Homeသတင်းလုပ်အားခတိုးမပေးသောဖိနပ်ရုံအား အလုပ်သမား ၃၀၀ ခန့် ဆက်လက်ဆန္ဒပြတောင်းဆို

လုပ်အားခတိုးမပေးသောဖိနပ်ရုံအား အလုပ်သမား ၃၀၀ ခန့် ဆက်လက်ဆန္ဒပြတောင်းဆို

-

ဂျူရီချိုင်း –  ထိုင်း-မြန်မာနယ်စပ်၊ စံခလပူရီမြို့နယ် ဘုရားသုံးဆူရွာအနီးရှိ Watana Footwear Co., Ltd. ဖိနပ်စက်ရုံ အလုပ်သမား ၃၀၀ ခန့်အား အခြားအလုပ်ရုံနည်းတူတစ်နေ့ ၁၅ ဘတ်လုပ်အားခမတိုးပေးသဖြင့် ယနေ့နံနက်ပိုင်းတွင် ထပ်မံဆန္ဒပြတောင်းဆိုခဲ့ကြောင်း ဆန္ဒပြအလုပ်သမားများခေါင်းဆောင် ကိုတိုးမောင်က ပြောသည်။  

“တစ်ခြားဖိနပ်ရုံတွေ လုပ်ခတိုးပေးနေပြီး ဒီတစ်ရုံပဲ မတိုးပေးနိုင်ဘူးဆိုရင် ကျွန်တော််တို့ထွက်မယ် တစ်ခြားအလုပ်ရုံမှာ အလုပ်ပြောင်းလုပ်မယ်” ဟု သူကပြောသည်။

ဆန္ဒပြတောင်းဆိုခြင်းမှာ အခြားဖိနပ်စက်ရုံမှ အလုပ်သမားများ လုပ်အားခနည်းတူ တစ်နေ့ဘတ် ၁၅ တိုးပေးရေး၊ ကမ္ဘာ့အလုပ်သမားအချိန် ၈ နာရီသတ်မှတ်ပေးရေးနှင့် အလုပ်သမားများသောက်သုံးရေကို သောက်ရေသန့်အဖြစ်ရရှိရေးကို အလုပ်ရှင်ထံ ယခုလိုဆန္ဒပြ တောင်းဆိုလိုက်ခြင်းဖြစ်သည်ဟု  သူကဆက်ပြောသည်။

စက်ရုံအလုပ်သမားများ အလုပ်ခွင်မှ ပြန်လာပုံ
စက်ရုံအလုပ်သမားများ အလုပ်ခွင်မှ ပြန်လာပုံ

ဆန္ဒပြတောင်းဆိုမှုနှင့်ပက်သက်ပြီး Watana Footwear Co., Ltd. ဖိနပ်စက်ရုံမှ အလုပ်လုပ်နေသည့်အလုပ်သမားများ ယနေ့တွင် မည်သူမှ အလုပ်မဆင်းကြကြောင်း သိရသည်။

၎င်းစက်ရုံသည် ယနေ့မှစ၍ သုံးရက်ဆက်တိုက် ပိတ်သွားမည်ဖြစ်ကြောင်း ပြန်ဖွင့်မည့်ရက်တွင် အလုပ်ဆင်းသည့်အလုပ်သမားများအား ယခင်နှုန်းအတိုင်းသာ ပေးသွားမည်ဟုလည်း အလုပ်ရှင်ကပြောထားကြောင်း အလုပ်သမ မဝေမိုး ကပြောသည်။

ဆန္ဒပြခဲ့သည့်အလုပ်သမားများနှင့် အလုပ်ရှင်တို့ နှစ်ဖက်ပြေလည်သွားရန် ဘုရားသုံးဆူဒေသ ထိုင်းမြန်မာနယ်ခြားကော်မတီမှ လာရောက်ညှိနှိုုင်းဖြေရှင်းပေးမည်ဟု မြန်မာအရာရှိများ ပြောကြားသော်လည်း ယနေ့အထိ ဆောင်ရွက်ပေးခြင်းမရှိသေးသည်ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်တွင် Basini Enterprise Co., Ltd ဖိနပ်အလုပ်ရုံနှင့် အခြားဖိနပ်ရုံ ၃ ရုံမှ အလုပ်သမား၂၀၀၀ ကျော်ခန့် လုပ်ခတိုးပေးရန် အလုပ်ရှင်များထံ ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြခဲ့သည့် Basini Enterprise Co., Ltd ဖိနပ်အလုပ်ရုံမှ အလုပ်သမားများအား ပြီးခဲ့သည့် စနေနေ့က တစ်နေ့ဘတ် ၁၅ ဖြင့် အလုပ်ရှင်က လုပ်အားခတိုးပေးခဲ့သဖြင့် အလုပ်သမားများ အလုပ်ပုံမှန် ပြန်ဆင်းနေပြီဖြစ်ကြောင်း မြန်မာအလုပ်သမားခေါင်းဆောင်ကိုအောင်မြင့်ဦးက ပြောသည်။

ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူဒေသတဝိုက်တွင် ဖိနပ်အလုပ်ရုံနှင့် အထည်ချုပ်စက်ရုံ ၃၀ နီးပါးရှိပြီး မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့မှ လုပ်သား ၄၀၀၀ ခန့် နေ့စဉ်ဝင်ရောက် အလုပ်လုပ်ကိုင်လျှက်ရှိသည်။

 

 

 

 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts