Monday, April 13, 2026
More
    spot_img
    Homeသတင်းစစ်ပြေးဒုက္ခသည်မျာ နေရပ်သို့ပြန်ရသော်လည်း ကြောက်ရွံ့နေကြ

    စစ်ပြေးဒုက္ခသည်မျာ နေရပ်သို့ပြန်ရသော်လည်း ကြောက်ရွံ့နေကြ

    -

    စစ်ပြေးဒုက္ခသည် နေရပ်သို့ ပြန်နေစဉ်

    တလလဝီ – ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြိ့ုနယ် ဘုရားသုံးဆူမြိ့ုမှ စစ်ပြေးဒုက္ခသည်များကို ယမန်နေ့ညနေ ထိုင်းစံတော်ချိန် ၅ နာရီမှစ၍ ယနေ့အထိ ထိုင်းအာဏာပိုင်များမှ နေရပ်သို့ ပြန်ခိုင်းနေပြီး ဖြစ်ကြောင်း သိရသည်။

    မြန်မာစစ်အစိုးရမှ ဒုက္ခသည်များအား ပြန်ခိုင်းနေသော်လည်း မအေးချမ်းသေးသည့် အခြေအနေကြောင့် စစ်ပြေးများ ဒုက္ခရောက်နေရကြောင်း သိရသည်။

    “ မနေ့ကတည်းက ထိုင်းအစိုးရက မောင်းချနေတာ၊ လူတွေမကုန်တော့ ဒီနေ့မနက်မှာလည်း ဆက်ပြီး ပြန်နေကြတယ်၊ တစ်ချို့ကလည်း ကြောက်တော့ မပြန်ရဲဘူး၊ အသိအိမ်တွေမှာ ခိုအောင်းနေကြတယ်” ဟု ထိုင်းဘက်ကမ်း၌ နေထိုင်သူတစ်ဦးက ပြောပါသည်။

    ထိုသို့ မြန်မာစစ်အစိုးရမှ ပြန်ခိုင်းသော်လည်း မြန်မာစစ်တပ်နှင့် ဒီကေဘီအေတို့ တိုက်ပွဲဆက်လက် ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် မပြန်ရဲသော်လည်း ပြန်နေရကြောင်း သိရသည်။

    “ အခုတော့ ကျမတို့မပြန်ရဲသေးဘူ၊ သူတို့စကားကိုတော့ သိပ်မယုံကြည်ဘူး၊ ဒါကြောင့် မြိ့ုထဲမှာ လူတွေပြန်ရောက်ပြီး ဆိုင်တွေပြန်ဖွင့်တဲ့ အခါမှ ကျမတို့ ပြန်လိမ့်မယ်” ဟု စစ်ပြေးဒုက္ခသည် တစ်ဦးက ပြောလာပါတယ်။

    တစ်ချို့မှာလည်း မပြန်ရဲသဖြင့် နီးစပ်ရာ ဆွေမျိုးအိမ်၊ အသိအိမ်များနှင့်၊ အခြားရွာများသို့ ခိုအောင်းနေကြောင်း၊ ပြန်သည့်လူများအတွက်ကိုလည်း လွယ်ကူစွာပြန်နိုင်ရန်အတွက် အချိန်ကြာမြင့်စွာ ပိတ်ထားသော ထိုင်းမြန်မာနယ်စပ် ဖြတ်ကျော်ရေးဂိတ်ကို ယာယီဖွင့်ပေးကြောင်း မျက်မြင်တစ်ဦးက ပြောပါသည်။

    ထိုသို့ ပြန်သွားသော်လည်း အသင့်အနေအထားရှိနေသည့် မြန်မာစစ်အစိုးရနှင့် ဒီကေဘီအေတို့အကြား ဒေသခံပြည်သူများအနေနှင့် မည်သို့လုပ်ဆောင်ရမည်ကို မသိဘဲ အခက်အခဲဖြစ်ကြောင်း၊ ထိုသို့ စစ်ပြေးဒုက္ခသည်များအား ပြန်ခိုင်းသည်မှာလည်း မြန်မာစစ်အစိုးရဘက်မှာ ပြည်သူတွေကို အကာအကွယ်အဖြစ် အသုံးပြုနိုင်ကြောင်း လေ့လာသူအများစုက ယခုလိုသုံးသပ်လျှက်ရှိသည်။

    မြန်မာစစ်အစိုးရမှ စစ်ပြေးများအား နေရပ်သို့ပြန်ရန် တာဝန်ယူထားသော်လည်း ဘုန်းကြီးများနှင့် ယောကျာင်္သား ပြည်သူများသာ ညဘက်ကင်းစောင့်နေရကြောင်း မြန်မာစစ်အစိုးရအနေနှင့် ကင်းမစောင့်ပဲ တပ်အတွင်း၌သာ ရှိနေကြောင်း ကင်းစောင့်သည့် သူတစ်ဦးက ပြောပါသည်။

    နယ်စပ်ဒေသ သာမက နိုင်ငံအတွင်းရှိ ပြည်သူများလည်း ဘုရားသုံးဆူနှင့် မြဝတီတိုက်ပွဲ၏ ရိုက်ခတ်မှုဒဏ်ကြောင့် စိုးရိမ်းမကင်း ဖြစ်နေကြကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks