Homeသတင်းမလေးရှားတွင်မွန်နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲကျင်းပ

မလေးရှားတွင်မွန်နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲကျင်းပ

-

မင်းသုတ – အကျဉ်းကျခံနေရဆဲ မွန်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဆုတောင်းပွဲနှင့် ရဟန်းသံဃာတော်များအားဆွမ်းအလှူကျွေးပွဲတရပ်ကို မလေးရှားနိုင်ငံရောက်မွန်အမျိုးသားများ ယမန်နေ့တွင် ကွာလာလမ်ပူမြို့တနေရာ၌ ကျင်းပခဲ့ကြသည်။

 မလေးရှားတွင်မွန်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဆုတောင်းပွဲကျင်းပနေပုံ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
မလေးရှားတွင်မွန်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဆုတောင်းပွဲကျင်းပနေပုံ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

ယင်းအခမ်းအနားသို့ မလေးရှားနိုင်ငံရှိ မွန်ဒုက္ခသည်ကယ်ဆယ်ရေးအသင်း၊ မွန်လူငယ်အသင်းနှင့် ကျောင်းသူကျောင်းသား ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း ပါဝင်လှုပ်ရှားခဲ့သူ နိုင်ဥက္ကာက ပြောသည်။

“အဓိကရည်ရွယ်ချက်က မွန်အမျိုးသားအကျိုးအတွက် လုပ်ဆောင်ရင်း အကျဉ်းကျခံထားရတဲ့ မွန်နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ဒီကနေ့မွန်လူငယ်မောင်မယ်တွေ သိလာစေဖို့ပါ” ဟု မလေးရှားမွန်ကယ်ဆယ်ရေးအသင်းနှင့် မွန်လူငယ်အသင်း အထွေထွေအတွင်းရေးမှူး နိုင်ဥက္ကာက ပြောသည်။

အထူးသဖြင့် ယင်းအခမ်းအနားတွင် လက်ရှိမြန်မာအကျဉ်းထောင်ကျခံနေရသူ နိုင်ယက္ခ၊ မင်းမျိုးသွေးနှင့် မွန်ရဟန်းပျိုအရှင်ဥက္ကံသတို့၏အထုပ္ပတ္တိများကို မွန်ကျောင်းသားကျောင်းသူများ ဖတ်ကြားတင်ပြခဲ့သည်ဟု သိရသည်။

နိုင်ယက္ခသည်အင်းစိန်ထောင်တွင်၄င်း၊ မင်းမျိုးသွေးသည် သာယာဝတီထောင်တွင်၄င်း အကျဉ်းကျခံနေရဆဲဖြစ်ပြီး ယခုအခမ်းအနားကျင်းပသည့်နေ့သည် ၄င်းတို့၏ ၈ နှစ်ပြည့် အဖမ်းအဆီးခံရသည့်နေ့ ဖြစ်သည်။ ထို့အတူ မွန်ရဟန်းပျိူ အရှင်ဥက္ကံသသည်လည်း NO 2010 လှုပ်ရှားမှုဖြင့် အင်းစိန်ထောင်မှတဆင့် ပုသိမ်ထောင်သို့ပြောင်းရွေ့အကျဉ်းကျခံနေရဆဲဖြစ်သည်။

ဇူလိုင်လ ၁၇ ရက်၊ ၂၀၀၃ – ခုနှစ်တွင် မွန်ပြည်သစ်ပါတီခရိုင်ကော်မတီဝင်အဆင့်ရှိ မင်းနေဝင်း(ခေါ်) နိုင်ယက္ခနှင့် ဗိုလ်ကြီးမင်းမျိုးသွေးတို့နှစ်ဦးအား ရန်ကုန်မြို့တနေရာ၌ မြန်မာစစ်အစိုးရထောက်လှမ်းရေးတို့၏ အကွက်ဆင်ဖမ်းဆီးခြင်းကိုခံခဲ့ကြရပြီး ဗုံးခွဲရန်ကြံစည်သည်ဟုစွပ်စွဲကာ သေဒဏ်မှ နောက်ပိုင်းတွင် ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲချမှတ်ခံခဲ့ရသည်။

“နိုင်ယက္ခကိုတော့ မျိုးချစ်ပုဂ္ဂိုလ်တစ်ယောက် ဒီလိုပဲရိုးရိုးမြင်တယ်၊ လူငယ်တွေရဟန်းတွေကို မျိုးချစ်စိတ်ရှင်သန်အောင် နိုင်ငံရေးသဘောတရားနားလည်လာအောင်

လုပ်ဆောင်တဲ့နေရာမှာ စည်းရုံးရေးအားကောင်းတယ် ဒါကိုသဘောကျတယ်” ဟု နိုင်ဥက္ကာ ဆက်ပြောသည်။

ထို့အတူ တိုးတက်သောမွန်လူငယ်အစည်းအရုံး MYPO မှလည်း ထိုင်းမြန်မာနယ်စပ်တနေရာ၌ အလားတူဆွမ်းကျွေးပွဲအခမ်းအနားတရပ် ယမန်နေ့တွင်ကျင်းပခဲ့သည်ဟု သိရသည်။

 

 

 

ဆက်စပ်သတင်း

1 COMMENT

  1. မင်းတို့တတွေ အဲသလိုမျိုးသွေးခွဲတာတွေလုပ်နေတာကြောင့် မင်းတို့လိုကောင်စားတွေဟာ လူမျိုးစုုအားလုံးတန်းတူရည်တူသွေးစည်းညီညွတ်ရေးနဲ့ မထိုက်တန်တဲ့ကောင်တွေဆိုတာကို ပြနေတာပါပဲ။ ကြပ်ကြပ်လုပ် စစ်အာဏာရှင်ကမင်းတို့ကို ဖင်ပါမချဘူးပါးစပ်ကိုပါချလိမ့်မယ်။

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts