မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: မွန်ပြည်သစ်ပါတီ (page 2)

Tag Archives: မွန်ပြည်သစ်ပါတီ

စာပေယဉ်ကျေးမှု အခွင့်အရေးဖြင့်သာ ဖြေသိမ့်မနေကြရန် မွန်အမျိုးသားကွန်ဖရင့် သဘာပတိပြော

မင်းသုတ – မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပဆဲ မွန်အမျိုးသားကွန်ဖရင့်(၂၀၁၃) ဖွင့်ပွဲ၌ ပထမနေ့သဘာပတိအဖြစ်ဆောင်ရွက်သော မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က မွန်အမျိုးသားများအနေဖြင့် စာပေယဉ်ကျေးမှုအခွင့်အရေးဖြင့်သာ ဖြေသိမ့်မနေကြရန် အခမ်းအနားအဖွင့် မိန့်ခွန်းတွင် တိုက်တွန်းပြောကြားခဲ့သည်။

Read More »

မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် UNFC ဒုတိယအကြိမ် ဆွေးနွေးပွဲ တိုးတက်မှုမရှိ

မင်းသုတ – မြန်မာအစိုးရဝန်ကြီးဦးအောင်မင်းခေါင်းဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုတိယအကြိမ်ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ ယနေ့(စက်တင်ဘာ ၈-ရက်)တွင်ကျင်းပခဲ့ရာ တိုးတက်မှုရလဒ်များမတွေ့ရှိကြောင်း ယင်းတို့၏ပူးတွဲကြေညာချက်အရ သိရသည်။

Read More »

မွန်ပြည်သစ်ပါတီ အငြိမ်းစားဗိုလ်မှူးကြီး ကျော်အိန်းကွယ်လွန်

မင်းသုတ – မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်း အငြိမ်းစားဗိုလ်မှူးကြီးကျော်အိန်း အသက် ၈၄ နှစ်သည် ယမန်နေ့ည ၈း၂၀ ခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးရားကျေးရွာနေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။

Read More »

(၆၆) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားများကျင်းပ

ခတ္တာနန်း – (၆၆) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ လက်အောက်ခံ နယ်မြေများအပြင် မွန်တိုင်းရင်းသားများရောက်ရှိနေထိုင်ရာ ဒေသများတွင်လည်း ဝါခေါင်လပြည့်နေ့(သြဂုတ်-၂၂) ရက်၌ အခမ်းအနားများ ကျင်းပခဲ့ကြသည်။

Read More »

ကွယ်လွန်သူမွန်ပြည်သစ်ပါတီဥက္ကဌဟောင်း နိုင်နွန်လာအမှတ်တရအခမ်းအနားကျင်းပ

မင်းသုတ– ၈ လေးလုံးတစ်နှစ်ပြည့်တွင် ကွယ်လွန်ခဲ့သူ မွန်ပြည်သစ်ပါတီဥက္ကဌဟောင်းနိုင်နွန်လာအားရည်စူး၍ ကျန်ရစ်သူမိသားစုဝင်များနှင့်အတူ ဘုရားသုံးဆူဒေသခံများက ယမန်နေ့တွင် သံဃာတော်များဆွမ်းကျွေး အခမ်းအနား ကျင်းပခဲ့သည်။

Read More »

ဗမာပြည်နယ်ပါဝင်သည့် ဖွဲ့စည်းပုံသစ် ရေးဆွဲမည်ဟု တိုင်းရင်းသားကွန်ဖရင့်ချမှတ်

မင်းသုတ – ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC က ၃ ရက်ကြာကျင်းပခဲ့သည့် တိုင်းရင်းသားလူမျိုးများကွန်ဖရင့်က ဗမာပြည်နယ်ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ရေးဆွဲကြမည်ဟု ဆုံးဖြတ်ချက်ချမှတ်ကြောင်း သြဂုတ်လ ၁ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Read More »

မြန်မာစစ်တပ်ဖမ်းဆီးမှုမှ ထွက်ပြေးလွတ်မြောက်လာသူ နိုင်ဝင်းသောင်းအား ဆက်သွယ်မေးမြန်းချက်

​မေး ။ ။ ဘယ်လိုအဖမ်းခံခဲ့ရပါသလဲ? ဖြေ ။ ။ သုမင်္ဂလံရွာနဲ့ ရွာသစ်ကြားမှာ အမဲထောင်ခြောက်ဆင်ရင်းနဲ့ ကျနော်ကို စစ်ကြောင်းတွေ့သွားပြီး ဖမ်းသွားကြတယ်၊ လက်နှစ်ဖက်နောက်ပြစ်-လည်းပင်ကြိုးဆွဲပြီး ခေါ်သွားတယ်၊ နောက်ပြီး သေနတ်ပစ်သံကြားတယ်၊ မွန်ပြည်သစ်ကင်းတဲနဲ့ ပစ်ခတ်ကြတယ်။

Read More »

မွန်ပြည်သစ်ရဲဘော်တစ်ဦး ထပ်မံဖမ်းဆီးခံနေရ

မင်းသုတ – တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်ရွာသစ်၌ နေထိုင်လျှက်ရှိသော မြိတ်ဒေသ၊ မွန်ပြည်သစ်ပါတီဝင် ရဲဘော် “နိုင်အရ” အား ကျေးရွာအုပ်ချုပ်ရေးမှူးခေါင်းဆောင်သည့် ပြည်သူ့စစ်အဖွဲ့ဝင်များသည် ဇူလိုင်လ ၂၆ ရက်နေ့ နံနက်စောစောပိုင်းတွင်

Read More »

အတိတ်ဇူလိုင်ရဲ့ အရိပ်မဲကြီး

ဗညားအောင် – မွန်တိုင်းရင်းသားတော်လှန်ရေးကို စတင်ဦးဆောင်ခဲ့တဲ့ပြည်သူ့တပ်ဦးဟာ လွန်ခဲ့တဲ့ ၅၅ နှစ်ကာလကတည်းက အခုလို ဇူလိုင်လထဲမှာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စွန့်လွှတ်ပြီး တရားဥပဒေဘောင်အတွင်းကနေ မွန်တိုင်းရင်းသားအခွင့်အရေးတွေကို တောင်းဆို တိုက်ပွဲဝင်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေ ရှိခဲ့ပါတယ်။

Read More »

အစိုးရစစ်တပ်၏ ပတ်ခတ်မှုကိစ္စနှင့် ဖမ်းဆီးခေါ်ဆောင်သွားမှု မွန်ပြည်သစ်ပါတီ ဆက်လက်ညှိုနှိုင်းဆဲ

ခတ္တာနန်း – ယခုရက်ပိုင်းအတွင်း မွန်ပြည်သစ်ပါတီတပ်နှင့် မြန်မာအစိုးရတပ်မတော်တို့ ပစ်ခတ်မှု ကိစ္စရပ်များအပြင် တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်ထားသည့် မွန်ပြည်သစ်တပ်ဖွဲ့ဝင်နှင့် ဇနီးတို့အား ပြန်လည် လွတ်မြောက်ရေးအတွက် ညှိုနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း မွန်ပြည်သစ်ပြည်တွင်းရေးရာ ဌာနကြီးတာဝန်ခံ နိုင်တလညီက ပြောသည်။

Read More »