Homeသတင်းခြင်သတ်ဆေးဖျန်းလိုလျှင် ငွေပေးပြီး ဖျန်းနိုင်

ခြင်သတ်ဆေးဖျန်းလိုလျှင် ငွေပေးပြီး ဖျန်းနိုင်

-

ဂျူရီီချိုင်း ။    ။ မွန်ပြည်နယ် မုဒုံမြို့ပေါ် ရပ်ကွက်တိုင်းရှိ အိမ်များ ခြင်းသတ်ဆေးဖျန်းလိုပါက ကျန်းမာရေးဌာနသို့ အ  ကြောင်းကြား ငွေပေးဆောင်ပြီးမှ လာရောက်ဖြန်းပေးနေသည်။

ခြင်းသတ်ဆေးဖျန်းလိုလျှင် တစ်အိမ်ကို ငွေကျပ် ၁ သိန်း ပေးဆောင်ပြီးမှ ဖျန်းပေးနေကြောင်း၊ တချို့အိမ်ဆိုလျှင် ကျပ်ငွေ ၂ သိန်းထိ ပေးနေရကြောင်း ဖျန်းလိုသည့်အိမ်များ မြို့ပေါ်ရှိ ကျန်းမာရေးဌာနသို့ အကြောင်းကြားပြီးမှ ဖျန်းပေးနေသည်ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။

“ကိုယ့်အိမ်တစ်အိမ်အတွက်ပဲဖျန်းနိုင်တယ်လေ၊ ရပ်ကွက်နဲ့ဆိုတော့ ပေးရတာများတယ်လေ မတက်နိုင်ဘူး” ဟု ငွေပေးပြီး ခြင်သတ်ဆေးဖျန်းထားသည့် အထက်ပါ မြို့ခံက ပြောသည်။

ကျန်းမာရေးဌာနသို့ တစ်အိမ်စာအတွက်သာ ငွေ ၁ သိန်းပေးပြီး ပြောထားသည့်အတွက် တစ်အိမ်စာဝန်းကျင်အတွက်သာ ဆေးဖျန်းသူတို့က ဖျန်းပေးပြီး၊ ကျန်အိမ်တွေကို မဖျန်းပေးဘူးဟု ၎င်းက ဆက်ပြောသည်။

မုဒုံမြို့ပေါ်တွင် ခြင်ကြောင့် ခြင်မှတဆင့် ကူးစက်ရောဂါဖြစ်ပွားနေပြီး သွေးလွန်တုတ်ကွေး ငှက်ဖျားအစရှိသည့်ရောဂါတွေကို အများအပြားဖြစ်ပွားနေသည့်အတွက် ငွေကြေးရှိ တချို့မြို့ခံတွေက ယခုလို ငွေကြေးပေးပြီး ခြင်ဆေးဖျန်းနေကြသည်ဟု မြို့ခံတို့က ပြောသည်။

“ခါတိုင်းနှစ်ဆို အိုးခွက်တွေမှာ ခြင်းမဥနိုင်အောင် မရှိအောင်ပေါ့ အိမ်တိုင်းဝင်ပြီး ကာကွယ်ဖို့အတွက် လိုက်လံဆောင်ရွက်ပေးတာမျိုးရှိတယ်၊ ဘယ်အဖွဲ့လဲတော့ မှတ်မိတော့ဘူး၊ ဒီနှစ်မှာတော့ အဲလိုမျိုး လုပ်တာလဲမရှိတော့ဘူး” ဟု ငွေကြေးမပေးနိုင်၍ ခြင်ဆေးမဖျန်းနိုင်သူ မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေအရ မုဒုံမြို့တမြို့လုံးရှိ ငွေကြေးသတ်နိုင်သည့် အိမ်တော်တော်များများမှာ ခြင်ဆေးဖျန်းနေကြပြီး၊ ငွေကြေးမရှိသူတို့အတွက် ဒီအတိုင်းသာ နေနေကြရကြောင်း ၎င်းက ဆက်ပြောသည်။

“သိန်းဂဏန်နဲ့ ပေးရမယ်ဆိုတော့ မဖျန်းနိုင်ပါဘူး၊ ငွေကြေးရှိတဲ့အိမ်တွေတော့ ဖျန်းနေကြတာပဲ၊ ကျမတို့အိမ်တော့ မဖျန်းနိုင်ဘူး” ဟု ၄င်းက ပြောသည်။

ယခုကဲ့သို့ မိုးရာသီဝင်လာချိန်မှာ ကျေးရွာတိုင်းလိုလို ကျန်းမာရေးဌာနမှ ဦးဆောင်ပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ရေဝင်နိုင်သည့် အိုးခွက်တွေမှာ ခြင်မပေါက်ပွားနိုင်အောင် လိုက်လံဆောင်ရွက်ပေးနေကြသည်။

နေ့ခင်းဘက်မှာကိုက်တက်သည့် Aedes aegypti နှင့် Aedes Albopictus  ဟုခေါ်သည့် ခြင်အမျိုးအစားတွေကြောင့် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားရကြောင်း၊ ၄င်းရောဂါမှာ ၂၀၁၀ ခုနှစ်စဝင်ကတည်းက စတင်ဖြစ်ပွားနေပြီး ဆက်လက်လည်းဖြစ်ပွားနေကြောင်း မော်လမြိုင်မြို့ပေါ်တွင် ဆေးခန်းဖွင့်ထားသည့် ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

ဇွန်လအတွင်းတွင် သွေးလွန်တုတ်ကွေးရောဂါစတင်ဖြစ်ပွားနေပြီး ခလေးများသာမက လူကြီးများလည်း အဖြစ်များကာ အများအားဖြင့် မော်လမြိုင်မြို့၊ မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်မှာ အဖြစ်များနေသည်။

ဆက်စပ်သတင်း

1 COMMENT

  1. Good blog, where did you come up with the knowledge in this piece of content? I’m glad I found it though, ill be checking back soon to see what other articles you have.

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts