုပ်ရှင်က သဘောတူလိုက်တယ်” ဟု အလုပ်သမားခေါင်ဆောင်တစ်ဦးက ပြောသည်။

     

    ဖိနပ်စက်ရုံအလုပ်သမားများအလုပ်ခွင်သို့လာရောက်နေပုံ

    ဆန္ဒပြအလုပ်သမားများနှင့် စက်ရုံအလုပ်ပိုင်ရှင်အကြား ဘုရားသုံးဆူဒေသ၊ ထိုင်းမြန်မာနယ်ခြားကော်မတီမှ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဝင်ရောက်ညှိနှိုင်းပေးခဲ့သဖြင့် ယင်းကဲ့သို့သဘောတူညီမှုရရှိခဲ့ကြောင်း အလုပ်သမားများက ပြောသည်။

    အဆိုပါဖိနပ်အလုပ်ရုံသည် ၁၅ ရက်တွင်တကြိမ် အလုပ်သမားစရိတ်ရှင်းပေးခဲ့ရာတွင် အလုပ်သမားတစ်ဦးလျှင်အများဆုံး ဘတ် ၁၅၀၀ ခန့်သာရရှိတတ်ပြီး ယခုနှစ် ကုန်စျေးနှုန်းတိုးမြင့်လာခြင်းကြောင့် လုပ်အားခပိုမိုတိုးမြင့်ပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု သိရသည်။

    အလုပ်ရှင်က ၁၅ ဘတ်တိုးပေးခြင်းမှာ အလုပ်သမားများအတွက် အပိုအလျှံငွေများ အဆင်ပြေမှုမရှိသော်လည်း စားဝတ်နေရေးပြေလည်ရေးအတွက်သာ အလုပ်ပြန်ဆင်းနေကြကြောင်း အလုပ်သမားအမျိုးသမီးတစ်ဦးက ပြောသည်။

    အလုပ်ရှင်က ၁၅ ဘတ်တိုးပေးတာဆိုတော့ အိမ်ငှားခနဲ့ စားစရိတ်လောက်ပဲ ပြေလည်မယ်လေ၊ ဒါတောင်မှ ရေခ၊ မီးခတွေမပါသေးဘူး အပိုငွေတော့မရှိဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

    စားဝတ်နေရေးမပြေလည်မှုကြောင့် ပြီးခဲ့သည့်ဇူလိုင်လ ၁၂ ရက်နေ့တွင် Watana Footwear Co., Ltd. ဖိနပ်စက်ရုံမှ အလုပ်သမား ၃၀၀ ခန့်အား လုပ်အားခတန်းတူပေးရန် ဆန္ဒပြတောင်းဆိုခဲ့ရာ နှစ်ဖက်ပြေလည်အောင် ချက်ချင်းမညှိနှိုင်းနိုင်ခဲ့သဖြင့် အလုပ်ရုံ ၃ ရက်ပိတ်ခဲ့ရခြင်းဖြစ်သည်။

    ထိုင်းနိုင်ငံရှိဘုရားသုံးဆူဒေသတဝိုက်တွင် ဖိနပ်အလုပ်ရုံနှင့် အထည်ချုပ်စက်ရုံ ၃၀ နီးပါးရှိပြီး မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့မှ လုပ်သား ၄၀၀၀ ကျော်ခန့် နေ့စဉ်ဝင်ရောက် အလုပ်လုပ်ကိုင်လျှက်ရှိသည်။

    ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်အတွင်းရှိ အလုပ်သမားတစ်ဦးလျှင် အလုပ်လုပ်ချိန် ၈ နာရီအတွက်လုပ်အားခ ၁၈၁ ဘတ်သတ်မှတ်ထားကြောင်း ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts