spot_img
Wednesday, February 18, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်မျှော်လေလေဝေး ငြိမ်းချမ်းရေး

    မျှော်လေလေဝေး ငြိမ်းချမ်းရေး

    -

    မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများသည် မိမိတို့၏ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးအတွက် ဥပဒေဘောင်အတွင်း တိုက်ပွဲဝင်ခြင်းဖြင့်လည်းကောင်း၊ လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲခြင်းဖြင့်လည်းကောင်း နှစ်ပေါင်း (၆၀) ကျော် တိုက်ပွဲဝင်ခဲ့ပေသည်။ လွန်ခဲ့သည့် (၁၅) နှစ်ကာလခန့်က တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့ခြင်းမှာ ငြိမ်းချမ်းရေးကို မျှော်လင့်ခြင်းသာ ဖြစ်ပေသည်။

    သို့ရာတွင် မကြာသေးခင်းကပင် စစ်အစိုးရမှ ငြိမ်းချမ်းရေးကို ဟန့် တားခဲ့ပေသည်။ ၂၀၀၄ ခုနှစ် စစ်အစိုးရမှ အမျိုးသားညီလာခံ ကျင်းပသည့်အခါတွင်လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား အတည်ပြုရာတွင်လည်းကောင်း၊ စစ်အစိုးရမှ တိုင်းရင်းသားတို့၏ အခွင့်အရေးအား ထည့်မတွက်ခဲ့ပေ။ ပြည်တွင်းနိုင်ငံရေး ပြဿနာအား ဖြေရှင်းလိုစိတ်မရှိပေ။ ၄င်းတို့အာဏာတည်မြဲရေးအတွက် လမ်းပြမြေပုံ () ရပ်ကို ရေးဆွဲရာတွင် တိုင်းရင်းသားတို့၏ အခန်းကဏ္ဍ မပါဝင်ပေ။

    မကြာသေးခင်က စစ်အစိုးရမှ တိုင်းရင်းသားအပစ်အခတ်ရပ်စဲရေး အင်အားစုများအား ၄င်းတို့၏တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူစစ်တပ်အဖြစ်သို့ ပြောင်းလဲပစ်ရန် တောင်းဆိုခြင်းသည် ပြည်တွင်းစစ်အသစ်ကို ဖိတ်ခေါ်ခြင်းသာဖြစ်ပေသည်။ တိုင်းရင်းသားများအနေဖြင့် ၄င်းတို့၏ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး မရရှိမခြင်း ၄င်းတို့၏တပ်ဖွဲ့ကို မည်သူကိုမှ ဝကွက်အပ်မည်မဟုတ်ပေ။

    မွန်၊ ကချင်၊ ဝနှင့် ရှမ်းလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များသည် စစ်အစိုးရအား နှစ်ပေါင်းရှည်ကြာ တိုက်ပွဲဝင်ပြီးနောက်၊ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူခြင်းသည် မိမိတို့နယ်မြေဒေသတွင် ငြိမ်းချမ်းရေးရရှိလိုပြီး၊ မိမိတို့၏အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးအား ကျင့်သုံးလိုသောကြောင့်ဖြစ်ပေသည်။ ကရင်၊ ကရင်နီ၊ (ကယား)နှင့် ချင်းလူမျိုးစုတို့ကား စစ်အစိုးရအား ဆက်လက်တော်လှန်ဆဲ ဖြစ်ပေသည်။ လူမျိုးစုတော်လှန်ရေးအင်အားစုတို့၏ ပန်းတိုင်ကား စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ကာ မိမိတို့ပြည်နယ်ဒေသတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးအား အပြည့်အဝအသုံးပြုလိုပြီး စစ်အစိုးရ (သို့မဟုတ်) ဗဟိုအစိုးရမှ လွတ်လပ်လိုပေသည်။

    ယခု မြန်မာနိုင်ငံအခြေအနေကား၊ စစ်အစိုးရသည် လက်နက် အင်အားစုဖြင့် စုစည်းထားပေသည်။ တိုင်းရင်းသားလူမျိုးစုတို့၏ နယ်မြေဒေသများကို တိုက်ယူပြီး၊ တိုင်းရင်းသားတို့၏ သံယံဇာတများအား ရောင်းချကာ လူမျိုးစုလက်နက်ကိုင်အင်အားများကို တိုက်ခိုက်ကာ တိုင်းရင်းသားတို့အား မြန်မာနိုင်ငံမှ နှင်ထုတ်ခဲ့ပေသည်။ တချိန်တည်းတွင် တိုင်းရင်းသားတို့၏ စာပေယဉ်ကျေးမှု အခွင့်အရေးများကိုပိတ်ပင်ကာ လူမျိုးဝါးမြိုမိရေးဝါဒကို ကျင့်သုံးခဲ့ပေသည်။

    နှစ်ပေါင်း (၆၀) ကျော်ကြာ ဗမာလူမျိုး ဗဟိုပြုစစ်အစိုးရအား နိုင်ငံရေး၊ စစ်ရေး သတမန်ရေးနည်းလမ်းမျိုးစုံဖြင့် တိုက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားများသည် နိုင်ငံရေး၊ စစ်ရေးနှင့် အခြားအတွေ့အကြုံများ ရင့်ကျက်ခဲ့ပြီး ဖြစ်ပေသည်။ ယခင်ကကဲ့သို့ လွယ်လွယ်ကူကူဖြင့် လိမ်လည်၍မရပေ။

    တိုင်းရင်းသားလူမျိုးစုများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ မပြုလုပ်ပါက ပြည်တွင်းစစ်က ပိုမိုကြီးမားကျယ်ပြန့်သွားပေမည်။ မြန်မာနိုင်ငံ ပြည်သူတရပ်လုံးနှင့် တိုင်းရင်းသားလူမျိုးစုများ မျှော်လင့်သောငြိမ်းချမ်းရေးသည် ကြာလေဝေးလေပင် ဖြစ်ပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks