Homeသတင်းကျိုက်မရောမြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

ကျိုက်မရောမြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပေါ် ကလိုင်ကနိုင်ရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးမှာ ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်မှာ ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားပြီး ရုံးမှ ဝန်ထမ်း ၃ ဦးထိခိုက်ဒဏ်ရာရရှိသည်။

“ဗုံးဖေါက်တဲ့လူက ဆိုင်ကယ်နဲ့လာတယ်လို့ပြောတာပဲ၊ ဖြစ်တာက မြို့ပေါ်မှာပါ ည ၁၁ နာရီလောက် ပေါက်ကွဲမှုက ဖြစ်တယ်” ဟု ကျိုက်မရောမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ထိုပေါက်ကွဲမှုသည် မြို့ပေါ်တွင်ဖြစ်ပွားခြင်းကြောင့် ဒေသခံများ ထိန့်လန့်ကြောက်ရွံ့နေကြကြောင်းကိုလည်း ၄င်းက ပြောသည်။

ယခုလပိုင်းအတွင်းမှာ ပေါက်ကွဲမှုဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီး၊ မြန်မာစစ်အစိုးရတို့က ပေါက်ကွဲမှုဖြစ်ပွားတိုင်း အတိုက်ခံအဖွဲ့အစည်းတို့၏ လက်ချက်ဟု စွပ်စွဲပြောဆိုတက်သော်လည်း ပေါက်ကွဲမှုဖြစ်ပွားတိုင်း တရာခံကိုဖမ်းဆီးရရှိခြင်းမရှိသေးပါ။

“ကျနော်တို့ မကြားသေးပါဘူး၊ ကျနော်တို့ပါတီအနေနဲ့ အဲဒီလိုလုပ်ရပ်မျိုး လုပ်မှာမဟုတ်ပါဘူး၊ ကျနော်တို့ဟာ ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ပဲ ဖြေရှင်းချင်တယ်” ဟု ဒုတိယဥက္ကဌ နိုင်ရဿက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts