spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းသုံးဆူနယ်စပ်တွင် စိတ်ကြွဆေး အလုံးခြောက်ထောင်ခန့် ဖမ်းဆီးမိ

    သုံးဆူနယ်စပ်တွင် စိတ်ကြွဆေး အလုံးခြောက်ထောင်ခန့် ဖမ်းဆီးမိ

    -

    (၂၀၀၈) ခုနှစ် ထိုင်း-မြန်မာ နယ်စပ်တွင် ဖမ်းဆီးရမိသော စိတ်ကြွဆေး အချို.

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူနှင့် စံခလပူရီ အကြားရှိ နန်းပကိတ် ဂိတ်တွင် ယမန်နေ့က စိတ်ကြွဆေး အလုံးပေါင်း (၅၉၂၆) လုံး ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းထောက်လှမ်းရေးတစ်ဦးက ပြောသည်။

    စိတ်ကြွဆေး သယ်ဆောင်လာသူမှာ အသက် (၅၁) နှစ်ရှိ ဘုန်းကြီးတစ်ပါး ဖြစ်ပြီး ဘွဲ့မှာ အရှင် ဧတာထာလို ဖြစ်သည်။ လူအမည်မှာ အောင်တင် ဖြစ်သည်ဟု ထိုင်းထောက်လှမ်းရေးက ပြောသည်။

    ယမန်နေ့ နံနက် (၈း၃၀) နာရီ အချိန်တွင် စိတ်ကြွဆေးများကို မော်တော်ဆိုင်ကယ်လိုင်းဖြင့် ဘုရားသုံးဆူမှ သယ်ဆောင်လာစဉ် ဂိတ်စောင့် ထိုင်းစစ်သားများက မသင်္ကာသဖြင့် စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

    အရှင်ဧတာထာလိုသည် ဘုရားသုံးဆူမြို့ မြန်မာဘက်ကမ်းရှိ တိုင်တစ်ရာကျောင်းတွင် သီတင်သုံးသူ ဖြစ်ကြောင်း သိရသည်။

    တရားခံကို ထိုင်းရဲများမှ စံခလပူရီ ရဲစခန်းတွင် ထိန်းသိမ်းထားခဲ့ပြီး ညနေချိန်တွင် ကန်ချနပူရီခရိုင် မူးယစ်ဆေး အထူးစုံစမ်းရေး အဖွဲ့သို့ အပ်နှင်းလိုက်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks