Homeသတင်း၃ နှစ် ဆက်တိုက် မွန်ပြည်နယ် အောင်ချက် အကောင်းဆုံး

၃ နှစ် ဆက်တိုက် မွန်ပြည်နယ် အောင်ချက် အကောင်းဆုံး

-

လွတ်လပ်သော မွန်သတင်း အေဂျင်စီ -၂၀၁၀ – ၂၀၁၁ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ မြန်မာတနိုင်ငံလုံး၏ အောင်ချက် အကောင်းဆုံးကို မွန်ပြည်နယ်က ထပ်မံ ရရှိခြင်းကြောင့် ၃ နှစ် ဆက်တိုက် အောင်ချက် အကောင်းဆုံး ရရှိခြင်း ဖြစ်သည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မွန်ပြည်နယ်က နှစ်စဉ်ကဲ့သို့ အောင်ချက် အကောင်းဆုံး ရရှိခဲ့သော်လည်း ၂၀၀၇ – ၂၀၀၈ ပညာသင်နှစ် တနှစ်တည်းသာ လွဲချော်ခဲ့ကြောင်း သံဖြူဇရပ်မြို့ အထက (၁) မှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးချစ်က ပြောသည်။

အမှတ် (၂) သံဖြူဇရပ်မြို့ အထက်တန်းကျောင်း
အမှတ် (၂) သံဖြူဇရပ်မြို့ အထက်တန်းကျောင်း

“အခုလို အောင်ချက် ကောင်းတာကတော့ အဓိကက သုံးဖက်လုံး ကြိုးစားလို့ပါပဲ၊ မိဘတွေရဲ့ အားပေးမှု၊ ဆရာ/ဆရာမ တွေရဲ့ သွန်သင်မှု၊ ကျောင်းသားတွေရဲ့ ကြိုးစားမှု အားလုံးညီညွတ်လို့ အခုလို အောင်ချက်အကောင်းဆုံး ရတာပါ” ဟု ဆရာကြီးက ပြောသည်။

အောင်ချက် ဒုတိယ အကောင်းဆုံးကို တနင်္သာရီတိုင်း နှင့် တတိယ ကချင်ပြည်နယ်တို့ အသီးသီး ရရှိကြပြီး ချင်းပြည်နယ်က အောင်ချက် အနည်းဆုံး ဖြစ်သည်။

မွန်ပြည်နယ် မြို့နယ်အလိုက် အောင်ချက် အကောင်းဆုံးမှာ မုဒုံမြို့နယ် ဖြစ်ပြီး ဒုတိယနှင့် တတိယကို သံဖြူဇရပ်နှင့် မော်လမြိုင်မြို့နယ်များက အသီးသီး ရရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts