Homeသတင်းမြဝတီမြို့တွင် ဂျပန်သတင်းထောက်တစ်ဦး ဖမ်းဆီးမိ

မြဝတီမြို့တွင် ဂျပန်သတင်းထောက်တစ်ဦး ဖမ်းဆီးမိ

-

မြဝတီမြို့

ဂျူရီချိုင်း – ကရင်ပြည်နယ် မြဝတီမြို့တွင် ဂျပန်သတင်းထောက်တစ်ဦးကို ယနေ့မွန်းတည့်အချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့တို့က ဖမ်းဆီးကာ ရဲစခန်းတွင်စစ်ဆေးရေးပြုလုပ်နေကြောင်း ဒေသခံတို့က ပြောသည်။

အဆိုပါ သတင်းထောက်ကို နိုဝင်ဘာလ (၇) ရက် ထိုင်းမြန်မာနယ်စပ် တံတားအောက်ကနေ ဘောနှင့် နံနက် ၈ နာရီခန့်မှာ မြဝတီကိုကူးပြီး ဝင်ရောက်သတင်းရယူသူ ဂျပန်နိုင်ငံသား အသက် ၄၉ နှစ်ရှိသူ (တိုနီမက်ဆာမိုတို) သည် ယနေ့မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်ခန့်မှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြဝတီမြို့ရှိ ရဲဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဟုတ်တယ် ဖမ်းထားတယ်၊ အခုရဲစခန်းမှာစစ်ဆေးနေတုန်းပဲဟု ကြားတယ်” ဟု ၄င်းက ပြောသည်။

ဖမ်းဆီးထားခဲ့သော သတင်းထောက်တစ်ဦးအနက် ဘောပင်ဗွီဒီယိုကင်မရာတချေင်း၊ မြန်မာဖုန်းတစ်လုံး၊ ထိုင်းဖုန်းတစ်လုံး၊ AFP သတင်းဌာန ကဒ်ပြားနှင့် passport တို့နှင့်အတူ ဖမ်းဆီးခံရပြီး ယခုတွင် မြဝတီရဲစခန်းမှာ စစ်ဆေးရေးမေးမြန်းခံနေရကြောင်း ၄င်းက ဆက်ပြောသည်။

၄င်းသတင်းထောက်ဖမ်းဆီးရခြင်းသည် မြန်မာတစ်နိုင်ငံတဝန်း ကျင်းပသည့်ရွေးကောက်ပွဲ မဲပေးရက်တွင် သတင်းအချက်အလက်များ လာရောက်ယူခြင်းဖြစ်နိုင်ကြောင်း သိရသည်။

ဒါ့အပြင် မဲဆန္ဒရှင်များမဲပေးမည့်ရက် ဖြစ်သည့်အတွက် မြဝတီမြို့တွင်ရှိ ထိုင်းမြန်မာနယ်စပ်တံတားတွင် လုံခြုံရေးပိုမိုတင်းကျပ် ချခဲ့ခြင်းဖြစ်သည့်အတွက် ယခုလို ဖမ်းဆီးရခြင်းဖြစ်ကြောင်း မြဝတီမြို့ခံတစ်ဦးက ပြောသည်။

“တစ်ချို့လူတွေပြောတော့ အဖမ်းခံရထားတာ သတင်းထောက်နှစ်ယောက်တောင် အသေအချာတော့မသိသေးဘူး” ဟု ၄င်းက ပြောသည်။

အဆိုပါ သတင်းထောက်သည် မြဝတီမြို့ထိုင်းတစ်ဖက်ကမ်းကနေ မြန်တစ်ဖက်ကမ်းဘက်သို့ ရေကြောင်းလမ်းဖြင့် ကူးလာခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts