spot_img
Tuesday, June 17, 2025
More
    spot_img
    Homeသတင်းမဲဆွယ်စည်းရုံးရေးဆင်းရန် မွန်ပါတီ သီချင်းသွင်းနေ

    မဲဆွယ်စည်းရုံးရေးဆင်းရန် မွန်ပါတီ သီချင်းသွင်းနေ

    -

    မင်းအာသံ– မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် ဒီလာမည့်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း၌ မွန်ပြည်သူလူထုများအကြားမှာ မဲဆွယ်စည်းရုံးရေးဆင်းသွားရန် သီချင်းသွင်းနေကြောင်း မွန်ပါတီ၏ ပြောဆိုချက်အရ သိရသည်။

    စည်းရုံးရေးကာလမှာ မွန်ပါတီက မဲနှင့်ပတ်သက်သည့်သီချင်းကို မွန်ဘာသာနှင့် ဗမာဘာသာအပါဝင် ရန်ကုန်မြို့မှာ သွင်းနေပြီးဖြစ်ပါသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဋ္ဌ နိုင်ဇနူမွန်က ပြောသည်။

    ”ရဲရဲနဲ့ မဲလားထည့်ဖို့ မဲထည့်ဖို့ စတဲ့ စာသာတွေကို မွန်ဘာသာနဲ့ ဗမာဘာသာအပါဝင် ရေးထည့်ထားတယ်၊  CD သွင်းမယ်ပေါ့ဗျာ၊ ပြီးရင်တော့ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ် အစရှိတဲ့ မွန်တိုင်းရင်းသားတွေအကြားမှာ မဲဆွယ်သွားမယ်ပေါ့၊ ဒါပေမယ့် သွင်းနေတုန်းပဲ၊ ပြီးရင်  တစ်ချပ်ကို ၂၅၀ နဲ့ ယူချင်တဲ့သူတွေကို ရောင်းပေးမယ်” ဟု အဆိုပါ ဥက္ကဋ္ဌက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မဲဆွယ်စည်းရုံးရေးဆင်းရန် အင်းတိုက်အားတိုက် လုပ်နေသော်လည်း မွန်ရေးရာအဖွဲ့ချူပ်က မွန်ပြည်သူတွေကို မဲရုံး မသွားဖို့ ကျေညာချက်ထုတ်ပြန်ခဲ့ပါသည်။

    ဒီလာမည့် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်သွားမည့် မွန်ပါတီနှင့် အခြားသောတိုင်းရင်းသား နိုင်ငံရေးပါတီများကလည်း ၄င်းတို့၏ ဒေသအလိုက် ပြည်သူများမဲထည့်ရဲအောင် နည်းလမ်းမျိုးစုံနှင့် မဲဆွယ်စည်းရုံးရေးဆင်းနေသည်။

    သို့သော် မြန်မာစစ်အစိုးရ၏ ကျောထောက်နောက်ခံဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည်  သြဇာတိက္ခိမကြီးသည့် ရဟန်းသံဃာတော်နှင့် လူပုဂ္ဂိုလ်များထံ အခွင့်ရေးပေး မဲဆွယ်စည်းရုံးနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,300SubscribersSubscribe
    spot_img

    Latest posts