Homeသတင်းဆန်သယ်ယူခွင့်မရှိသဖြင့် ပြည်သူများဒုက္ခရောက်နေရ

ဆန်သယ်ယူခွင့်မရှိသဖြင့် ပြည်သူများဒုက္ခရောက်နေရ

-

ခတ္တာနန်- စစ်အစိုးရ၏ တာဆီးပိတ်ပင်မှုကြောင့် တနင်္သာရီတိုင်း ထားဝယ်ခရိုင်ရှိ မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့လက်အောက်ရှိ ကျေးရွာများနှင့် ၄င်းပတ်ဝန်ကျင်းရှိ ကျေးရွာများ ဆန်စပါးအခက်အခဲ ဖြစ်နေကြကြောင်းသိရသည်။

ရေးမြို့နယ် မလွဲတောင်ကင်းစခန်းမှ တာဝန်ကျနေသော စစ်အစိုးရအရာရှိကြီးများသည် ဆန်တစ်အိတ်ထက်ပို၍ မသယ်ယူခွင့်ကို ကဆုန်လမှစ၍ ယခုအချိန်အထိ ပိတ်ပင်တာမြစ်ထားသောခြင်း၊ အကယ်၍ တစ်အိတ်ထက်ပိုသော ဆန်များသယ်ယူပါက စစ်ဆေးမေမြန်မှုများခြင်းကြောင့် ကုန်စုံရောင်းသူများ ပစ္စည်မသယ်ယူရဲသည့်အခြေအနေသို့ ရောက်နေကြောင်းသိရသည်။

ယခုအချိန်တွင်အတွင်း ထားဝယ်ခရိုင်ရှိ မွန်ကယ်ဆယ်ရေးရွာများတွင် ဆန်တင်သွင်ခွင့် မရသဖြင့် ရွာသားအချို့မှာ “ဆန်ပြုတ်စားနေကြရပြီး” ဟု မွန်ကယ်ဆယ်ရေးရုံမှ အတွင်းရေးမှူးက ပြောသည်။

“ တကယ်လို့ ဗမာစစ်သားတွေသား တစ်အိတ်ထက်ပိုတဲ့ ဆန်တွေတင်တာကိုတွေ့ရင် စစ်ဆေးမေးမြန်းတာ အရမ်းများတယ်၊ ဒါကြောင့် ရောင်းသူတွေလည်း ဆန်ကိုမတင်ချင်တော့ဘူး၊ လှေသမားတွေလည်း ကားသမားတွေအတိုင်ပဲ ဆန်တွေမတင်ချင်တော့ဘူး ဒါကြောင့် သူတို့တွေအတွက် ဆန်အခက်အခဲဖြစ်နေရတာ” ဟု အတွင်းရေးမှူးက ပြောသည်။

မွန်ကယ်ဆယ်ရေးလက်အောက်ရှိကျေးရွာအတွင်း နေထိုင်ကြသူများအတွက် ပစ္စည်တွေရော ဆန်တွေကိုပါ ရာဖူးကျေးရွာမှတဆင့် လှေဖြင့် သယ်ယူရသည်။

အကယ်၍ လှေဖြင့်ဆန်တင်ချိန်တွင် ရာဖူးကျေးရွာမှာအခြေစိုက် (ခလရတပ်ရင်း အမှတ် ၁၀၃) တွေ့ခဲ့ပါက ၄င်းတို့မှ ပြဿနာအမျိုးမျိုးရှာပြီး ခရိုင်သို့ ဆန်တင်ပို့ခွင့်ကိုပိတ်ပင်သည်။ ခလရ ၁၀၃ သည် လွန်ခဲ့သည့် စက်တင်ဘာလမှ ထိုရာဖူးရွာသို့ ပြောင်ရွေ့လာကြောင်းသိရသည်။

ထိုထားဝယ်ခရိုင်ဒေသအတွင်းရှိ ကျေးရွာများသည် မွန်ကယ်ဆယ်ရေးရွားများ နှင့် စစ်ပြေဒုက္ခသည်များနေထိုင်သည့် (IDPs) ရွာများဖြစ်ပြီး ထိုကျေးရွာနေပြည်သူများကို မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့မှ ထောက်ပ့ံထားလေသည်။

အကယ်၍ မှန်လုံကားများနှင့် လိုင်းကားများမှ ဆန်အိတ်များ ပစ္စည်များတင်လာပါက တင်မည့်ဆန်အရေအတွက်ကို ဂိတ်သို့အရင်တိုင်ကြားပြီး ထောက်ခံချက်လက်မှတ်ရမှသာလျှင် တင်ဆောင်ခွင့်ရှိကြောင်း ရာဖူးရွာသားက ပြောသည်။

ထိုရာဖူး အနီးနာတစ်ဝိုက်ရှိရွာများမှာ စစ်ပြေးဒုက္ခသည်ကျေးရွာများနှင့် ကယ်ဆယ်ရေးရွာများသား ရှိလေသည်။ ထိုရွာနေပြည်သူများ၏ အဓိကအသက်မွေဝမ်းကြောင်းအလုပ်မှာ ခြံအလုပ်များဖြစ်ကြပြီး မွန်ကယ်ဆယ်ရေး၏အထောက်အပံ့နှင့် ၄င်းတို့၏ တောင်ယာစပါးများကိုသာ အဓိကအားကိုယ်အားထား ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts