spot_img
Saturday, January 18, 2025
More
    spot_img
    Homeသတင်းမြဝတီမြို့ရွှေဆိုင် ဓါးပြမှု တရားခံ မမိသေး

    မြဝတီမြို့ရွှေဆိုင် ဓါးပြမှု တရားခံ မမိသေး

    -

    အာကာ။  ။မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရွှေမြင်းဝန်ဘုရားကြီးအရှေ့ဘက်မုခ် ရွှေဆိုင်တစ်ဆိုင် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ဓါးပြတိုက်ခံရပြီး ပိုက်စိပ်တိုက် ရှာဖွေနေသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း အမည်မဖေါ်လိုသည့် ရဲဝန်ထမ်းတစ်ဦးကပြောသည်။

    “ရွှေတွေထည့်ထားတဲ့ မှန်ဘီဒိုကို ခြောက်လုံးပြူးဒင်နဲ့ ရိုက်ခွဲပြီး ရွှေတွေကို ကြုံးယူသွားတာ၊ ဘေးကလူတွေက ငိုင်ပြီး ရပ်ကြည့်နေကြတယ်၊ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုခုလို့ ထင်မှတ်နေကြတော့ ဆိုင်ရှင်တွေကို ဘာအကူအညီမှ မပေးရဲကြဘူး” ဟု ဖြစ်စဉ်ကို ၄င်းက ပြောပြသည်။

    ရဲစခန်း တိုင်ကြားချက်၌ ဆုံးရှုံးမှုတန်ဖိုး မြန်မာကျပ်ငွေအားဖြင့် သိန်းသုံးရာခန့် ရှိသည်ဟု သိရသည်။

    ဦးသန်းအောင် ဒေါ်ရွှေသန့်၏ ရွှေဆိုင်အား အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးက ခြောက်လုံးပြူး (၂) လက်ဖြင့် ဓါးပြတိုက်ခဲ့ခြင်း ဖြစ်သည်။

    “ဓါးမြတွေ သေနတ်နှစ်ချက် ဖေါက်သွားပြီး ဆိုင်ကယ်နဲ့ ပြန်ထွက်သွားတာပဲ၊ နောက်မှ လုံခြုံရေးတွေ ဘာညာတွေ လာစစ်ဆေးတာ ရှိတယ်၊ ဘယ်သူဘယ်ဝါရယ်လို့ အနံ့တောင်မသိရသေးဘူး၊ ကျနော်တို့တော့ ဒီကနေ့ ဆိုင်ပိတ်လိုက်တယ်” ဟု ထိုရွှေဆိုင်နှင့် မနီးမဝေးရှိ မွန်အမျိုးသား ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

    ဓားပြတိုက်မှု ဖြစ်ပွားပြီး မကြာမီတွင် ရွှေဆိုင်သို့ ရဲများ ရောက်ရှိလာပြီး အနီးအနားရှိ ဆိုင်ရှင်များနှင့် အလုပ်သမားများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

    ညပိုင်းတွင် လုံခြုံရေးများ တိုးမြှင့်ချထားပြီး ယနေ့တွင်လည်း ပိုက်စိပ်တိုက် ဆက်လက်ရှာဖွေနေကြောင်း ဓားပြတိုက်ခံရသော ရွှေဆိုင်အနီးမှ ကုန်စုံဆိုင်ရှင်တစ်ဦးက ပြောသည်။

    မြဝတီမြို့သည် အရေးကြီးသည့် နယ်စပ်မြို့တစ်မြို့ ဖြစ်သည့်အတွက် လုံခြုံရေးအထူးတင်းကျပ်သည်။

    ထို့အပြင် အပစ်ရပ်အဖွဲ့များ ဖြစ်သည့် ဒီကေဘီအေ၊ ကေပီအက်ဖ်၊ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့များ မြဝတီမြို့ပေါ်တွင် အခြေချနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,100SubscribersSubscribe
    spot_img

    Latest posts