spot_img
Monday, June 16, 2025
More
    spot_img
    Homeသတင်းယနေ့ သုံးဆူမြို့ အခြေအနေ

    ယနေ့ သုံးဆူမြို့ အခြေအနေ

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – သုံးဆူမြို့မှ ပြည်သူ (၁) သောင်းကျော် နေအိမ်မှ အထုပ်အပိုးဖြင့် ထိုင်းဘက်ကမ်း ဘုရားကုန်းသို့ ရောက်ရှိနေကြကြောင်း မြို့ခံတို့က ပြောသည်။

    အချို့ဒေသခံများသည် သုံးဆူမြို့နှင့် အနည်းငယ်ဝေးသည့် မွန်ပြည်သစ်ပါတီ လက်အောက်ရှိ ဂျပန်ရေတွင်းကျေးရွာ၊ ဂူပေါင်းကျေးရွာ နှင့် တပ်ရင်း (၃) ကျေးရွာရှိ ၄င်းတို့၏ အသိမိတ်ဆွေများဆီသို့ ပြောင်းရွှေ့သွားကြသည်။

    “အခု သုံးဆူမြို့ထဲမှာ ပြောင်းရွှေ့ဖို့ အသိ နေရာမရှိတဲ့ လူတွေလောက်ပဲ ကျန်တယ်။ တချို့ဆိုရင် ထမင်းတောင် မစားရသေးဘူး။ ချက်စရာလည်း မရှိ၊ သွားစရာလည်း မရှိ။ လျှပ်စစ်မီး မပြတ်လို့ တော်သေးတယ်” ဟု သုံးဆူမှ အမျိုးသားတစ်ဦးက ပြောသည်။

    ဒီကေဘီအေတို့မှ မြို့မစျေးကို မီးရှို့မည့်သတင်းကြောင်း မွန်နှင့် ကရင် သံဃာတော် အပါး (၁၀၀) ကျော် ယမန်နေ့ ညပိုင်းမှ ယနေ့နံနက်ပိုင်းထိ စျေးအနီးအနားနှင့် မြို့တွင်း၌ လှည့်လည်ပြီး ကင်းစောင့်နေကြကြောင်း မျက်မြင်မြို့ခံတစ်ဦးက ပြောသည်။

    မြန်မာစစ်တပ်ဘက်မှ စစ်ကူများ သုံးဆူသို့ တက်လာသော်လည်း အင်အားမည်မျှ ရှိသည်ကို အတိအကျ မသိရှိရသေးကြောင်း ဒီကေဘီအေနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,200SubscribersSubscribe
    spot_img

    Latest posts