Homeသတင်းမွန်ပြည်သစ်ပါတီ နယ်စပ်အရန်တပ်ဖွဲ့ ဖျက်သိမ်း

မွန်ပြည်သစ်ပါတီ နယ်စပ်အရန်တပ်ဖွဲ့ ဖျက်သိမ်း

-

မင်းတော်လဝီ –  ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ အရန်တပ်ဖွဲ့ကို မွန်ပြည်သစ်ပါတီက ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

ယခု ဖျက်သိမ်းလိုက်သည့် အရန်တပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်အင်အား ၆ဝ ခန့်ရှိသည်ဟု တပ်ဖွဲ့ ဥက္ကဋ္ဌ နိုင်ပန်းအိမ်က  ပြောသည်။

မြို့ပေါ်ရှိ အရန်တပ်ဖွဲ့အားလုံးကို ဖျက်သိမ်းလိုက်သော်လည်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ အတွင်းရှိ အရန်တပ်ဖွဲ့များကို ယခင်အတိုင်း ဆက်လက်ထားရှိမည် ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ပြည်ပရေးရာဌာန တာဝန်ခံ နိုင်တလညီ က ပြောသည်။

“မြို့ပေါ်မှာ ရှိတဲ့ အရန်တပ်သားတွေရဲ့ လုံခြုံရေးအတွက် အရန်တပ်ဖွဲ့ကို ဖျက်သိမ်းရတာပါ” ဟု ဗဟိုအလုပ်အမှုဆောင် နိုင်တလညီက ပြောသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ၏ ညွှန်ကြားချက်အရ ပါတီ ဗဟိုဝန်းကျင်ဒေသ ဘုရားသုံးဆူမြို့နယ်ဥက္ကဌ ဗညားမဲ့စန်းက ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အရန်တပ်ဖွဲ့ဝင်များကို အစည်းအဝေးခေါ်ပြီး အရန်တပ်ဖွဲ့ ဖျက်သိမ်းရန် အကြောင်းကြားခဲ့သည်ဟု နိုင်ပန်းအိမ်က ပြောသည်။

အရန်တပ်ဖွဲ့ကို ၂ဝဝ၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို အထောက်အကူပြုရန်နှင့် စစ်ရေးလှုပ်ရှားမှုများတွင် လိုအပ်ပါက ပါဝင်ပူးပေါင်းရန်အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု နိုင်ပန်းအိမ်က ပြောသည်။

“စေတနာအဖြစ် ပါဝင်ကူညီခွင့် ရခဲ့တာကိုပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု ဘုရားသုံးဆူမြို့ပေါ်ရှိ အရန်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီ အရန်တပ်ဖွဲ့ကို သထုံခရိုင်၊ ထားဝယ်ခရိုင်၊ မော်လမြိုင်ခရိုင်နှင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများတွင် ဖွဲ့စည်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts