မြန်မာနိုင်ငံတောင်ပိုင်း၊ ရေးမြို့နယ်၊ ခေါ်ဇာမြို့ပေါ်ရှိ ရပ်ကွက်ဥက္ကဌတို့မှ ပြည်သူ့စစ်အတွက် ငွေကြေးတောင်းခံရန် မေလ ၁၄ ရက်နေ့က ဒေသခံများကို အစည်းအဝေးခေါ်ယူသည်။
ခေါ်ဇာမြို့ပေါ်တွင် ပြည်သူ့စစ် ၁၀ ယောက်ထားမည်ဖြစ်ပြီး၊ ထိုသူတို့အတွက် လက်နက်ဝယ်ရန် တစ်အိမ်လျှင် ငွေကျပ် ၅ သောင်း ပေးဆောင်ရမည်ဖြစ်သည်။ ထို ၁၀ ယောက်အတွက် လစဉ်စရိတ်ကြေးကိုလည်း တစ်အိမ် ၃ ထောင်စနစ်ဖြင့် လတိုင်းကောက်ခံသွားမည်ဟု အစည်းအဝေးမှာ ပြောသည်။
“ကျမတို့ ခေါ်ဇာမှာဆို ရပ်ကွက် ၂ ခုရှိတယ်၊ အဲဒီရပ်ကွက် ၂ ခုက ဥက္ကဌကနေ ပြောတာ အစည်းအဝေးမှာပေါ့ သူတို့ပြောတာက ခလရ ၃၁ က ညွှန်ကြားတယ်လို့ပြောတာ၊ အိမ်တိုင်းပေးရမယ်” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ခေါ်ဇာမြို့ခံတစ်ဦးက ပြောသည်။
မြို့ခံအများစုမှာ ပြည်သူ့စစ်ဝင်လုပ်ရန် ဆန္ဒမရှိကြခြင်းကြောင်း ရပ်ကွက်လူကြီးတို့မှ အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်စားသောက်နေသူတို့ကို ပြည်သူ့စစ်လုပ်ရန် ငှားရန်းမည်ဖြစ်သည်။ ထိုအတွက် ကုန်ကျစရိတ်အားလုံးကို ဒေသခံတို့မှ ပေးဆောင်ရမည်ဖြစ်ကြောင်းကို ၄င်းက ပြောသည်။
ခေါ်ဇာမြို့သည် စုစုပေါင်း အိမ်ခြေ ၇၀၀ ကျော်ရှိပြီး၊ ရပ်ကွက် ၁ နှင့် ရပ်ကွက် ၂ ဆိုပြီး ခွဲခြားထားသည်။ ရပ်ကွက် ၁ တွင် ဥက္ကဌ နိုင်လှထိန်အုပ်ချုပ်နေပြီး၊ ရပ်ကွက် ၂ မှာ ဥက္ကဌ နိုင်မြင့်အေး ဦးစီးအုပ်ချုပ်နေသည်။
ပြည်သူ့စစ်များ လုံခြုံရေးချထားရန်အတွက် ရပ်ကွက် ၂ ခုရှိ မယကရုံးမှာတွေမှာ မြို့ခံတို့မှ တနေ့ လူ ၆ ယောက်မှ ၁၀ ယောက်ထိ သဲဆောက်၊ တွင်းတူး၊ ခြံစည်းရိုးကာအစရှိသည်တို့ကို လုပ်အားပေးနေရသည်။
ယခုလို ပြည်သူ့စစ်ထားရှိရန်နှင့် မယကရုံးတွေမှာ လုံခြုံရေးထားတာဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကာကွယ်ဖို့ ဒေသခံတွေအတွက် လုံခြုံမှုရှိဖို့ လုပ်နေတာပါ အဓိကက ပြည်သူတွေအတွက်ပဲဟု အစည်းအဝေးမှာ ရပ်ကွက်ဥက္ကဌတို့က ပြောသည်။
look forward for the next great nlite addons……thanks!
Good…Thanks addons.
has u ever even seen a lolcat