Homeသတင်းမွန်အမျိုးသားဒီမိုကရေစီအဖွဲ့ အမည်သစ်ဖြင့်ပါတီမှတ်ပုံတင်မည်

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ အမည်သစ်ဖြင့်ပါတီမှတ်ပုံတင်မည်

-

ကျလွန်းထော – မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) မှ မွန်ဒီမိုကရေစီပါတီ (MDP) အမည်သစ်ပြောင်းလဲကာ မှတ်ပုံတင်တော့မည်ဟု ပါတီအထွေထွေအတွင်းရေးမှုး ဒေါက်တာမင်းစိုးလင်းက ပြောသည်။

AMDP နှင့် MNDF ပူးပေါင်းရေးသဘောတူညီကြစဉ်(ဝဲ-နိုင်ချစ်ဦးAMDP-ယာ နိုင်တင်အောင် MNDF)
“မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကနေ မွန်ဒီမိုကရေစီပါတီအဖြစ် ပြောင်းလဲပြီး မှတ်ပုံတင်သွားမှာဖြစ်တယ်၊ မွန်ကို ကိုယ်စားပြုတဲ့သဘောပါ၊” ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။

ပါတီနာမည် မှတ်တင်ရန်အတွက် ယနေ့ (ဧပြီလ ၂၃) ရက်နေ့တွင် ၄င်းပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်စိုးမြင့်နှင့် နိုင်လယီတမတို့ နေပြည်တော်သို့ သွားရန် စီစဉ်နေသည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်ကပင် မွန်အမျိုးသားဒီမိုကရေစီပါတီက ၄င်းပါတီနာမည်သစ်ကို ရွေးချယ်ထားခဲ့ကြောင်း ပါတီဒုဥက္ကဌ (၂) နိုင်တင်အောင်က ပြောသည်။

“မွန်ဒေသလုံးဆိုင်ရာပါတီ မှတ်ပုံမတင်ခင်ကတည်းကပဲ ဒီနာမည်ကို ရွေးချယ်ထားတာပါ၊ အခု ကျနော်တို့ မှတ်ပုံတင်ထားလိုက်တော့ လာမည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၂၀၁၄ မှာ မွန်ပါတီနှစ်ခုပူးပေါင်းတဲ့အခါ နှစ်ပါတီလုံးက မှတ်ပုံတင်ထားပြီးသားဆိုတော့ ပေါင်းစည်းဖို့ ပိုပြီးအဆင်ပြေစေပါတယ်” ဟု နိုင်တင်အောင်က ပြောသည်။

မွန်နှစ်ပါတီဖြစ်သည့် ရွေးကောက်ပွဲဝင် ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (ANDP) နှင့် ပါတီမှတ်ပုံတင်တော့မည့် မွန်ဒီမိုကရေစီပါတီ (MDP) တို့နှစ်ပါတီပူးပေါင်းနိုင်ရေး အစီအစဉ်ကို လာမည့် ၂၀၁၄ ခု၊ ဒီဇင်ဘာနောက်ဆုံးထား၍ နှစ်ပါတီ ပူးပေါင်းရန် ယမန်နေ့ (ဧပြီလ ၂၂ ရက်နေ့)က ဆုံးဖြတ်ချက်ချခဲ့ပြီး ဖြစ်သည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ကို ၁၉၈၈ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့၍ ၁၉၉၀ ရွေးကောက်ပွဲ၌ ကိုယ်စားလှယ် ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ (၅) နေရာ အနိုင်ရရှိခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် တရားဝင်ပါတီမှ ပယ်ဖျက်ခြင်း ခံခဲ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts