spot_img
Saturday, September 13, 2025
More
    spot_img
    Homeသတင်းအင်တာနက်မှ တစ်ဆင့် VoIP နိုင်ငံခြား ခေါ်ဆိုခွင့် မပြုသော်လည်း ခေါ်ပေးနေဆဲ

    အင်တာနက်မှ တစ်ဆင့် VoIP နိုင်ငံခြား ခေါ်ဆိုခွင့် မပြုသော်လည်း ခေါ်ပေးနေဆဲ

    -

    မိကျဲဂို – အများသုံး အင်တာနက်ဆိုင်များမှ ပြည်ပသို့ ဖုန်းခေါ်ဆိုမှု မပြုလုပ်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ညွန်ကြားချက် ထုတ်ပြန်ထားသော်လည်း VoIP call များကို အင်တာနက်ဆိုင်များတွင် ဆက်လက် ခေါ်ပေးနေကြောင်း သိရသည်။

    VoIP အင်တာနက်ဖုန်း ဆက်သွယ်သည့် စနစ်
    VoIP အင်တာနက်ဖုန်း ဆက်သွယ်သည့် စနစ်

    “အင်တာနက်ဆိုင် အများစုက အင်တာနက်ကနေ ပြည်ပကို ဖုန်းခေါ်တဲ့ အပေါ်မှာ မှီခိုနေတယ်လေ။ အဲဒီလို ကြေညာချက် ထုတ်ထားပေမဲ့လည်း ဆက်တဲ့လူရှိရင် ဆိုင်ရှင်တွေက အခုထိ ပြည်ပကို ဆက်ပေးပါတယ်။ မသိချင် ယောင်ဆောင်ပြီးတော့ လုပ်ပေးနေတယ်” ဟု ရန်ကုန် နှင့် မော်လမြိုင်ရှိ အင်တာနက်ဆိုင်များတွင် VoIP call ခေါ်ဆိုပေးသည်ကို ကိုယ်တိုင်တွေ့ မြင်ခဲ့သည့် မော်လမြိုင်မြို့ခံ တဦးက ပြောသည်။

    မတ်လ ၁၀ ရက်နေ့ထုတ် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ကြေညာချက်တွင် အင်တာနက်ဆိုင်များမှ နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုမှု မပြုလုပ်ရန် မြို့နယ်များသို့ အကြောင်းကြားထားပြီး၊ မလိုက်နာပဲ ဖေါက်ဖျက််ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

    VoIP call ခေါ်ဆိုမှု များပြားလာခြင်းကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တရားဝင် နိ်ုင်ငံခြား ခေါ်ဆိုမှုများ ကျဆင်းလာပြီး၊ နိုင်ငံတော်၏ ဝင်ငွေထိခိုက်သည်ဟု အဆိုပါ အသိပေး ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

    အင်တာနက်ဆိုင်များတွင် အင်တာနက် ၁ နာရီ သုံးခမှာ ၅၀၀ ကျပ် မှ ၈၀၀ ကျပ် အတွင်း ရှိပြီး အင်တာနက်မှ ပြည်ပသို့ ဖုန်းခေါ်ဆိုနှုန်းမှာ စင်ကာပူနိုင်ငံသို့ ၁ မိနစ်လျှင် ၁၀၀ ကျပ်၊ မလေးရှားနိုင်ငံသို့ ၂၀၀ ကျပ် ဖြစ်သည်။ ပြင်ပတယ်လီဖုန်း ဆက်သွယ်ရေးဆိုင်များထက် သုံးပုံ တပုံခန့်သာ ကုန်ကျသည်။

    အင်တာနက် ဆိုင်ရှင် အများစုမှာ အင်တာနက်ဖြင့် ဖုန်းခေါ်ဆိုမှုမှ ရရှိသော ၀င်ငွေအပေါ် အားထားနေရပြီး အကျိုးအမြတ် များသည့် လုပ်ငန်းဖြစ်ကြောင်း လုပ်ငန်းအကြောင်း နားလည်သူများက ပြောသည်။

    အင်တာနက် အမြန်နှုန်း နှင့် ဆက်သွယ်ရေး (Connection) ကောင်းသည့် ဆိုင်များတွင် အင်တာနက်ဖြင့် ပြည်ပဖုန်းခေါ်သူ များပြီး လူသုံးနည်းသည့် နံနက်ပိုင်းတွင် ပိုများသည်။

    မွန်ပြည်နယ် မြို့တော် မော်လမြိုင်မြို့တွင် ယခင်က အင်တာနက်ဆိုင် ၅ ဆိုင်သာ ရှိခဲ့ရာမှ ယခုနှစ်တွင် ဆိုင်ပေါင်း ၃၀ ခန့်အထိ တိုးလာခဲ့ပြီး၊ ယခင်က အင်တာနက်ဆိုင် မရှိသည့် မြို့နယ်အချို့တွင်လည်း အင်တာနက်ဆိုင်များ စတင်ဖွင့်လာသည်ဟု အင်တာနက်သုံးသူများက ပြောသည်။

    အင်တာနက် အဓိကသုံးသူများမှာ တက္ကသိုလ်ကျောင်းသူ/သားများ ဖြစ်ပြီး၊ အများစုမှာ G Talk၊ Gmail၊ VZO နှင့် မြန်မာသူငယ်ချင်းများ ကွန်ယက်၊ မြန်မာချစ်သူများကဲ့သို့သော လူမှုရေးကွန်ယက် (social network) တို့ကို အသုံးများသည်ဟု မုဒုံမြို့မှ ပညာရေးကောလိပ် ကျောင်းသူတဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,800SubscribersSubscribe
    spot_img

    Latest posts