Homeသတင်းဟံသာဝတီပျက်သုဉ်းခြင်း အခမ်းအနား ပြည်တွင်း၌ မကျင်းပနိုင်

ဟံသာဝတီပျက်သုဉ်းခြင်း အခမ်းအနား ပြည်တွင်း၌ မကျင်းပနိုင်

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီနှစ်စဉ်ကျင်းပမြဲဖြစ်သော ဟံသာဝတီပျက်သုဉ်းခြင်း အခမ်းအနားကို ယခုနှစ် မကျင်းပနိုင်ကြောင်း ပြည်တွင်းရှိ မွန်ဒေသအသီးသီးမှ အခမ်းအနားဖြစ်မြောက်ရေးကော်မတီဝင်များက ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအကြား လက်ရှိတင်းမာနေသော ဆက်ဆံရေးအခြေအနေကြောင့် အခမ်းအနားကို မကျင်းပနိုင်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ကျနော်တို့က ၂၀၀၆ ခုနှစ်ကတည်း အခမ်းအနားကို ဆက်ဆက်ကျင်းပလာခဲ့တယ်၊ တစ်နှစ်မှ မပျက်ဘူး၊ ဒီနှစ်တော့ မလုပ်နိုင်ဘူး” ဟု မွန်ပြည်နယ် သံဖြူဇရပ်မြိ့ုနယ်မှ အခမ်းအနားဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီက စစ်အစိုးရ ကမ်းလှမ်းထားသည့် ပြည်သူ့စစ်အသွင်ပြောင်းခြင်းကို ဧပြီလ ၂၂ ရက်နေ့တွင် တရားဝင် ငြင်းပယ်ပြီးနောက် နှစ်ဖက်လုံးမှ စစ်ရေးပြင်ဆင်မှုများ ရှိကြသည်။

ယခင်နှစ်များတွင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းရှိ မြို့နယ်အချို့တို့တွင် အခမ်းအနားကို တိုက်နယ်အလိုက်၊ ကျေးရွာအလိုက် ကျင်းပခဲ့ကြသည်။

ယခင်နှစ်အခမ်းအနားများတွင် သံဃာတော်များအား ဆွမ်းကွမ်းကပ်လှူခြင်း၊ စေတီများ၌ ဆီမီး ပန်း ရေချမ်းနှင့် တံခွန် ကုက္ကားများကို ကပ်လှူပူဇော်ခြင်းများကို ပြုလုပ်ကြပြီး ဟံသာဝတီမွန်နိုင်ငံတော် ပျက်သုဉ်းစဉ်က စစ်ဘေးအတွင်း အသက်ဆုံးရှုံးခဲ့ကြကုန်သော ဘိုးဘွားတို့အား အမျှပေးဝေခြင်းများကို ပြုလုပ်ကြသည်။

ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်နေ့ (ခရစ်နှစ် ၁၇၅၇ ) တွင် ဟံသာဝတီမွန်နေပြည်တော် ပျက်သုဉ်းခဲ့သည်။

ယမန်နေ့တွင် ကျရောက်သော ၂၅၃ နှစ်ပြည့် ဟံသာဝတီပျက်သုဉ်းခြင်း အခမ်းအနားကို ပြည်တွင်း၌ မကျင်းပနိုင်ကြသော်လည်း ပြည်ပရောက်မွန်လူမျိုးများက နိုင်ငံအသီးသီးတွင် စည်ကားစွာ ကျင်းပခဲ့ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts