Homeသတင်းစိုက်ပျိုးစရိတ်ချေးပေးငွေ နှုန်းထားနည်းပါးနေမှုကြောင့် လယ်ဧကနည်းသူများ ချေးယူဖို့စိတ်မပါ

စိုက်ပျိုးစရိတ်ချေးပေးငွေ နှုန်းထားနည်းပါးနေမှုကြောင့် လယ်ဧကနည်းသူများ ချေးယူဖို့စိတ်မပါ

-

မင်းတော်လ၀ီ – မွန်ပြည်နယ်ရှိ စပါးစိုက်ပျိုးရန် လိုအပ်သည့်စိုက်ပျိုးစရိတ်ကို မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ ငွေထုတ် ချေးပေးနေသော်လည်း ကုန်ကျစရိတ်အပြည့််အဝ မထုတ်ချေးပေးနိုင်၍ လယ်ဧကများသည့် လယ်သမားများကငွေယူပြီး လယ်ဧကနည်းသည့်လယ်သမားများက ငွေချေးမယူကြဟု သိရသည်။

လယ်သမားများ ကောက်စိုက်နေစဉ်(ဓါတ်ပုံ။ AP)
လယ်သမားများ ကောက်စိုက်နေစဉ်(ဓါတ်ပုံ။ AP)

“မိုးစပါးတစ်ဧကကုန်ကျစရိတ်က တစ်သိန်းနီးပါးပါ၊ စိုက်ခသက်သက်ကို ၅ သောင်းကျော် တယ်၊ ချေးပေးငွေ ကျပ် ၂၀၀၀၀ လောက်နဲ့ အနည်းအကျဉ်းပဲ အထောက်အကူဖြစ်မှာ၊ တချို့လယ်သမားတွေက အရှုပ်မခံချင်လို့ မယူတာ၊ ဧကနည်းလယ်သမားတွေမယူတာ များတယ်၊ တို့လည်း မယူဘူး” ဟု ဧက ၅၀ ကျော် ကော့ပရံ ကွင်းမှာ မိုးစပါး လုပ်နေသူ မွန်ပြည်နယ်၊ မုဒုံမြို့မှလယ်သမားတဦးက ပြောသည်။

မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ စိုက်စရိတ်ချေးငွေကို လယ်သမားများလိုအပ်ချက်အတိုင်း ထုတ်ချေးပေးနိုင်ခြင်းမရှိသည့်အပြင် လိုအပ်သည့် အချက်အလက်များ၊ ထောက်ခံချက်များကိုလည်း လွယ်ကူလျှင်မြန်စွာ မရရှိနိုင်သည့်အတွက် လယ်ဧကနည်းပါးသူလယ်ရှင်များ အဆိုပါချေးငွေမယူဖြစ်ဟု လယ်သမားများထံမှ သိရသည်။

“တစ်ဧကမှကျပ် ၂၀၀၀၀ ပေးတာကိုထုတ်လိုတဲ့အခါ အဆင့်ဆင့်တင်ရတယ်၊ အခက်အခဲ လည်းရှိတယ်၊ မြို့နယ်ရုံးကို သွားထုတ်တော့လည်း တရက်နဲ့ ရရင်တော်သေးတယ်၊ မရရင် ကုန်ကျစရိတ်ပိုကြီးတယ်၊ တို့မှာ သုံးဧကထဲရယ်၊ ဒါ့ကြောင့်မယူတာ” ဟု မွန်ပြည်နယ်၊ ကျိုက္မရောမြို့နယ်၊ ကလိုင်းကနိုင်ရွာလယ်သမားတဦးက ပြောသည်။

ယခင်နှစ်များတွင် စိုက်ဘဏ်အဖွဲ့က ရွာအထိဆင်းလာပြီး ငွေချေးပေးလေ့ရှိသော်လည်း အခုအချိန်မှာလယ်သမားကိုယ်တိုင် မြို့နယ်စိုက်ဘဏ်ရုံးသို့ထုတ်ယူရာမှာ ရုံးနှင့်မရင်းနှီးသည့် လယ်သမားများမှာ အခက်အခဲနှင့်ရင်ဆိုင်ရမှာကိုစိုးရိမ်ပြီး ငွေမချေးယူသူများရှိသည်ဟု အထက်ပါ လယ်သမားက ဆက်ပြောသည်။

ထို့အပြင် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် ရုံးစိုက်ရာမြို့ပေါ်သို့ ငွေသွားထုတ်သည့်အခါ လိုအပ်သည့် အချက်အလက်ပြည့်စုံရမည်၊ ကိုယ်စားထုတ်ခွင့်မရှိသည့်အပြင် လယ်သမားအစုအဖွဲ့ (၅) ဦးတတွဲနှင့် လယ်သမားကိုယ်တိုင် ထုတ်မှလည်းရရှိနိုင်သည် ဟု ပြည်နယ်မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် မော်လမြိုင်မြို့မှ ဝန်ထမ်းတဦးက ပြောသည်။

“စိုက်ဘဏ်ချေးငွေက ငွေကျပ်တစ်ရာကို တနှစ် ၁၇ ရာနှုန်းပါ၊ တစ်ဧကကိုကျပ် ၂၀၀၀၀ နဲ့ အများဆုံး ၁၀ ဧကကို ကျပ် ၂ သိန်းပဲချေးပေးတယ်၊ တနိုင်ငံလုံးအတိုင်းအတာအရ ဒီလိုပဲချေးပေးနေတာဖြစ်တယ်” ဟု အထက်ပါ ဝန်ထမ်းက ပြောသည်။

တဖန် မြန်မာတစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများလိုအပ်သော လယ်ယာသုံးစက်ကိရိယာများ ၀ယ်ယူရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ငွေကျပ်သန်းပေါင်း ခြောက်ထောင်ကျော် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts