Homeသတင်းABSDF ဧပြီလတွင် ငြိမ်းချမ်းရေးဆွေးနွေးမည်

ABSDF ဧပြီလတွင် ငြိမ်းချမ်းရေးဆွေးနွေးမည်

-

ဂျူရီချိုင်း – မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နှင့် မြန်မာအစိုးရတို့ လာမည့် ဧပြီလ ပထမပတ်တွင် ရန်ကုန်မြို့၌ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ABSDF ဒုဥက္ကဌ ရဲဘော်မျိုးဝင်းက ပြောသည်။

ABSDF မှ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ရဲဘော်မြင့်ဦး ဦးဆောင်သည့် အဖွဲ့ဝင် ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၏ နှစ်ဘက် ဆက်သွယ်ရေးကိုယ်စားလှယ် ဒုဗိုလ်မှူးကြီးဟောင်းစောခင်စိုး(ကရင်ပြည်နယ်) ဦးဆောင်သော ကိုယ်စားလှယ်များ နှင့် အကြိုညှိနှိုင်းရန် ကရင်ပြည်နယ် ဘားအံမြိုသို့ ယမန်နေ့တွင် ထွက်ခွာသွားပြီဖြစ်သည်။

ABSDF နှစ်ပတ်လည်အခမ်းအနားတစ်ခု(Photo-Internet)
ABSDF ဒုဥက္ကဌ ရဲဘော်မျိုးဝင်းက ”အခုခရီးစဉ်က ငြိမ်းချမ်းရေးခရီးစဉ်အတွက် ပြင်ဆင်ဖို့သွားတယ်” ဟုပြောသည်။

ABSDF အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးဖော်ဆောင်သွားမည်ကို မွန်ပြည်သစ်ပါတီက ကြိုဆိုလိုက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအဖွဲ့အစည်းများ၏ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရန်လည်း ဖိတ်ခေါ်ကြောင်း မွန်ပြည်သစ်ပါတီမှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

ABSDF နှင့် ဒုဗိုလ်မှူးကြီးဟောင်းစောခင်စိုး ဦးဆောင်သောကိုယ်စားလှယ်များသည် လွန်ခဲ့သောဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာအစိုးရနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည့် ABSDF သည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သွားနိုင်ရန် ငြိမ်းချမ်းရေးစားပွဲတွင် တန်းတူညီတူ တွေ့ဆုံဆွေးနွေးမှုအဆင့်ဆင့်ကို ဆက်လက်ပြုလုပ်သွားကြမည်ဟု ထိုတွေ့ဆုံမှုအပြီး ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကို ၁၉၈၈ ခုနှစ်ဒီမိုကရေစီအုံကြွမှုကြီးအပြီး နယ်စပ်အသီးသီးသို့ထွက်ခွာလာသည့် ကျောင်းသားများက ဦးဆောင်၍ လူထုလူတန်းစားပေါင်းစုံဖြင့် ၁၉၈၈ နိုဝင်ဘာလ (၁) ရက်နေ့တွင် ABSDF ကို ဖွဲ့စည်းခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts