Homeသတင်းမြို့နယ်မယက ပညာရည်ချွန်ဆုချီးမြှင့်ပွဲစရိတ် ပေးရ

မြို့နယ်မယက ပညာရည်ချွန်ဆုချီးမြှင့်ပွဲစရိတ် ပေးရ

-

(ဆုပေးပွဲအခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော် မိန့်ခွန်းပြောကြားစဉ်)

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ဥက္ကဌတို့က မိမိတို့မြို့နယ်အတွင်းရှိ ၂၀၁၀ ခုနှစ် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းခံရမည့် ထူးချွန်ကျောင်းသူ/သားများနှင့် အောင်ချက်ကောင်း ကျောင်းများအတွက် စရိတ်ကို ပြည်နည်ဥက္ကဌအား ပေးဆောင်ရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် အောင်ချက်ပထမရရှိသော မွန်ပြည်နယ်နှင့် ခြောက်ဘာသာဂုဏ်ထူးရှင်၊ ငါး ဘာသာ နှင့် လေး ဘာသာဂုဏ်ထူးရှင်တို့အား ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်နှင့် မွန်ပြည်နယ် ပယက ဥက္ကဌ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက တက်ရောက်ချီးမြှင့်သည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

“ဒီဆုပေးပွဲက ကျပ် ၃၇၈ သိန်းလောက်ကုန်တယ်။ ကိုယ့်မြို့နယ်က ဆုရတဲ့သူများရင် မယကဥက္ကဌက ပေးရတာများတယ်” ဟု ကျောင်းအုပ်တစ်ဦးက ပြောသည်။ ခြောက်ဘာသာ ဂုဏ်ထူးရှင်အား ကျပ် ၁ သိန်းခွဲ၊ ငါးဘာသာဂုဏ်ထူးရှင်အား ကျပ် ၁ သိန်း၊ လေးဘာသာဂုဏ်ထူးရှင်အား ကျပ် ငါးသောင်းဆုချီးမြှင့်သည်ဟု သိရပါသည်။

ထူးချွန်ကျောင်းသူ/သားများအပြင် ကျောင်းသူ/သားအရေအတွက် ၁၀၀ ကျော် အောင်ခဲ့သည့်အထက်တန်းကျောင်း ၁၆ ကျောင်းနှင့် အောင်ချက် ၅၀ ရာခိုင်နှုန်းအထက် ကျောင်းမျာကို ကျပ် ၁၀ သိန်းစီ ဆုချီးမြှင့်ခဲ့သည်။

၂၀၁၀ ခုနှစ်တွင် မွန်ပြည်နယ်၌ ခြောက်ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၃၇ ဦးနှင့် လေးဘာသာဂုဏ်ထူးရှင် ၁၄၁ ဦးရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ခြောက်ဘာသာဂုဏ်ထူးရှင် ၇ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၂၇ ဦးနှင့် လေးဘာသာဂုဏ်ထူးရှင် ၇၁ ဦးရရှိခဲ့သည်။

မုဒုံမြို့နယ်မှ ရယကတစ်ဦးက “ရွာငယ်ဆိုရင် ၈ သောင်း ကျေးရွာကြီးဆိုရင် ၁ သိန်းလောက်ပေးရမယ်” ဟု ဇူလိုင်လအတွင်း မယကမှ ကျေးရွာဥက္ကဌများအား ညွန်းကြားထားခဲ့သည်။

၄င်းဆုပေးပွဲကို ကာကွယ်ရေးဝန်ကြီးမှ ၁၀ မိနစ်ခန့်နှင့် တိုင်းမှူးမှ ၅ မိနစ်ခန့်သာ မိန့်ခွန်းပြောကြားခဲ့သည်ဟု အခမ်းအနားတက်ရောက်သူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ၄င်းက “ဘာဖြစ်လဲတော့မသိဘူး၊ ၁ နာရီလောက်ပဲ အခမ်းအနားက ပြီးသွားတယ်။ မနှစ်က တစ်နာရီခွဲလောက်ကြာတယ်”။

၄င်းက ဝန်ကြီးမှ ကျောင်းသူ/သားများကို စာတက်မြောက်ဖို့သင်ကြားကြရန် မှာကြားခဲ့သည်။ ဆုချီးမြှင့်ပွဲကို သြဂုတ်လ ၉ ရက်တွင် မော်လမြိုင်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

၂၀၁၀ ခုနှစ်တွင် မွန်ပြည်နယ်မှ အောင်ချက်ပထမရရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှ ဒုတိယ၊ ရန်ကုန်တိုင်းမှ တတိယနှင့် ချင်းပြည်နယ်မှ စတုတ္ထ အသီးသီးရရှိခဲ့ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts