Homeသတင်းလိုင်စင်မဲ့ကားများကို လိုက်လံဖမ်းဆီး

လိုင်စင်မဲ့ကားများကို လိုက်လံဖမ်းဆီး

-

ဂျူရီချိုင်း။  ။မွန်ပြည်နယ်၊ ရေးမြို့တွင် အာဏာပိုင်တို့က လိုင်စင်မဲ့ကားများကို ယခုလ ၁၈ ရက်နေ့မှ စ၍ လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

ရေးမြို့အတွင်း နယ်စပ်မှ တင်သွင်းလာသည့် လိုင်စင်မဲ့ကားများနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို လိုက်လံဖမ်းဆီးနေကြောင်း၊ မြိ့ုတွင် နေရာအနှံတွင် စောင့်ပြီး ဖမ်းဆီးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဘယ်သူ့ကား ဖမ်းမိထားတယ်၊ ဘယ်လောက်ဖမ်းမိထားတယ် လို့တော မကြားရသေးဘူး၊ လိုင်စင်မရှိတဲ့ ကားတွေနဲ့ ဆိုင်ကယ်တွေက့  မြို့ထဲ မဝင်ရဲကြဘူး” ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့်နှစ် ဖမ်းဆီးစဉ်များတွင် ယာဉ်ထိန်းများနှင့် ပြည်သူ့စစ်များက စောင့်ဖမ်းခြင်း ဖြစ်ပြီး ယခုနှစ်တွင် စစ်ဝတ်စုံဖြင့် ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း မည့်သည့်အဖွဲ့မှ ဖမ်းဆီးခြင်း ဖြစ်သည်ကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

“နေ့တိုင်းတော့ မစောင့်ဘူး၊ ဘယ်နေ့ ဆက်ဖမ်းဦးမယ် ဆိုတာလဲ မသိသေးဘူး၊ ရက်အကန့်အသတ်လည်း မရှိဘူး၊ သူတို့ကြိုက်တဲ့အချိန် ဖမ်းနိုင်တယ်” ဟု ရေးမြိုခံ တစ်ဦးက ပြောသည်။

ဇွန်လကုန်အထိ လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်လုပ်ခွင့်ပေးမည်ဟု စစ်အစိုးရက ဇွန်လဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် ၂၀၀၄-၂၀၀၅ ခုနှစ်တွင်လည်း လိုင်စင်မဲ့ကားများကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ မြိ့ုနယ်အလိုက် သတ်မှတ်ထားသော နေရာများတွင် လာရောက်အပ်နှံရန်နှင့် လာရောက်မအပ်နှံသော ကားပိုင်ရှင်များ ထောင်ဒဏ်သုံးနှစ် ကျခံရမည် ဖြစ်ကြောင်း စစ်အစိုးရက အမိန့်ထုတ်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts