spot_img
Tuesday, July 23, 2024
More
    spot_img
    Homeအယ်ဒီတာ့အာဘော်ပြည်တွင်းစစ်သစ်နှင့် တိုင်းရင်းသားပြည်သူများ၏ ဒုက္ခ

    ပြည်တွင်းစစ်သစ်နှင့် တိုင်းရင်းသားပြည်သူများ၏ ဒုက္ခ

    -

    “ကျန်တော်တို့အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းချင်လို့ အပစ်အခတ်ရပ်စဲတာပါ။ နိုင်ငံရေးဆွေးနွေးပွဲအတွက် အမြဲတမ်း တောင်းဆိုသွားမယ်” ဟု အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူစဉ် မွန်ပြည်သစ်ပါတီ ဥက္ကဌနိုင်ရွှေကျင်က ပြောကြားခဲ့ပေသည်။ သို့သော် မွန်ပြည်သစ်ပါတီ ဥက္ကဌကား (၂၀၀၃) ခုနှစ်တွင် ကွယ်လွန်သွားပြီး စစ်မှန်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို မမြင်တွေ့သွားပေ။ ၂၀၀၈ ခုနှစ်တွင် စစ်အစိုးရမှ ရေးဆွဲသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား အတည်ပြုပြီးနောက် စစ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားများအကြား နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရန် မလွယ်ကူတော့ပေ။

    ခရစ်သက္ကရာဇ် ၁၇၅၇ ခုနှစ်တွင် ဗမာဘုရင်အလောင်းဘုရား ဦးအောင်ဇေယျမှ မွန်တို့၏ တိုင်းနိုင်ငံ ဟံသာဝတီနေပြည်တော်အား တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း၊ မွန်အမျိုးသားတို့ကား ခေတ်အဆက်ဆက် မိမိတို့အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လှုပ်ရှားရုန်းကန်ခဲ့ပေသည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်က လွတ်လပ်ရေးရရှိသော်လည်း မွန်ပြည်သူတို့ကား မလွတ်လပ်သေးသည့်အတွက် မွန်ပြည်သစ်ပါတီမှ လက်နက်ကိုင်လမ်းစဉ်ဖြင့် ရန်ကုန်စစ်အစိုးရအား တိုက်ခိုက်ခဲ့ပေသည်။ နိုင်ငံရေးပြဿနာကို ဖြေရှင်းလိုသည့် မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရယူခဲ့သည်။

    ပြီးခဲ့သည့် မတ်လတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်းကာလတခုခုတွင် စစ်အစိုး ရအလိုကျ ရွေးကောက်ပွဲတရပ် ကျင်းပရန်အတွက် ရွေးကောက်ပွဲဥပဒေများ နိုင်ငံရေးပါတီထူထောင်ခြင်းဥပဒေများ၊ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေများကို ကြေညာခဲ့ပေသည်။ တချိန်တည်းတွင် မွန်ပြည်သစ်ပါတီအပါအဝင် အခြားသော အပစ်အခတ်ရပ်စဲ တိုင်းရင်းသားအဖွဲ့အစည်းများအား ရွေးကောက်ပွဲဝင်ရန်၊ ၄င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့တို့အား နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့ စစ်တပ်အသွင်ပြောင်းရန် ဖိအားပေးခဲ့ပေသည်။

    ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် အခြေခံထားသည့် ရွေးကောက်ပွဲသည် စစ်တပ်ခေါင်းဆောင်များအား ရွေးကောက်ပွဲ ဝင်ရောက်စရာမလိုပဲ ပါလီမန်တွင် (၂၅%) နေရာရယူထားပေသည်။ အခြားသော တိုင်းရင်းသားပါတီများကား ပါလီမန်နေရာရရှိရေးအတွက် မိမိတို့အမျိုးသားရေးအတွက် ဖွဲ့စည်းကာ ယှဉ်ပြိုင် ရမည့်အတွက် အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်များကိုစွန့်လွှတ်ပြီး ပါတီဖွဲ့စည်းကာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမျိုးသားလွတ်မြောက်ရေးအတွက် နိုင်ငံရေး ဦးတည်ချက်ရှိသည့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ဝင်မည်မဟုတ်ပေ။

    မွန်ပြည်သစ်ပါတီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရန် တစိုက်မတ်မတ် တောင်းဆိုခဲ့ပေသည်။ အခြားနိုင်ငံတကာအဖွဲ့အစည်းနှင့် ဒီမိုကရေစီအင်အားစုတို့လည်း အလားတူ တောင်းဆိုခဲ့ပေသည်။ သို့ရာတွင် စစ်အစိုးရကား ယခု ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ရန် ရက်ပေါင်း (၆၀) အချိန်ပေးပြီး ပါတီမှတ်ပုံတင်ခြင်း ပြုလုပ်ရန် သတ်မှတ်ထားပေသည်။ အကယ်၍ တိုင်းရင်းသားအပစ်အခတ်ရပ်စဲရေး နိုင်ငံရေးပါတီများ မှတ်ပုံမတင်ပါက တရားမဝင်နိုင်ငံရေးပါတီအဖြစ်သို့ ကူးပြောင်းသွားမည် ဖြစ်ပေသည်။

    ထိုအချိန်တွင် မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးသည်လည်း ပျက်ပြယ်သွားနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်နိုင်ပေသည်။ ထိုအခြေအနေတွင် တဖက်နှင့်တဖက် တိုက်ခိုက်မှု ဖြစ်ပွားနိုင်ပြီး အဓိက အပစ်အခတ်ရပ်စဲရေးအဖွဲ့ (၅) ဖွဲ့နှင့် တိုက်ပွဲပြန်လည်ဖြစ်ပွားကာ တိုင်းရင်းသား ပြည်သူများ အကြီးအကျယ်ဒုက္ခရောက်ကြမည်။

    တရုတ် – မြန်မာနယ်စပ်၊ ထိုင်း – မြန်မာနယ်စပ်တို့တွင် မတည်ငြိမ်မှုများ ရှိလာပြီး ဒုက္ခသည်အများအပြား ထွက်ပြေးလာနိုင်သည့်အခြေအနေ ရှိလာနိုင်ပေသည်။ ပြည်တွင်းဒုက္ခသည်များ အကြီးအကျယ်ဒုက္ခရောက်နိုင်သည့် အခြေအနေ ရှိနေပေသည်။ သို့ရာတွင် မြန်မာနိုင်ငံပြဿနာကား ကမ္ဘာ့ပြဿနာ ဖြစ်နေသည့်အတွက် နိုင်ငံတကာအစိုးရမှ တက်ရောက်လာမည့် စစ်အစိုးရသစ်အား ဆက်လက်ဖိအားပေးသွားမည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    26,300SubscribersSubscribe
    spot_img

    Latest posts