Homeသတင်းရွေးကောက်ပွဲကာလ ပြည်တွင်းအင်တာနက်လိုင်းမရ

ရွေးကောက်ပွဲကာလ ပြည်တွင်းအင်တာနက်လိုင်းမရ

-

မော်လမြိုင် ၄ ထပ်စျေးပေါ်ရှိ အင်တာနက်ဆိုင်တစ်ဆိုင်

မင်းအာသံ – ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းသာလိုတော့သည့် ယခုလိုအချိန်မှာ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ထဲ၌ အင်တာနက်လိုင်းမရသည့်အတွက် တချို့ဆိုင်တွေ ခေတ္တခဏ ပိတ်ထားလိုက်ရသည်။

အထူးသဖြင့် ကရင်ပြည်နယ် ဘားအံမြို့နှင့် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် တချို့အင်တာနက်ဖွင့်ထားသည့်ကျေးရွာတွေမှာ အင်တာနက်လိုင်းမရကြောင်း သိရသည်။

ဘားအံ တက္ကသိုလ်ကျောင်းသားတစ်ဦးက “အခုတလော အင်တာနက် ကွန်နက်ရှင်မရဘူးဖြစ်နေတယ်၊ ကျနော် ထင်တာကတော့ ရွေးကောက်ပွဲနဲ့နီးလို့ အခုလို ဖြစ်တာ” ဟု ၄င်းက ပြောသည်။

သုံးရက်လောက်ရှိနေပြီး အင်တာနက် လိုင်းမရ၍ မော်လမြိုင်မြို့ပေါ်ရှိ အင်တာနက်ဆိုင်တချို့တောင် ပိတ်ထားလိုက်ရသည်ဟု အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

“အခု အင်တာနက် ဆိုင်တော်တော်များများ gmail၊ gtalk စတဲ့ program တွေ ဘာမှ သုံးလို့မရတော့ ပိတ်လိုက်ရတယ်၊ တချို့ဆိုင်တွေ ကွန်ပျူတာ ဂိမ်းဖွင့်ရတယ်၊ ဒီလိုမျိုးဖြစ်တာ ဒုက္ခရောက်တာပေါ့ဗျာ၊ ဒီအလုပ်ဟာ ကျနော်တို့အလုပ်လေ၊ အခုဆို အားနေတယ်”ဟု ၄င်းက ပြောသည်။

ထိုနည်းတူ ဘားအံ အင်တာနက် ဆိုင်ပိုင်ရှင်နှင့် နီစပ်သူတစ်ဦးကလည်း “ အင်တာနက် လိုင်း ပိတ်ထားတာ သုံးရက်လောက်ရှိပြီး၊ ဘာကြောင့် ပိတ်လဲ ကျနော်တို့လဲ မမေးရသေးဘူး၊ အခုတော့ Ip star နဲ့ ချိတ်ထားတဲ့ အင်တာနက်တွေ အားလုံးပိတ်ထားတယ်၊ လိုင်းတော့ ရတယ်၊ ဒါပေမယ့် အင်တာနက် မရဘူး ဖြစ်နေတယ်”ဟု ၄င်းက ပြောသည်။

ယခုကဲ့သို့ အင်တာနက် ကွန်နက်ရှင်မရသည့်အတွက် ကျောင်းသားလူငယ်များအား အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ် ကျောင်းသားလူငယ်အများစုက အင်တာနက်မှတဆင့် အမြင်တွေ အပြန်အလှန် ဖလှယ်ခြင်း၊ အွန်လိုင်းစာမေးပွဲဖြေဆိုခြင်း၊ သတင်း အချက်အလက် ရှာဖွေစုဆောင်းခြင်းစသည့် လုပ်ရပ်ကို လုပ်နေသည်ဟု သိရသည်။

ယခုရက်ပိုင်းကစပြီး အင်တာနက်လိုင်းကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေသာမက ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တခြားတိုင်းရင်းသားဒေသတွေမှာလည်း အင်တာနက်သုံးဆွဲလို့မရကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts