မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News

Monthly Archives: April 2010

ကျိုက်မရောမြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပေါ် ကလိုင်ကနိုင်ရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးမှာ ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်မှာ ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားပြီး ရုံးမှ ဝန်ထမ်း ၃ ဦးထိခိုက်ဒဏ်ရာရရှိသည်။

Read More »

ဘုရားသုံဆူမြို့တွင် သောက်သုံးရေရှားပါး ပြတ်လတ်မှုဖြစ်ပေါ်နေ

မင်းတော်လဝီ– ရာသီဥတုပူပြင်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်တွင် သောက်သုံးရေရှားပါး ပြတ်လတ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ရေးကိုလည်း စျေးကြီးစွာ ဝယ်ယူသုံးစွဲနေရကြောင်း ဒေသခံတို့က ပြောသည်။

Read More »

ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နိုင်ဖွယ်ရှိ

မိကျလွန်းထော – စစ်ရေးပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့်သတင်းကြောင့် နေအိမ်စွန့်ခွာပြီး ခလောက်ခနီ ဒုက္ခသည်စခန်းသို့ ရောက်ရှိလာကြသည့် ထွက်ပြေးတိမ်းရှောင်လာသူများအတွက် နေထိုင်ရေးနှင့် စားနပ်ရိက္ခာများ အခက်အခဲကြုံတွေ့ဖွယ်ရှိသည်။

Read More »

ပြည်တွင်းစစ်သစ်နှင့် တိုင်းရင်းသားပြည်သူများ၏ ဒုက္ခ

“ကျန်တော်တို့အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းချင်လို့ အပစ်အခတ်ရပ်စဲတာပါ။ နိုင်ငံရေးဆွေးနွေးပွဲအတွက် အမြဲတမ်း တောင်းဆိုသွားမယ်” ဟု အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူစဉ် မွန်ပြည်သစ်ပါတီ ဥက္ကဌနိုင်ရွှေကျင်က ပြောကြားခဲ့ပေသည်။ သို့သော် မွန်ပြည်သစ်ပါတီ ဥက္ကဌကား (၂၀၀၃) ခုနှစ်တွင် ကွယ်လွန်သွားပြီး စစ်မှန်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို မမြင်တွေ့သွားပေ။ ၂၀၀၈ ခုနှစ်တွင် စစ်အစိုးရမှ ရေးဆွဲသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား အတည်ပြုပြီးနောက် စစ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားများအကြား နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရန် မလွယ်ကူတော့ပေ။

Read More »

မွန်ပြည်သစ်ပါတီနယ်မြေအတွင်းရှိ ရွာသားများ အိုးအိမ်စွန့်ကြပြီ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့၏ စစ်ရေးပဋိပက္ခဖြစ်ပေါ်နိုင်သည့် အရိပ်အယောင်များ မြင်တွေ့နေရသည့်အတွက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းမှ ရွာသားများ အိုးအိမ်စွန့်ကာ စစ်ဘေးမှ လွတ်ကင်းနိုင်မည့် အရပ်သို့ ရှောင်တိမ်းနေကြသည်။

Read More »

ကောလဟာလ သတင်းတွေကြောင့် ရွာသားများ ထိတ်လန့်နေကြ

ဝီရမာဉ် – မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း ဓါးပြ များလှုပ်ရှားနေသည် ကောလဟာလသတင်းကြောင့် ဒေသခံများ ရွာပြင်မထွက်မရဲကြဘဲ ထိန့်လန့်ကြောက်ရွံ့နေကြသည်။

Read More »

မွန်ပြည်သစ်မှ စစ်ရေးအသင့်ပြင်ထားသည့်အနေအထားမှာရှိနေ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မြန်မာစစ်အစိုးမှ မွန်ပြည်သစ်ပါတီကို ပြည်သူ့စစ်အသွင်းပြောင်းရန် ကမ်းလှမ်းထားချက်ကို ပါတီမှ လက်မခံကြောင်း အကြောင်းပြန်ထားပြီးနောက် လက်ရှိတင်းမာနေသည့်အနေအထားမှာ မွန်ပြည်သစ်ပါတီလက်အောက်ရှိ တပ်ရင်းများ စစ်ရေးအသင့်ပြင်ထားသည့်အနေအထားမှာရှိနေသည်။

Read More »