spot_img
Sunday, January 18, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီလက်အောက်ခံရွာတွင် စိတ်ကြွဆေး ဖမ်းဆီးရမိ

    မွန်ပြည်သစ်ပါတီလက်အောက်ခံရွာတွင် စိတ်ကြွဆေး ဖမ်းဆီးရမိ

    -

    ကျလွန်းထော – ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ် မွန်ပြည်သစ်ပါတီ လက်အောက်ခံနယ်မြေဖြစ်သည့် ဂူပေါင်ကျေးရွာတွင် စိတ်ကြွဆေး (မြင်းဆေး) အလုံး ၂၀၀ နီးပါးနှင့် ထိုင်းဘတ်ငွေ ၂ သောင်းခွဲနီးပါး ဖမ်းဆီးရမိကြောင်း မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၆ နာရီတွင် ဂူပေါင်ရွာမှာ မိသားစု ၄ စုဖြစ်သည့် နိုင်အောင်မွန် မိခိုင်၊ နိုင်သိန်းဝင်း မိသန်းဌေး၊ နာဲကွမ်းဒေး မိစန်းဝင်နှင့် နိုင်သု မိညို တို့အိမ်တွင် ဖမ်းဆီးရမိသည်။

    “သတင်းကြားနေတာတော့ ကြာပြီး၊ သက်သေအထောက်အထားမရှိတော့ ဖမ်းလို့မဘူး၊ ပစ္စည်းတွေတော့ ကာယကံရှင်နဲ့ ဆိုင်တဲ့သူတွေကို ပြန်ပေးလိုက်ပြီး၊ အိမ်ထောင်ဦးစီးနဲ့ အဲဒီဆေးတွေတော့ ထိန်းထားတယ်၊ အမိန့်မချရသေးဘူး” ဟု မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ၄င်းမိသားစု ၄ စုမှာ စိတ်ကြွဆေး ကူးသန်းရောင်းဝယ်နေသည်သာမက သုံးဆွဲမှုလည်း ရှိနေကြောင်း သိရသည်။

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူနှင့် စံခလပူရီအကြား နယ်စပ်ဖြတ်ကျော်ဂိတ်တွင် စိတ်ကြွဆေး ရောင်းဝယ်သူများ ဖြတ်သန်းမှုရှိနေသည့်သတင်းကြောင့် ဇန်နဝါရီလ လဆန်းပိုင်းမှစကာ စစ်ဆေးရေးတင်းကြပ်နေသည်ဟု နယ်စပ်ဖြတ်ကျော်ခဲ့သူတစ်ဦးက ပြောသည်။

    “ကားသမားတွေ နယ်စပ်ဖြတ်ကျော်တဲ့လူတွေ လိုင်းစင်တို့ (ဘတ်) ထိုင်းကဒ်တို့ အကုန်စစ်နေတာ၊ အခုတလောတော့ စစ်ဆေးမှုတွေ ပိုတင်းကြပ်ထားတယ်၊ ညပိုင်းဆိုလည်း စစ်တာ” ဟု ၄င်းက ပြောသည်။

    ၂၀၁၀ ခုနှစ်အကုန် ၂၀၁၁ ခုနှစ်ဆန်းပိုင်းတွင် စိတ်ကြွဆေး သုံးဆွဲသူ များပြားလာနေပြီး လူငယ်ပိုင်းနှင့် ကျောင်းသားများ ပိုမိုသုံးစွဲလာကြသည်ဟု အထက်ပါ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူက ပြောသည်။

    လွန်ခဲ့သော ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင်လည်း ဘုရားသုံးဆူနှင့် စံခလပူရီကြားရှိ နန်းပကိတ်ဂိတ်တွင် အသက် (၅၁) နှစ်ရှိ အရှင်ဧတာထာဘွဲ့အမည်ရ ဘုန်းကြီးတစ်ပါးနှင့်အတူ စိတ်ကြွဆေး အလုံပေါင်း (၅၉၂၆) လုံးကိုလည်း ထိုင်းထောက်လှမ်းရေးတို့က ဖမ်းဆီးရမိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts