Homeသတင်းရော်ဘာစျေးကောင်းချိန် အလုပ်ရှင်မှ လုပ်ခဖြတ်တောက်

ရော်ဘာစျေးကောင်းချိန် အလုပ်ရှင်မှ လုပ်ခဖြတ်တောက်

-

ကျလွန်းထော – ရော်ဘာစျေးနှုန်းမြင့်လာပြီးနောက်ပိုင်းတွင် ထိုင်းနိုင်ငံရှိ ခြံများတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံမှ အလုပ်သမားများကို ခြံပိုင်ရှင်တို့က ယခင်ပေးနေသည့် နှုန်းထားထက် လျော့ပေးလိုက်သည်။

ပုံမှန်အားဖြင့် ရရှိလာသည့် ရော်ဘာစေးကို ခြံပိုင်ရှင်နှင့် အလုပ်သမားတို့က ၆ ပုံ ၄ ပုံ ဖြင့် ဝေမျှယူနေကြသော်လည်း ယခုလ ၁၀ ရက်နေ့မှစကာ ခြံရှင်မှ ၇ ပုံ ယူပြီး အလုပ်သမားများကို ၃ ပုံသာပေးသည်ဟု ထိုင်းနိုင်ငံ ဖန်းငါးဒေသရှိ ရာဘာခြံမှာ မွန်အလုပ်သမားတစ်ဦးက ပြောသည်။

“ရော်ဘာစျေးကောင်းနေတော့ သူဌေးတွေက ပိုယူချင်နေကြတယ်၊ အခု အပင် ၁ ထောင်ကျော်ရှိတဲ့ခြံ ၂ ခြံတော့ထိသွားပြီး၊ တခြားခြံတွေလည်း သူဌေး ပြောထားတာရှိတယ်၊ တကယ်လို့ အဲဒီလိုသာ ခြံတိုင်းဆက်ဖြစ်လာရင် တစ်ခုခုလုပ်ဖို့တော့ ရှိတယ်” ဟု ၄င်းက ပြောသည်။

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာလ မှစ၍ စျေးတဖြည်းဖြည်း တက်လာသော်လည်း လက်ရှိရော်ဘာစျေး အထူတစ်ကီလိုလျှင် ၁၄၀ ဘတ်နှင့် အပါးတစ်ကီလိုလျှင် ၁၅၀ ဘတ်ရှိသည်။ ယခုလို ရော်ဘာစျေးကောင်းချိန်မှာ အလုပ်ရှင်မှ လုပ်ခဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

“အခုချိန်မှာ အလုပ်သမားတွေ ခေါ်ချင်သလို ခေါ်လို့ရနေတော့ သူတို့က (သူဌေး) ကျနော်တို့ပြန်သွားလည်း ဂရုစိုက်မှာ မဟုတ်ဘူး၊ တကယ်လို့ ခြံတိုင်းသာ ဒီလိုဖြစ်မယ်ဆိုရင် ပြန်သွားမယ့်သူတွေက များတယ်” ဟု ၄င်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံရှိ ဖန်းငါးဒေသတွင်သာမက ဆူရပ်ဌာနီ၊ ဖူးကတ်ဒေသ၊ ပဂျွတ်နှင့် ဗါတ်စဖမ်းယိုင်ခရိုင်ဒေသတွေမှာလည်း ယခင်ပေးသည့်နှုန်းထားထက် လျော့ချရန် အလုပ်ရှင်မှ စီစဉ်နေကြသည်ဟု ဆူရပ်ဌာနီမှ မွန်အလုပ်သမားတစ်ဦးက ပြောသည်။

“စျေးကောင်းတဲ့အချိန်ဆိုတော့ သူဌေးတွေက လုပ်ချင်သလို လုပ်နေတာပေါ့၊ ဒီလိုစျေးမျိုးက ဒီနှစ်ပဲ ရဖူးတာ၊ တစ်ခါမှ မရဖူးဘူး၊ တချို့ စိတ်ကောင်းရှိတဲ့သူဌေးတွေက အလုပ်သမားအပေါ် အဲဒီလိုမလုပ်ဘူး၊ လုပ်လည်း ဘာတတ်နိုင်မှာလဲ၊ ကိုယ်က သူ့နိုင်ငံသားမှမဟုတ်တာ၊ သူတို့လုပ်တာ ခံရမှာပဲ” ဟု ၄င်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံတွင် ယမန်နှစ်က အမြင့်ဆုံး ရော်ဘာစျေးနှုန်းမှာ တစ်ကီလိုလျှင် ၈၀ ဘတ်နှင့် ၉၀ ကြားမှာသာရှိခြင်းကြောင့် အလုပ်သမားများအကြား အလုပ်အကိုင်အဆင်ပြေမှုမရှိခဲ့ပေ။

ယခုနှစ်တွင်လည်း ခါတိုင်းနှစ်ထက် ရော်ဘာစျေး တစ်ဆလောက် တက်သွားသော် အလုပ်သမားများအတွက် အဆင်ပြေမှုရရှိနေချိန်မှာ ယခုလို အလုပ်ရှင်မှ လုပ်ခဖြတ်တောက်လိုက်ခြင်းကြောင့် အလုပ်သမားများအတွက် လုပ်ခအနည်းငယ်သာရရှိကြသည်။

မြန်မာရွေ့ပြောင်းအလုပ်သမားများသည် အိမ်နီးချင်းထိုင်းနိုင်ငံတွင် အများဆုံးအလုပ်လုပ်ကိုင်ကြပြီး၊ ရေလုပ်ငန်း၊ ရော်ဘာခြံလုပ်ငန်းတွင် လုပ်ကိုင်နေကြသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာရွေ့ပြောင်းအလုပ်သမား စုစုပေါင်း ၂ သန်းခွဲကျော်ရှိသည်။

ဆက်စပ်သတင်း

1 COMMENT

  1. i am very sorry for our people working to the other country .
    it is not their fault because of the bad government in our country and no more chance for poor or uneducated people
    so we need more experience and education to help our people not to work in the other counties .we should have our own jobs

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts