Homeသတင်းနိုင်အောင်နိုင်အဖွဲ့မှ အခြေခံစစ်သင်တန်း ပေးနေပြီ

နိုင်အောင်နိုင်အဖွဲ့မှ အခြေခံစစ်သင်တန်း ပေးနေပြီ

-

ယခင်မွန်ပြည်သစ်ပါတီ စစ်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဗိုလ်ချူပ်အောင်နိုင်

IMNA,

ပြည်သူ့စစ်တပ်အသွင်ပြောင်းမည့် နိုင်အောင်နိုင်ဦးဆောင်တပ်ဖွဲ့မှ စုဆောင်းရရှိထားသည့် တပ်သားသစ်များကို မေလပထမပတ်မှစပြီး စစ်အစိုးရမှ အခြေခံစစ်သင်တန်း ပို့ချပေးနေသည်။

မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ကို ဦးဆောင်သော နိုင်အောင်နိုင်အဖွဲ့မှ တပ်သားသစ် ၃၈ ယောက်တို့ကို သံဖြူဇရပ်မြို့နယ်၊ ရသေ့တောင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် အခြေခံစစ်သင်တန်း ပို့ချလျက်ရှိသည်။

ပြည်သူ့စစ်အသွင်ပြောင်းရန်အတွက် သတ်မှတ်ထားသည့် တပ်သားအင်အား (၅၀၀) ပြည့်မီရန်အတွက် ၎င်းတပ်ဖွဲ့မှ စည်းရုံးရေးဆင်းနေကြောင်း အစည်းရုံးခံရသူတစ်ဦးက ပြောသည်။

သူက “အခုလောလောဆယ်မှာ နိုင်အောင်နိုင်တို့က သူတို့တပ်သားအတွက် မွန်ပြည်သစ်ပါတီက အနားယူထားတဲ့ ပါတီဝင်ဟောင်းတွေ၊ ကျောင်းပြီးထားတဲ့ လူငယ်တွေကို သူတို့တပ်ဖွဲ့ထဲဝင်ဖို့ လိုက်စည်းရုံးနေတယ်” ဟု ပြောသည်။

ကျောင်းပြီးထားသူများ ၎င်းတပ်သို့ ဝင်ပါက ဗိုလ်ကြီးအဆင့် ရာထူးနှင့် မွန်ပြည်သစ်ပါတီဝင်ဟောင်းများအား အနိမ့်ဆုံး ဗိုလ်အဆင့် ရာထူးဖြင့် လိုက်လံစည်းရုံးနေကြောင်း အစည်းရုံးခံရသူက ပြောသည်။

လက်ရှိတွင် ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲနှင့် သောင်ပြင်ကျေးရွာဘက်တွင် ၎င်းတပ်ဖွဲ့အတွက် နိုင်ရွှေက ဒေသခံများကို လိုက်လံစည်းရုံးနေကြောင်း လမိုင်းမြို့ခံတစ်ဦးက ပြောသည်။

သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်အတွင်းတွင်လည်း ၎င်းတပ်ဖွဲ့က စည်းရုံးရေးဆင်းနေပြီး အစည်းရုံးခံရသူများတွင် မွန်ပြည်သစ်ပါတီဝင်ဟောင်းများလည်း ပါဝင်သည်ဟု သိရသည်။

နိုင်အောင်နိုင်သည် ယခင်က မွန်ပြည်သစ်ပါတီတွင် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို ဦးဆောင်သော စစ်ဦးစီးချုပ်တစ်ဦး ဖြစ်ပြီး၊ ၂၀၀၈ ခုနှစ်တွင် အဖွဲ့ဝင် အချို့နှင့်အတူ မွန်ပြည်သစ်ပါတီမှ ခွဲထွက်ခဲ့သည်။

ဆက်စပ်သတင်း

1 COMMENT

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts