Sunday, March 29, 2026
More
    spot_img
    Homeသတင်းမွန်ဒီမိုကရေစီပါတီက သံလွင်တိုင်း(မ်)ဂျာနယ်အား ကန့်ကွက်

    မွန်ဒီမိုကရေစီပါတီက သံလွင်တိုင်း(မ်)ဂျာနယ်အား ကန့်ကွက်

    -

    အဇာတာ – မွန်ဒီမိုကရေစီပါတီက စက်တင်ဘာလ ၃ ရက်နေ့ရက်စွဲဖြင့် သံလွင်တိုင်း(မ်) ဂျာနယ် ဩဂုတ်လ-အတွဲ ၁ အမှတ် ၅ စာမျက်နှာ ၂ ရှိ ဓါတ်ပုံတစ်ပုံကို ပြုပြင်ခဲ့သည့်အတွက် ကန့်ကွက်စာပေးပို့ခဲ့သည်။

    သံလွင်တိုင်း(မ်)မှ ဖြတ်ညှပ်ပြင်ထားသော် ဓါတ်ပုံ (photo: fb)

    ‘၈၈ မျိုးဆက်များ မော်လမြိုင်ရောက်’ ခေါင်းစဉ်အောက်ပါရှိသော ဓါတ်ပုံပါသတင်းတွင် မွန်ဒီမိုကရေစီပါတီ ယာယီရုံးရှေ့ဆိုင်းဘုတ်အား နောက်ခံပြုအမှတ်တရရိုက်ခဲ့ကြစဉ် ရဟန်းသံဃာတော် တစ်ပါးဖြစ်သည့် ဦးဇင်းဥက္ကံသ (ဇော်လတ်) ပုံကို လူဝတ်ပုံသို့ ပြောင်းလဲ ဖြတ်ညှပ်ကပ်ခဲ့သည့်အပေါ် ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

    ‘သာသနာဖက်ကိုကြည့်လျှင် သာသနာ ပျက်စီးစေရာရောက်သလို၊ မီဒီယာသတင်းပိုင်း ကြည့်လျှင်လည်း သတင်းကျင့်ဝတ်မညီဘူး၊ လူ့အခွင့်အရေးပိုင်းဘက်ကိုကြည့်လျှင်လည်း လူ့အခွင့်အရေးချိုးဖောက်ရာရောက်တယ်’ဟု အရှင် ဥက္ကံသက ပြောသည်။

    မွန်ဒီမိုကရေစီပါတီ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက’ ကျွန်တော်တို့ယာယီ ပါတီရုံးရှေ့မှာရိုက်တဲ့ပုံပါ၊ ပါတီဆိုင်းပုဒ်ကို နောက်ခံထားတယ်၊ ၈၈ မျိုးဆက်နိုင်ငံရေး

    မွန်ဒီမိုကရေစီပါတီမှ ပေးပို့ခဲ့သော ကန့်ကွက်စာ
    ကျောင်းသားတွေနှင့် အမှတ်တရ ရိုက်ခဲ့တဲ့ဦးဇင်းပုံကို မွန်ဝတ်စုံပြောင်းလိုက်တယ်၊ ဒါဟာ ကျွန်တော်တို့ ပါတီကိုလည်း မလေးစားရာကျတယ်’ဟု ပြောသည်။

    ‘စာပေစိစစ်ရေး ထုတ်တင်စနစ်မပြောင်းခင် စပ်ကူးမတ်ကူးကြားကာလမှာပါ၊ ၈၈ ကျောင်းသား အရေးကိစ္စတွေမှာ သံဃာတော်ပုံထင်ထင်ရှားရှား မပါဝင်မိစေဖို့ ကျွန်တော်တို့ ဓါတ်ပုံကို ပြင်လိုက်ရတာပါ ‘ ဟု သံလွင်တိုင်း(မ်) အယ်ဒီတာချုပ် နိုင်ချမ်းတွဲ့က ပြောသည်။

    ၄င်းဓါတ်ပုံကိစ္စနှင့်ပတ်သက်၍ မိမိတို့ သံလွင်တိုင်း(မ်) ဂျာနယ်တိုက်မှ မှားယွင်းမှုကိုဝန်ခံကြောင်းကို ဆက်လက်ထုတ်ဝေမည့် သံလွင်တိုင်းဂျာနယ်တွင် ဖော်ပြတောင်းပန်ပေးသွားမည်ဟုလည်း နိုင်ချမ်းတွဲ့က ပြောသည်။

    သံလွင်တိုင်း(မ်)ဂျာနယ်သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် ဂျာနယ်တိုက်ဖြစ်ပြီး ပြီးခဲ့သည့်သြဂုတ်လတွင် နှစ်ပတ်တစ်ကြိမ်ထုတ်ဝေခွင့် စတင်ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks