Saturday, March 14, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်ခရိုင် မိုးစပါးစိုက်ဧက ၅ သောင်းကျော် လျော့

    မော်လမြိုင်ခရိုင် မိုးစပါးစိုက်ဧက ၅ သောင်းကျော် လျော့

    -

    မင်းတော်လဝီ – မွန်ပြည်နယ် မော်လမြိုင်ခရိုင် (၆) မြို့နယ်မှ မိုးစပါးစိုက်ဧက လျာထားချက်အတိုင်း ပြည့်မီ အောင်မစိုက်ပျိုးနိုင်သေးဘဲ ကျန်ရှိနေသလို ကျန်ဧကကို ဆက်လက်စိုက်ပျိုးရန် လယ်သမားများ အခက်အခဲ ဖြစ်နေသည်။

    “ဒီနှစ်မော်လမြိုင်ခရိုင်က မြို့နယ်အားလုံး ရေမကြီးဘူး ကျိုက်မရောမြို့နယ်ဆိုရင် ခါတိုင်းနှစ် ရေကြီးလေ့ရှိတော့ ရေကျပြီးမှ စိုက်တဲ့လယ်မြေ တော်တော်များများချန်ပြီး စိုက်လေ့ရှိတယ် အခု ရေမကြီးဘဲ ချန်ထားတဲ့မြေတွေများနေတယ်၊ မိုးနည်းတော့ ရေလည်းအကျမြန်တယ် နောက်မိုးပြတ်သလိုဖြစ်နေတော့ မြန်မြန်စိုက်ရတယ်၊ ကောက်စိုက်သမားမရှိလို့ အခက်အခဲဖြစ်နေတယ် တချို့ငွေမရှိတော့ လယ်တွေမစိုက်ဖြစ်တာလည်းရှိတယ်” ဟု ကျိုက္မရောမြို့နယ် နိတုံကျေးရွာမှ ရေကျနောက်စိုက် လယ်သမားတဦးက ပြောသည်။

    စိုက်ရန်ကျန်ရှိနေသည့်လယ်မှာ ရေကျနောက်စိုက်လယ်များဖြစ်ပြီး ကျန်ရှိနေသောမြို့နယ်များမှာ ကျိုက္မရော၊ မုဒုံ၊ ရေးနှင့် ချောင်းဆုံမြို့နယ်တို့ဖြစ်သည်။

    ရေကျနောက်စိုက်ဧကအမျာဆုံးရှိသောမြို့နယ်မှာ ကျိုက်မရောမြို့နယ် ဖြစ်သည်ဟု မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ခရိုင်စိုက်ပျိုးရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

    မော်လမြိုင်ခရိုင် (၆) မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် ဧက (၅ဝ၅၆ဝဝ)  လျာထားပြီး စက်တင်ဘာလ ၂၇ ရက်နေ့အထိ စိုက်ပျိုးပြီးစီးမှုမှာ (၄၅ဝ၄၅၃) ရှိနေပြီး (၅၅၁၄၇) ဧက ကျန်ရှိနေသည်။ ကျန်ရှိနေသည့် ဧကများမှ ကျိုက္မရောမြို့နယ်တွင် (၂၅ဝဝဝ) ဧကကျော် ကျန်နေသည်ဟု ၄င်းဝန်ထမ်းက ဆက်ပြောသည်။

    တချို့လယ်မြေများသည် မိုးဦးကတည်းက ကြဲခင်းအဖြစ် စိုက်ခဲ့သော်လည်း ကြဲခင်းပျက်ပြီး ရေကျနောက်စိုက်အဖြစ် ချန်ထားသည့်လယ်မြေများတာကြောင့် ရေကျနောက်စိုက်ဧကအဖြစ် ကျန်များသည်ဟု ၄င်းလယ်သမားက ပြောသည်။

    မော်လမြိုင်ခရိုင် ကျိုက္မရောမြို့နယ်တွင် ရေနက်ကွင်းအများဆုံးရှိပြီး၊ အထူးသဖြင့် နိတုံကျေးရွာ၊ ကလိုင်းကနိုင်ရွာနှင့် ကွမ်းငန်းရွာ၊ မယ်ကရိုရွာ၊ တရနာရွာ၊ ကော့ဝမ်းရွာ၊ ခရုံလက်ပန်ရွာ၊ ရေးမြို့နယ်တွင် မော့ကနင်နှင့် လမိုင်း၊ မုဒုံမြို့နယ်တွင် ကွမ်တာ၊ ကော့ပရန်၊ ကလော့သော့ရွာများတွင် အများဆုံးဟု မော်လမြိုင်ခရိုင် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

    “စိုက်ပြီးသားစပါးပင်တွေ ခါတိုင်းနှစ်လို အပင်ပွားမကောင်းဘူး မိုးနည်းတော့ စပါးခင်းတွေ ပုံမှန်အစိမ်းရောင် သိပ်မရှိဘူး။ ကုန်းလယ်မြေတွေဆို ပိုသိသာတယ် အပင်တွေအဝါ ရောင်သမ်းနေတယ်၊ နောက်မိုးမသေချာရင် ရေကျနောက်စိုက်စပါး ဆက်စိုက်ဖို့မလွယ်ဘူး စိုက်ဧကလျော့သွားနိုင်တယ်” ဟု စိုက်ပျိုးရေးအရာရှိဟောင်းတဦးက ပြောသည်။

    မော်လမြိုင်ခရိုင်အတွင်း စိုက်ဧကလျာထားချက် (၅ဝ၅၆ဝဝ) ကို မိုးရွာသွန်းမှုကို အားကိုးပြီး မိုးစပါးအဖြစ် စိုက်ပျိုးနေရသော်လည်း မော်လမြိုင်ခရိုင်၏ ပျမ်းမျှမိုးရေချိန်မှာ လက္မ (၂ဝဝ) ခန့်ရှိပြီး ယခုနှစ်စက်တင်ဘာ ၂၅ ရက်နေ့အထိ မိုးရွာသွန်းမှုမှာ (၁၁ဝ) လက္မသာ ရှိသည်ဟု မော်လမြိုင်ခရိုင် စိုက်ပျိုးပြီးစီးမှုစာရင်းမှ သိရကာ နောက်စိုက်ပျိုးမည့် ရေကျနောက်စိုက်စပါးများနှင့် မုယင်းစပါးများအတွက် ဖြစ်ထွန်းအောင်မြင်ရန် မိုးရေချိန်လက္မ ထပ်မံလိုအပ်နေပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks