Homeသတင်းယူနီဆက်စာအုပ်ကို ကျောင်းသားများအားရောင်း

ယူနီဆက်စာအုပ်ကို ကျောင်းသားများအားရောင်း

-

ဟောင်းဒိန်။ ။ အစိုးရစာသင်ကျောင်းတွင် ယူနီဆက်ဗလာစာအုပ်ကြေးကို ကျောင်းသူ/သားများက ဝယ်ယူနေရသည်ဟု ကျောင်းသားမိဘများက ပြောသည်။

မွန်ပြည်နယ်၊ မုဒုံမြိုနယ် အထက်တန်းကျောင်းခွဲတစ်ခုတွင် ကျောင်းအပ်ခဲ့သည့်မိဘတို့က ဒုတိယတန်း ကျောင်းသင်ရိုးညွန်းတမ်း ကျောင်းသားတစ်ဦးအတွက် ၅၀၀၀ ကျပ် ဗလာစာအုပ်ကြေး ၅၀၀၀ ကျပ်ပေးရသည်ဟု ဒုတိယတန်း ကျောင်းသားမိဘ မိလှငွေက ပြောသည်။ ဗလာစာအုပ်ကြေး ၅၀၀၀ ကျပ် ပေးပြီး ယူနီဆက်တံဆိပ်ပါ ဗလာစာအုပ်ကိုသာ ရရှိခဲ့သည်။

ဒီနှစ်မှာ ယူနီဆက်တံဆိပ်ပါတဲ့ ဗလာစာအုပ်တစ်မျိုးပဲ ကျောင်းကနေရတယ်။ မနှစ်က ယူနီဆက်ကနေ ပေးထားတဲ့ လွယ်အိတ်ရော စာအုပ်ပါ စာသင်ကျောင်းကနေရတယ်” ဟု မိလှငွေက ပြောသည်။

ယူနီဆက်မှ လှူဒါန်းပေးထားသော်လည်း ကျောင်းသားတို့မှာ အလကားမရကြောင်း မိလှငွေက ပြောသည်။

စာအုပ်ထုတ်ဖို့ ၄၀၀၀ ကျပ် စေတနာကြေးနဲ့ ထောက်ပံ့ငွေက ၁၀၀၀ ကျပ်လို့ ကျောင်းသွားအပ်တဲ့အချိန်မှာ ဆရာမက ပြောတယ်” ဟု မိလှငွေက ပြောသည်။

အထက်တန်းကျောင်းအုပ်ဆရာမတစ်ဦးက မြန်မာအစိုးရမှ မူလတန်းကျောင်းသူ/သားများကို အခမဲ့စနစ်ဖြင့် ကျောင်းအပ်ခြင်းကို ကျင့်သုံးခဲ့သော်လည်း စာသင်ကျောင်းများသို့ ပေးသောငွေ မရှိခြင်းကြောင်း ဆရာ/မများက ကျောင်းသူ/သားများထံမှ ယခင်ကဲ့သို့ ကောက်ခံရခြင်း ဖြစ်သည်။

ကျောင်းဆောက်တာဆိုရင်လည်း အစိုးရက သူတို့ပေးသလောက်ပဲ သူတို့ပေးတယ်။ ကျန်တာမလောက်လို့ရှိရင် ရွာခံက ကျောင်းက စိုက်ရတယ်” ဟု ဆောက်လုပ်ဆဲကျောင်းတွင် စာသင်နေသော မူလတန်ပြ ဆရာမတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ပညာသင်နှစ်မှစ၍ မြန်မာတနိုင်ငံလုံးရှိ မြို့နယ် ၉ မြို့နယ်တို့တွင် ယူနီဆက်မှ ကျောင်းသူ/သားများကို သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားပေးရန် ၄င်း ၉ မြို့နယ်ရှိ ဆရာ/မတို့အား သင်တန်းပေးခဲ့သည်။

ပြီးခဲ့တဲ့နှစ် တစ်နှစ်ကပဲ မူလတန်းကျောင်းသူ/သားတွေအားလုံးကို လွယ်အိတ်နဲ့ စာအုပ် ယူနီဆက်ကပေးတယ်။ ဒီနှစ်မပေးဘူး” ဟု မူလတန်းပြဆရာမတစ်ဦးက ပြောသည်။

၂၀၀၈ ခုနှစ်တွင် ၄င်းသင်တန်းတက်ရောက်ခဲ့သည့် ဆရာမတစ်ဦးက ၂၀၀၉ ခုနှစ်တွင် ၄င်းမြို့နယ် ၉ မြို့နယ်တွင် စတင်အကောင်အထည်ဖော်ခဲ့သော်လည်း ယခုနှစ်တွင် အခြားမြို့နယ်၌ ယခုကဲ့သို့ အကောင်အထည်ဖော်ခြင်းကို မကြားမိသေးဟု ဆိုသည်။

သို့သော်လည်း ၄င်းကျောင်းရှိ စာသင်ခန်းတွင် ကျောင်းသူ/သားအရေအတွက်မှာ ၄၀ ကျော်ခန့်ရှိပြီး၊ တခန်းနှင့် တစ်ခန်း နီးကပ်နေသည့်အတွက် ကလေးများကို ထိန်းရသည်မှာ ခက်ခဲကြောင်း ကလေးများအားလုံး စာတတ်မြောက်အောင် သင်ကြားရာမှာ မလွယ်ကူကြောင်း မူလတန်းပြ ဆရာမတစ်ဦးက ပြောသည်။

ကျောင်းသူ/သားများအတွက် လမ်းစရိတ်၊ အထွေထွေကျာင်းစရိတ် အကုန်အကျများသော်လည်း ကလေးများမှာ စာမတတ်ကြောင်း ကလော့သော့တိုက်နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ အလယ်တန်းကျောင်းအတွက် ၁၅၀၀၀ ကျပ် အထက်တန်းကျောင်းအတွက် ၂၀၀၀၀ ကျပ် ကျောင်းအပ်စဉ် ကုန်ကျကြောင်း ခရီးစရိတ်အတွက် တစ်လလျှင် ၄၀၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း ကျောင်းသားမိဘတို့က ပြောသည်။

အထက်တန်းကျောင်းအုပ်ဆရာမတစ်ဦးက ကလေးတွေကို အတန်းတင်ပေးတဲ့စနစ်ကြောင့် အတန်းကြီးလာတော့ ဒုက္ခရောက်ရတယ်” ဟု ဆိုသည်။ အချို့ကျောင်းသူ/သားများသည် ဆရာ/မမှ သင်ကြားသော သင်ခန်းစာများကို မလိုက်နိုင်သည့်အတွက် စာသင်နှစ်မကုန်ဆုံးမီ ကျောင်းမှ ထွက်ကြရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts