spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းလယ်မြေလျှော်ကြေးကိစ္စ လယ်သမားနှင့် ဇေကမ္ဘာကုမ္ပဏီတို့ မပြေလည်သေး

    လယ်မြေလျှော်ကြေးကိစ္စ လယ်သမားနှင့် ဇေကမ္ဘာကုမ္ပဏီတို့ မပြေလည်သေး

    -

    မင်းတော်လ၀ီ – မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နိတုံကျေးရွာရှိ လယ်မြေ (၃၉၀) ဧကကို ဇေကမ္ဘာကုမ္ပဏီက ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် သိမ်းဆည်းခဲ့ရာမှ လယ်သမားများနှင့် ဇေကမ္ဘာကုမ္ပဏီတို့အကြား ပြေလည်မှု မရရှိသေးကြောင်း လယ်သမားများထံမှ စုံစမ်းသိရှိရသည်။

    လယ်မြေ အသိမ်းခံရမှုအပေါ် မကျေနပ်သည့် လယ်သမားများက နေပြည်တော်သို့ တိုင်တန်းမှုကြောင့် ဒီဇင်ဘာလ (၃) ရက်နေ့တွင် ဇေကမ္ဘာကုမ္ပဏီက လယ်တဧက သုံးသိန်းခွဲနှုန်း လျှော်ကြေးပေးခဲ့ရာ လယ်သမားဦးရေ ၉၃ ဦးအနက် ၆၉ ဦးက လျှော်ကြေးငွေ လက်ခံခဲ့ပြီး ကျန်လယ်သမားများမှာ လက်မခံသေးကြောင်း နိတုံရွာသား လယ်သမားတဦးက ပြောသည်။

    “ကျန်လယ်သမားတွေက လယ်တစ်ဧကကို ဘယ်လောက်ပေးပေး လယ်ကို ထိုးအပ်ပေးမှာ မဟုတ်ဘူး၊ သူတို့ စက်ရုံမှာ အလုပ်သမား မဖြစ်လိုဘူး၊ လယ်သမားဟာ လယ်အလုပ်ပဲ လုပ်ချင်တယ်၊ အတင်းသိမ်းရင် အိုင်အယ်လ်အို အထိ တိုင်မယ်” ဟု အထက်ပါ လယ်သမားက ပြောသည်။

    အချို့လယ်သမားများက သုံးသိန်းခွဲနှင့် လက်ခံခဲ့ပြီးသော်လည်း လက်ရှိပေါက်စျေးမှာ တဧက ၁၀ သိန်း တန်သည့်အတွက် ၄င်းစျေးနှင့် ကိုက်အောင် ထပ်တိုးပေးရန် တောင်းနေသူများလည်း ရှိသည်ဟု လယ်မြေ သုံးဧကကို ငွေဆယ်သိန်းခွဲနှင့် လက်ခံထားပြီးသူ လယ်သမားတဦးက ပြောသည်။

    ဘိုးဘေးစဉ်ဆက် ဓားမဦးချ လက်ငုတ်လယ်ကို လုပ်ကိုင်လာခဲ့သူ လယ်သမားများနှင့် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုနေသည့် အာဏာရှိသူ ငွေကြေးချမ်းသာသူတို့ ယှဉ်လာလျှင် နိုင်ငံတော်က လယ်သမားဘက်ကို ဦးစားပေးရမည် ဖြစ်ကြောင်း မွန်ပြည်လူ့အခွင့်အရေး ဖေါင်ဒေးရှင်းမှ နိုင်အွဲမွန် က ပြောသည်။

    “ပုဂ္ဂလိကဖြစ်တဲ့ ဇေကမ္ဘာလို အတင်းယူတာမျိုးက လယ်ယာဥပဒေနဲ့ မကိုက်ညီသလို လူ့အခွင့်အရေးပါ ချိုးဖေါက်ရာ ရောက်တယ်” ဟု နိုင်အွဲမွန် က ပြောသည်။

    ၎င်းပြင် 24 hour general services ကုမ္ပဏီက ကျောက်မီးသွေး စမ်းသပ်ရှာဖွေတိုင်းတာရန် ပျားတောင် (ပေါက်တောနှင့် ကွမ်ငန်းကြား) တွင် စမ်းသပ်သည့်အဖွဲ့ကို ၁၀-၁၂-၂၀၁၀ မှ စ၍ လေးလကြာ ကွင်းဆင်းရန် စေလွှတ်ထားပြီး တွေ့ရှိချက်အပေါ် အကောင်အထည်ဖေါ်သွားမည်ဟု ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ကျိုက်မရောမြို့နယ် ကော့ဒွန်းရွာအနီးကို အခြေပြုပြီး ပျားတောင် ဘိလပ်မြေစက်ရုံ စီမံကိန်းကို အင်ဒိုနီရှားနိုင်ငံ သမတ ဆူဟာတိုမိသားစု က ၁၉၉၆ ခုနှစ်က လာရောက်လုပ်ကိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အကောင်အထည်မပေါ်ခဲ့ပေ။

    ယခုဇေကမ္ဘာ ကုမ္ပဏီက တည်ဆောက်မည့် နိတုံတောင် ဘိလပ်မြေ စက်ရုံစီမံကိန်းသည် သုံးနှစ် စီမံကိန်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း (၂၂၀) အကုန်ကျခံပြီး နှစ်ပေါင်း ၈၀ အာမခံနှင့် တနေ့ကို ဘိလပ်မြေ အိတ်ပေါင်း ၆၆၀၀၀၊ တန်ချိန် ၃၃၀၀ ထုတ်လုပ်နိုင်လိမ့်မည် ဟု ကုမ္ပဏီနှင့်နီးစပ်သူတို့က ခန့်မှန်းထားကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks