Tuesday, May 12, 2026
More
    spot_img
    Homeသတင်းလပြည့်နေ့ဆွမ်းလောင်ပွဲ သုံးဆူဥက္ကဋ္ဌမှ ပိတ်ပင်

    လပြည့်နေ့ဆွမ်းလောင်ပွဲ သုံးဆူဥက္ကဋ္ဌမှ ပိတ်ပင်

    -

    သူရိန် – လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ လူစုလူဝေးမလုပ်ရဟုသော မယကအမိန့်ကြောင့် ယခုလ ၂၂ ရက်နေ့တွင် ကျင်းပမည့် မြို့လုံးကျွတ်ဆွမ်းကြီးလောင်လှူပွဲမလုပ်ရန် မယကမှ ပိတ်ပင်လိုက်သည်။

    “ရွေးကောက်ပွဲမတိုင်ခင် လူစုလူဝေးပြုလုပ်ရတဲ့ ပွဲလမ်းသဘင်တွေကို လုံးဝခွင့်မပြုဘူး။ ဒီနှစ် ဆွမ်းလောင်ပွဲလည်း မရှိတော့ဘူး” ဟု သုံးဆူမြို့နယ်ဥက္ကဋ္ဌအဖွဲ့ဝင်တို့က ပြောသည်။

    သုံးဆူမြို့လုံးကျွတ်ဆွမ်းကြီးလောင်လှူပွဲတွင် ဘုန်းကြီးကျောင်းပေါင်း ၈၀ ကျော်မှ သံဃာတော်များအား ပြည်သူတို့အား ၄င်းတို့ချွေနည်းစာဖြင့် တစ်နှစ် တစ်ကြိမ် ဆွမ်းဆန်စိမ်လောင်း လှူကြမည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ၄င်းတို့အလှူကို ပိတ်ပင်လိုက်သောကြောင့် စိတ်မချမ်းမသာဖြစ်နေကြသည်။

    မြို့လုံးကျွတ်ဆွမ်းလောင်ပွဲတော်ကို မယကဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့တို့မှ ဦးဆောင်ကျင်းပပေးပြီး ၄င်းတို့မှ ဘာကြောင့်မလုပ်ပေးသည့်အတွက် ဆွမ်းလောင်ရန်လျာထားသည့်အလှူရှင်များ စိတ်ဆိုးနေကြသည်။ ၄င်းတို့ သည် ဆွမ်းလောင်ဝတ်စုံများပြင်ဆင်ချုပ်ထားပြီးဖြစ်သည့်အတွက် ရွေးကောက်ပွဲမတိုင်မီ မလုပ်ပေးသောကြောင့် စိတ်မချမ်းမသာဖြစ်ကြသည်။

    သုံးဆူဒေသခံတစ်ဦးက “သံဃာတော်အရေးနဲ့ ပြည်သူ့အရေးကို ပိတ်ပင်ထားတယ်။ ကြံ့ဖွ့ံတွေလည်း ရွေးကောက်ပွဲအတွက် အလုပ်ရှုပ်နေတော့ ဒီအရေးတွေကြောင့် သူတို့အတွက် အခက်အခဲဖြစ်သွားမှာ စိုးရိမ်းတယ်လေ” ဟု ပြောသည်။

    ကရင်ပြည်နယ် ဘုရားသုံးဆူဆွမ်းကြီးလောင်းလှူပွဲကျင်းပရန် မြို့နယ်ဥက္ကဋ္ဌမှ ပိတ်ပင်သော်လည်း မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မြို့လုံးကျွတ်ဆွမ်းကြီးလောင်းလှူပွဲအတွက် စေတနာအလျောက် ထည့်သွင်းကြရန် အိမ်တိုင်းအိမ်တိုင်း၌ အလှူခံလျက်ရှိသည်ဟု မုဒုံမြို့သူတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks