spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ဘက်မှာ လုံခြုံရေးတင်းကြပ်

    မွန်ပြည်နယ်ဘက်မှာ လုံခြုံရေးတင်းကြပ်

    -

    နိုင်မာန်၊ ဟောင်ဒိန်း – ကချင်ပြည်နယ်ဘက်မှာဖြစ်ပွားနေသည့် တိုက်ပွဲအရှိန်ကြောင့်နှင့် ဖောက်ခွဲရေးသမားများ ဝင်လာမှုရှိနေသည့်သတင်းကြောင့် မွန်ပြည်နယ်အတွင်းသို့ စစ်တပ်လုံခြုံရေးဂိတ်များ တိုးပွားလာပြီး စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း မွန်ဒေသခံတို့က ပြောသည်။ 

    မော်လမြိုင်မြို့နယ်ရှိ ရိုးဂိုးစစ်ဆေးရေးဂိတ်
    မော်လမြိုင်မြို့နယ်ရှိ ရိုးဂိုးစစ်ဆေးရေးဂိတ်

    “ဒီလအတွင်းမှာပဲ အဲဒီဂိတ်တွေ ထပ်တိုးလာတယ်၊ စစ်သားတွေကြီးပဲ ဂိတ်လိုမျိုးပဲ ဒါပေမယ့် သွားလာနေတဲ့ ကားတွေ လူတွေကိုတော့ စစ်ဆေးမှုတော့မပြုဘူး၊ ထူးတော့ ထူးတယ်” ဟု စစ်တပ်မှ လုံခြုံရေးဂိတ် ထပ်တိုးချဲ့ထားသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သူ မုဒုံမြို့ခံတစ်ဦးက ပြောသည်။

    စစ်တပ်မှာ ထပ်မံတိုးချဲ့ထားသည့် ဂိတ်များမှာ တစ်ဂိတ်လျှင် စစ်သားအင်အား ၃၀ နှင့် ၄၀ ကြားရှိပြီး၊ လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူထားသည့် ဂိတ်များမှာ သဲအိတ်များဖြင့် ကတုတ်ကျင်း ပြုလုပ်ထားလည်းရှိသည်ဟု အထက်ပါ မုဒုံမြို့ခံက ပြောသည်။

    ယခင် မည်သည့်ဂိတ်မှမရှိသည့် မုဒုံမြို့အဝင် ညောင်ကုန်းလမ်းဝရှိ ငါးပျံတောင်ဘုရားအဝင်လမ်းဝ၊ မော်လမြိုင်မြို့အဝင် ဖားအောက်လမ်းဝမရောက်ခင် ဘီးခွန်ကောက်ခံနေသည့်ဂိတ်နေရာနှင့် သံဖြူဇရပ်မြို့နယ် ဝဲကလီ ခြေလျှင်တပ်ရင်းအဝင်လမ်းဝများမှာ စစ်သားများသာ စောင့်သည့် လုံခြုံရေးဂိတ် သုံးနေရာ ထပ်တိုးချဲ့ထားကြောင်းသိရသည်။

    ထပ်တိုးလာသည့် စစ်တပ်လုံခြုံရေးဂိတ်များမှာ ခရီးသွားများ၊ မော်တော်ကား၊ ဆိုင်ကယ်များကို စစ်ဆေးမေးမြန်းခြင်းမရှိဟုဆိုသော်လည်း ဖောက်ခွဲရေးနှင့် ပတ်သက်သည့် မသင်္ကာစရာများရှိလာသည့်အခါ စစ်ဆေးမှုပြုလေ့ရှိသည်။

    ဖောက်ခွဲရေးသတင်းကြောင့် လုံခြုံရေးတိုးလာသော်လည်း မွန်ပြည်သစ်ပါတီအသိုင်းအဝိုင်းက ယခုလို စစ်တပ်အင်အားဖြင့် လုံခြုံရေးဂိတ်များ တိုးလာခြင်းအပေါ် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေသည့် တိုက်ပွဲအရှိန်ကြောင့်လို့ သုံးသပ်နေကြသည်။

    “ကချင်ဘက်မှာ တိုက်နေတဲ့ တိုက်ပွဲအရှိန်တွေကြောင့် လုံခြုံရေးတော့ တိုးချဲ့လာမှာပဲ အဲဒီတိုက်ပွဲတွေသာ လျော့မသွားဘူးဆိုရင် တပြည်လုံး ပြန့်သွားဖို့ရှိတယ်၊ ဒါကြောင့် သူတို့ (မြန်မာအစိုးရ) တွေက ကြိုတင်တဲ့အနေနဲ့ လုံခြုံရေးတွေ တိုးချဲ့ထားတာဖြစ်နိုင်တယ်” ဟု မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် အတွင်းရေးမှူ နိုင်ထွန်းရက ပြောသည်။

    ပြည်တွင်းသို့ ဖောက်ခွဲရေးသမားများ ဝင်ရောက်မှုရှိနေတယ်ဆိုပြီး ထောက်လှန်းရေးမှ သတင်းဖြန့်ထားကြောင့် မြို့ပေါ်ရှိ စျေးသူ စျေးသားများအပါအဝင် မြို့ခံများ ထိန့်လန့်ကြောက်ရွံ့နေကြသည်။ မော်လမြိုင်မြို့ပေါ်တွင် ညပိုင်း ရဲ၊ ထောက်လှန်းရေးများ လှည့်လည်မှုများ ရှိနေသည်။

    “ခလေးတွေ ကျောင်းမှာရှိနေလည်း စိတ်ပူရတာပဲ၊ ဘာမှဖြစ်မလာရင်တော့ ကောင်းတာပေါ့ တကယ်လို့ ဗုံးဖောက်မယ် ဘာညာဆို ခလေးတွေ ဘယ်သွားယူလို့မီမလဲ” ဟု မော်လမြိုင်မြို့ခံ ကျောင်းသားမိခင်တစ်ဦးက ပြောသည်။

    ကချင်မှာဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် မကြာခင်မှာလည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့မှာ ပါဝင်သည့် အဖွဲ့များအား ကူးစက်နိုင်ဖွယ်ရှိကြောင်း မွန်နိုင်ငံရေးခေါင်းဆောင်အများစု တွက်ချက်ထားသည်။ ထိုမှတဆင့် တိုက်ပွဲများ တပြည်လုံး ကူးစက်ပြန့်နှံ့သွားနိုင်ကြောင်း သုံးသပ်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks