Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားပညာရေးကျောင်း ယခင်နှစ်ထက် အောင်ချက်ကောင်း

    မွန်အမျိုးသားပညာရေးကျောင်း ယခင်နှစ်ထက် အောင်ချက်ကောင်း

    -

    မင်းတော်လဝီ

    မွန်ပညာရေး ကော်မတီ အုပ်ချုပ်မှုအောက်ရှိ ကျောင်းများမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားသည့် ကျောင်းသားအောင်ချက်မှာ ယမန်နှစ်ကထက် ပိုများကြောင်း သိရသည်။

    ဇွန်လ ၁၃ ရက်နေ့မှ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ချက်အရ မွန်အမျိုးသားပညာရေးကော်မတီကျောင်းမှ ဖြေဆိုထားသည့် ကျောင်းသားများ  ယခုနှစ်ကထက် အောင်ချက်ကောင်းပြီး ဂုဏ်ထူးလည်း အထွက်များကြောင်း သိရသည်။

    မွန်အမျိုးသားပညာရေးကျောင်းမှ ၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှာ ကျောင်းသား ၇၆ ယောက် ဖြေဆိုထားပြီး ၂၇ ယောက် အောင်မြင်ကြသည်။ ယခုနှစ်မှာ ကျောင်းသား ၇၉ ယောက် ဝင်ဖြေဆိုထားသည့်အနက် ၃၄ ယောက် အောင်မြင်ကြသည်။

    “အခုလို ကျောင်းသားတွေ အောင်ချက်ကောင်းလာတာဟာ ကျောင်းသားတွေ ကြိုးစားအားထုတ်မှု၊ ပညာရေးအပေါ် အလေးထားမှု၊ ကြိုးစားမှုတွေရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်” ဟု မွန်ပညာရေး ကော်မတီကျောင်းမှ ကျောင်းဆရာမတစ်ဦးက ပြောသည်။

    မွန်အမျိုးသားပညာရေး အထက်တန်းကျောင်း သုံးကျောင်းရှိသည့်အနက် ဗဟိုဝန်းကျင်ဒေသရှိ အထက်တန်းကျောင်းမှာ ကျောင်းသား ၂၄ ယောက်အနက် ၁၆ ယောက်အောင်ပြီး၊ ရေးမြို့နယ် အံဒင်ကျေးရွာမှ ၂၆ ယောက်မှ ၇ ယောက်အောင်ကာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဝင်ကဘာကျေးရွာမှ ၂၉ ယောက်ဝင်ဖြေကာ ၁၁ ယောက် အောင်မြင်ကြသည်။

    ထိုအောင်သွားသည့် ကျောင်းသားစုစုပေါင်း ၃၄ ယောက်အနက် တစ်ဘာသာဂုဏ်ထူးရရှိသည့် ကျောင်းသား ၆ ယောက် ပါဝင်သည်။

    “တက္ကသိုလ်ဝင်တန်းကို ကျောင်းသားတိုင်းက အောင်ချင်ကြတယ်၊ ဂုဏ်ထူးထွက်တဲ့ ကျောင်းသားတွေက တစ်ဘာသာစီ ၆ ယောက် ရတယ်ဆိုတော့ အောင်တဲ့သူအားလုံးရဲ့ ၁၅ ရာခိုင်နှုန်း ရှိနေတယ်၊ တောနယ်က ကျောင်းတကျောင်းအနေနဲ့ ဂုဏ်ယူတယ်လို့” အံဒင်းရွာမှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

    “အထူးသဖြင့် မြို့ကြီး ပြကြီးမှာ သင်ထောက်ကူပစ္စည်းတွေ ပြည့်စုံတယ်၊ ဆရာ ဆရာမတွေလည ပည့်စုံတယ် နောက်ပြီး ကျူရှင်တွေလည်း ကောင်းကောင်းနဲ့ ငွေရေး ကြေးရေး ပိုသုံးနိုင်ရင် ဂုဏ်ထူးများများ ထွက်နေတာက မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်တခုလို ဖြစ်နေတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်ကဘာမွန်အမျိုးသားကျောင်းက အနားယူသွားသည့် ဆရာတစ်ဦးက ပြောသည်။

    မွန်ပညာရေး ကော်မတီမှ တည်ထောင်ထားသည့် မွန်အမျိုးသားကျောင်း (၁၅၄) ကျောင်းနှင့် အစိုးရကျောင်းနှင့် ပူးတွဲသင်ကြားနေသည့် ကျောင်းပေါင်း (၁၁၈) ကျောင်း ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks