spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းမြန်မာ့ဒီမိုကရေစီအရေးကို တိုင်းရင်းသား အဖွဲ့အစည်းများ နှီးနှောဆွေးနွေးခဲ့

    မြန်မာ့ဒီမိုကရေစီအရေးကို တိုင်းရင်းသား အဖွဲ့အစည်းများ နှီးနှောဆွေးနွေးခဲ့

    -

    မင်းအာသံ

    မလေးရှားနိုင်ငံရောက် တိုင်းရင်းသားအဖွဲ့အစည်းများသည် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်လုပ်ဆောင်သွားနိုင်ရန်အတွက် နှီးနှောဆွေးနွေးပွဲတရပ်ကျင်းပခဲ့သည်။

    ဇွန်လ ၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (လွတ်မြောက်နယ်မြေ)၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) နှင့် ဇိုမီအမျိုးသားကော်စီ (လွတ်မြောက်နယ်မြေ) အဖွဲ့စည်းသုံးဖွဲ့တို့မှ ဦးဆောင်ပြီး စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်သွားနိုင်ရန် ဆွေးနွေးတိုင်ပင်မှုများရှိခဲ့သည်။

    ထိုအစည်းအဝေးမှာ မလေးရှားနိုင်ငံရှိ မြန်မာ့တိုင်းရင်းသားခေါင်းဆောင်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များဖြစ်ကြသော မွန်၊ ကရင်၊ ချင်၊ ကချင်၊ ကယား၊ ရှမ်းနှင့် ရခိုင်တို့မှ စုစုပေါင်း ၁၈ ဦး တက်ရောက်ပြီ၊ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သွားရန် ကော်မတီအဖွဲ့ ဖွဲ့စည်းသွားမည်ဟု မလေးရှားအခြေစိုက် မွန်လူမှုရေး အကူအညီပေးရေး အသင်းမှ ဒု-ဥက္ကဋ္ဌ နိုင်သဟိုင်းမွန်က ပြောသည်။

    “အဓိကကတော့ ရွေးကောက်ပွဲကို ပြည်ပရောက် တိုင်းရင်းလူမျိုးစုတွေ တစ်ဖက် တစ်လှမ်းက ပါဝင်ဆန့်ကျင်သွားဖို့ပါပဲ ဒါပေမဲ့ ကျနော်တို့ မွန်တွေအနေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စကားလုံးတွေကို အစည်းအဝေးမှာ သိပ်ပြီး ထည့်မပြောသွားဘူး၊ ရနိုင်တဲ့နည်းလမ်းနဲ့ နိုင်ငံရေးလှုပ်ရှားနေတာတော့ ရှိတယ်”ဟု ၄င်းက ဆက်ပြောသည်။

    လက်ရှိအခြေနေမှာ မလေးရှားနိုင်ငံအခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် (လွတ်လပ်နယ်မြေ) အဖွဲ့ဝင်များ နယ်မြေအလိုက်ဆင်းပြီး ပြည်တွင်း အင်အားစုများကို တတ်နိုင်သလောက် အားပေးကူညီသွားပြီး၊ မလေးရှားရောက် တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေကိုလည်း စည်းရုံးလှုံ့ဆော်သွားရန် သုံးပါတီ ပူးပေါင်းပြီး ဆုံးဖြတ်ခဲ့သည်ဟုု အမျိုးသားရေးဒီမိုကရေစီအဖွဲ့ချူပ် (လွတ်မြေက်နယ်မြေ) ဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။

    “ကျနော်တို့က ၅ လပိုင်းကနေစတင်ပြီး လူပ်ရှားမှုတွေလုပ်နေပါတယ်၊ မလေးရှားမှာ တိုင်းရင်းသားတွေရှိတဲ့ မြို့နယ်တွေမှာ သွားြပီးတော့ စည်းရုံးရေးတွေ လုပ်နေပါတယ် ဟု အဆိုပါ ဥက္ကဋ္ဌက ပြောသည်။

    ပည်တွင်း၊ပည်ပမှာရာက်ရှိနေသည့် လူမျိုးစုများနှင့် နိုင်ငံရေးအဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် တိုင်ပင်နှီးနှော၍မန်မာ့ဒီမိုကရေစီရေးအတွက် ဟန်ချက်ညီညီ လှုပ်ရှားသွားရမည့့်နာက်ဆုံး အချိန်ရောက်နေပါြပီ ဖက်(ဖ်)ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံပေါ်ပေါက်လာရေးအတွက် တိုင်ပင်နှီးနှောရန်နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု၊ (Campaign) နှင့်အတူ ပူပေါင်းစေသည့် ရည်ရွယ်ချက်ဖြင့် ယခု ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်သည်။

    “နိုင်ငံတကာ အန်ဂျီအိုတွေနဲ့ နအဖ စစ်အာရှင်တေွအပါဝင် ဗမာနဲ့ တိုင်းရင်းသားတွေအပေါ် သွေးခွဲနေကျတာကို ကျနော်တို့တတွေကပါ ဒီရေစီးကြောင်းမှာ မြောပါသွားမယ်ဆိုရင် ဒီမိုကရေစီဆိုတာ အလှမ်းေ၀းနေအုံးမှာပါ၊ ဒါကြောင့် သူတို့သွေးခွဲမူကို စည်းလုံးခြင်းနဲ့ သက်သေပြဖို့ အချိန်ရောက်နေပြီဆိုတာ တိုင်းရင်းသားပြည်သူအားလုံး သဘောပေါက် နားလည်စေချင်ပါတယ်လို့” အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (လွတ်လပ်နယ်ေမြ) ဥက္ကဋ္ဌမှ ဆက်လက်တိုက်တွန်းသွားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks