spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်း၁၈ကြိမ်မြောက် ဘီအန်အိုင်အစည်းအဝေး သတင်းထုတ်ပြန်

    ၁၈ကြိမ်မြောက် ဘီအန်အိုင်အစည်းအဝေး သတင်းထုတ်ပြန်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သုံးရက်ကြာကျင်းပခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ မြန်မာ့သတင်း (BNI)အစည်းအဝေးမှ မြန်မာနိုင်ငံတွင် တိုင်းရင်းမီဒီယာများ ဖွံ့ဖြိုးရေးဦးတည် ကြိုးပမ်းသွားရန် သဘောတူဆုံးဖြတ်ချက်ချမှတ်ပြီး ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

    ဘီအန်အိုင်၏ ဖွံ့ဖြိုးတိုးတက်ရေးအရာရှိအသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသော ကရင် သတင်းဌာန(KIC) အယ်ဒီတာ နန်းဖော့ဂေက“တိုင်းရင်းသားမီဒီယာတွေရဲ့ အခန်းကဏ္ဍပေါ့နော် ဖွံ့ဖြိုးဦးတည်ကြိုးပမ်းလုပ် ဆောင်သွားဖို့အတွက်ကို ကျမတို့ အဓိကထားဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တဲ့အပေါ်မှာ ဒီထုတ်ပြန်ချက်ကို ထုတ်လိုက်တာပါ” ဟု ပြောသည်။

    ဘီအန်အိုင်အဖွဲ့၏ ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို လွတ်လပ်သော သတင်းမီဒီယာအဖွဲ့ ၁၁ ဖွဲ့တို့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စက်တင်ဘာလ ၁၇ ရက်နေ့မှ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    အစည်းအဝေးသို့ အဖွဲ့ဝင် တိုင်းရင်းသားသတင်းဌာန(၁၁) ဖွဲ့မှ သတင်းဌာနများဖြစ်သည့် လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ကချင်သတင်းဌာန၊ ကုလာတန်သတင်းဌာန၊ ကန္တာရဝတီတိုင်း (ကရင်နီ) သတင်းဌာန၊ ရွှေဟင်္သာ(ပေါ့ထော) သတင်းဌာန၊ ကေအိုင်စီ(ကရင်) သတင်းဌာန၊ ခိုနှုံးထုန်(ချင်း)သတင်းဌာန၊ မဇ္ဇိုမသတင်းဌာန၊ နိရဉ္ဇရာသတင်းဌာန၊ သတင်းနှင့်မီဒီယာကွန်ယက်နှင့် ရှမ်းသံတော်ဆင့်သတင်းဌာနမှ ကိုယ်စားလှယ်များ ၂၀ ကျော်ခန့် တက် ရောက်ခဲ့ကြသည်။

    အစည်းအဝေးတက်ရောက်လာသော သတင်းဌာန ကိုယ်စားလှယ်များက မြန်မာနိုင်ငံအတွင်း မီဒီယာလွတ်လပ်ခွင့်များ တိုးတက်လာနေမှုကို ဘီအန်အိုင်အနေဖြင့် ကြိုဆိုလိုက်ပြီး တိုင်းရင်း သားမီဒီယာများ တပြေးညီ တိုးတက်လာစေရေး တညီတညွတ်တည်း ကြိုးပမ်းသွားကြရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

    ဘီအန်အိုင်အနေဖြင့် တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားသတင်းမီဒီယာများနှင့် အတူတကွ လက်တွဲလုပ်ဆောင်သွားရန်အတွက်လည်း သဘောတူညီခဲ့ကြကြောင်း ၎င်းထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့အပြင် မြန်မာနိုင်ငံတွင် တိုင်းရင်းသားဘာသာစကားဖြင့် လွတ်လပ်သော သတင်းစာ၊ စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်သံလွှင့်အစီအစဉ်များ ပေါ်ထွန်း၊ ဖွံ့ဖြိုးလာရန် လိုအပ်သည်ဟုလည်း ဖော်ပြထားသည်။

    ဘီအန်အိုင်ခေါ် နိုင်ငံတကာ မြန်မာ့သတင်းဌာနကို ၂၀ဝ၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းရင်း သားသတင်းဌာန(၁၁)ဖွဲ့ဖြင့် စုဖွဲ့ထားပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts