Homeသတင်းပေါ်တာအဖမ်းဆီးခံထားရသူသုံးဦးအနက် တစ်ဦးထွက်ပြေးလွတ်မြောက်လာ

ပေါ်တာအဖမ်းဆီးခံထားရသူသုံးဦးအနက် တစ်ဦးထွက်ပြေးလွတ်မြောက်လာ

-

မြန်မာစစ်တပ်များ တင်ရင်းမှ စစ်ကြောင်းထွက်စဉ်

ဂျူရီချိုင်း။  ။ ကရင်ပြည်နယ်၊ အနန်းကွင်းဘုးရားသုံးဆူဒေသအကြား လှုပ်ရှားနေသည့် ခမရ ၄၀၉ တပ်ရင်း စစ်ကြောင်းမှ ပေါ်တာအဖြစ် ဖမ်းဆီးထားသည့် မွန်ပြည်သစ်ပါတီ အရန်တပ်ဖွဲ့ဝင်သုံးဦးအနက် ယမန်နေ့က တစ်ဦးထွက်ပြေး လွတ်မြောက်လာသည်။

အဆိုပါ မွန်ပြည်သစ်ပါတီ အရန်တပ်ဖွဲ့ဝင်သုံးဦးကို ပြီးခဲ့သောဇူလိုင်လ (၁၂) ရက်နေ့၌ စောသဗျုရွာအနီးမှ ပေါ်တာအဖြစ် ခေါ်ဆောင်သွားခဲ့ပြီး အလွန်လေးလံသည့်ပစ္စည်းများဖြင့် အပလုံရွာအထိ ထမ်းခိုင်းကြောင်း လွတ်မြောက်လာသူ နိုင်ချမ်းလွန်က ပြောသည်။

ကျွန်တော်တို့ကို ရိုက်နှက်တာတွေ မလုပ်ပေမယ့် အသက်အန္တရာယ်နဲ့ အင်မတန်နီးတာမို့ သိပ်ကြောက်တယ်၊ တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တယ်၊ ဒါကြောင့် နေ့လည် ၁၂ နာရီလောက်မှာ ထွက်ပြေးလာတာ ညနေမိုးချူပ်မှ အိမ်ပြန်ရောက်တယ်” ဟု ၄င်းက ပြောသည်။

ထို့အတူ ပေါ်တာအဖြစ်ထပ်မံဖမ်းဆီးခံရထားသော တဒိင်ရွာသားနှစ်ဦးအနက် သူနှင့်အတူ တစ်ဦးထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု နိုင်ချမ်းလွန်က ပြောပြသည်။

အဆိုပါပြန်လွတ်လာသူများကို ဘုရားသုံးဆူမြို့ရှိ သက်ဆိုင်ရာမွန်ပြည်သစ်ပါတီအရာရှိတို့က တွေ့ဆုံမေးမြန်းခဲ့ပြီး ဖြစ်စဉ်ကို ခလရ ၃၂ တပ်ရင်းမှူးထံ ဆက်လက်တင်ပြခဲ့ရာ ကျန်သူအားလုံးကိုလည်း ပြန်လွှတ်ပေးပြီးဟု ပြောကြားခဲ့ကြောင်း မွန်ပြည်သစ်အရန်တပ်ဖွဲ့ဝင် ဥက္ကဌက ပြောသည်။

သူတို့တပ်ရင်းမှူးပြောတော့ ပြန်လွှတ်ပေးလိုက်ပြီး လိမ်ပြောတာလား ဘာလားတော့ မသိဘူးလေ ပြန်ရောက် မရောက်ကိုတော့ ဆက်စုံစမ်းကြည့်ဦးမယ်” ဟု ၄င်းက ပြောသည်။

အဆိုပါ ခမရ ၄၀၉ စစ်ကြောင်းသည် ယခုအခါ ကရင်ပြည်နယ်၊ တောင်စွန်းအနီးရှိ မယ်ဇလီရွာတွင်ရောက်ရှိနေသည်ဟု သိရသည်။

ဒုဗိုလ်မှူးကြီး ကျော်စိုးလွင်ဦးစီးသော ခမရ ၄၀၉ တပ်ရင်းသည်  စစ်ကြောင်းအင်အား အရေအတွက် ၄၀ နီးပါးရှိကြောင်း လွတ်မြောက်လာသူက ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအပစ်ခတ်ရပ်စဲသဘောတူညီချက်တစ်ရပ်တွင် မည်သည့်တပ်ဖွဲ့မှပေါ်တာဖမ်းဆီးခြင်း မပြုရဟု သဘောတူညီမှု ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts