spot_img
Wednesday, July 30, 2025
More
    spot_img
    Homeသတင်းမွန်နိုင်ငံရေးအကျဉ်းသားအတွက် ဆုတောင်းမေတ္တာပို့

    မွန်နိုင်ငံရေးအကျဉ်းသားအတွက် ဆုတောင်းမေတ္တာပို့

    -

    သံဃာတော်များအား နိုင်ယက္ခနိုင်ငံရေးသင်တန်းပို့ချစဉ်

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ ။ ။ ဇူလိုင်လ (၁၇) ရက်နေ့တွင် ကျရောက်သည့် မွန်နိုင်ငံရေး အကျဉ်းသား နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့ အကျဉ်းကျခံရသည့် () နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ပြည်တွင်း ပြည်ပအသီးသီးတွင် ကျင်းပခဲ့ကြပြီး ဆုတောင်းမေတ္တာပို့ကြသည်။

    ပြည်တွင်း အခမ်းအနားတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ ခေါင်းဆောင်အချို့၊ မွန်ရဟန်းပျိုအချို့၊ မြို့နယ်အသီးသီးရှိ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ မွန်လူငယ်များအပါအဝင် မွန်တက္ကသိုလ်ကျောင်းသားများ စုစုပေါင်း အယောက် (၇၀) ခန့် မော်လမြိုင်မြို့တွင် အခမ်းအနားကို ကျင်းပခဲ့ကြသည်။

    ၄င်းပြင် မလေးရှားရောက် မွန်လူငယ်များကလည်း အခမ်းအနားကို ကျင်းပခဲ့ကြပြီး၊ လူငယ်ရာကျော် တက်ရောက်ခဲ့ကြသည်။ ဇူလိုင်လ (၁၇) ရက်နေ့သည် ထိုမွန်နိုင်ငံရေး အကျဉ်းသား နှစ်ဦး၏ အကျဉ်းကျခံရသောနေ့ ဖြစ်သော်လည်း အားလပ်ရက်ဖြစ်သော ဇူလိုင်လ (၁၈) ရက် တနင်္ဂနွေနေ့တွင်သာ မလေးရှားနိုင်ငံ၌ ကျင်းပနိုင်ခဲ့သည်။

    ထိုနည်းတူ ထိုင်းမြန်မာ နယ်စပ်ရောက် မွန်လူငယ်များကလည်း သံဃာတော်များကို ပင့်ဖိတ်လှူဒါန်းကာ ဆုတောင်းမေတ္တာပို့သကြသည်။

    ၂၀၀၃ ခု ဇူလိုင် (၁၇) ရက်တွင် မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီဝင် နိုင်ယက္ခ၊ နိုင်မျိုးသွေးနှင့် အဖွဲ့ဝင် () ဦးကို လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ရှေ့နေ ဦးအေးမြင့်၊ Eleven အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေး နှင့်အတူ နိုင်ငံတော်ပုန်ကန်မှုဖြင့် ဖမ်းဆီးခဲ့ပြီး သေဒဏ်ချမှတ်ခဲ့သည်။

    အယူခံဝင်ရာမှ ၎င်းတို့ () ဦးအနက် နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲချမှတ်ခဲ့ပြီး () ဦး ပြန်လည် လွတ်မြောက်ခဲ့သည်။ တစ်ဦးမှာ ထောင်တွင်း၌ သေဆုံးခဲ့သည်။

    နိုင်ယက္ခသည် မွန်ပြည်သစ်ပါတီ၏ စည်းရုံးရေးမှူးတစ်ဦး ဖြစ်ပြီး ရဟန်းသံဃာများနှင့် လူငယ်များအား နိုင်ငံရေးသင်တန်းများ ပို့ချခြင်းကြောင့် မွန်လူမျိုးများအကြား လူသိများသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

    နိုင်ယက္ခကို ယခု အင်းစိန်ထောင် တိုက် () အခန်း () တွင် ဆက်လက်ထိန်းသိမ်းထားပြီး၊ နိုင်မျိုးသွေးကို ယခင်နှစ်တွင် အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts