Saturday, April 18, 2026
More
    spot_img
    Homeသတင်းကချင်စစ်ပြေးဒုက္ခသည်များအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ဒိန်းမတ်တွင် ပြုလုပ်

    ကချင်စစ်ပြေးဒုက္ခသည်များအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ဒိန်းမတ်တွင် ပြုလုပ်

    -

    မိလရီထော၊ မိကွန်းမွန် (ဒိန်းမတ်) – 
ဒိန်းမတ်နိုင်ငံ ဘွန်းဟွန်းကျွန်းရှိ အဝေးရောက် မွန်အဖွဲ့အစည်းနှင့် ချင်းဂီတအဖွဲ့တို့ ဦးစီးပြီး ကချင်စစ်ပြေးဒုက္ခသည် များအတွက် ရန်ပုံငွေရှာဖွေသည့် ဂီတဖျော်ဖြေပွဲတခု ကျင်းပခဲ့သည်။

    ပြီးခဲ့သည့် စနေနေ့တွင် ကျင်းပခဲ့သည့် ယင်းဂီတဖျော်ဖြေပွဲသို့ ဒိန်းမတ်နိုင်ငံသားများအပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း အယောက် (၂၀၀) ကျော် တက်ရောက်ခဲ့ပြီး အလှူငွေများ ထည့်ဝင်ခဲ့ သည်ဟု ပွဲဖြစ်မြောက်ရေး ကော်မတီတဦး ဖြစ်သည့် ဆလိုင်းစံက ပြောသည်။

    ၎င်းက “ကချင်စစ်ပြေးဒုက္ခသည်တွေအတွက် အကူအညီပေးဖို့ အရမ်းလိုအပ်နေပြီ။ လက်ရှိ အရပ်ဝတ်စစ်အစိုးရနဲ့ အခြား နိုင်ငံရေးသမားအချို့က လက်တွဲပြီး ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေပြီလို့ ကြွေးကြော် နေကြပေမယ့် တိုင်းရင်းသားဒေသတွေမှာ အသည်းအသန် ထိုးစစ်ဆင်နေကြတယ်။ နောက်ပြီး ယခုလက်ရှိ ဖြစ်ပျက်နေတဲ့ မြန်မာပြည် နိုင်ငံရေးအခြေအနေကို ဒိန်းမတ်နိုင်ငံသားများတွေကို သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို ကျွန်တော်တို့ ကျင်းပရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

    ယင်းရန်ပုံငွေ ဂီတပွဲတွင် တေးသီချင်းများဖြင့် ဖျော်ဖြေခြင်းအပြင် ကချင်ဒေသအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲ အခြေအနေ ဗီဒီယိုများပြသခဲ့ပြီး ဒိန်းမတ်ခရိုနာ ၁၂,၀၀၀ (ထိုင်းဘတ်ငွေ ၆ သောင်းကျော်) ရရှိခဲ့ကြောင်း သိရသည်။

    ပွဲဖြစ်မြောက်ရေး ဦးဆောင်သူတဦးဖြစ်သည် နိုင်ခွန်လဝါက “ဒီရရှိထားငွေတွေကို ကချင်ဒုက္ခသည်တွေ ဆီရောက်အောင် ဘဏ်ကနေ တဆင့်ပေးပို့မှာ ဖြစ်ပါတယ်။ အဲဒီကနေဆင့် ကချင်စစ်ပြေးဒုက္ခသည်တွေကို ကူညီနေတဲ့ အဖွဲ့အစည်းတွေကနေ ဒုက္ခသည်တွေကို ပေးအပ်ကူညီမှာ ဖြစ်ပါတယ်” ပြောသည်။

    ကချင်ပြည်နယ်တွင် ယခုနှစ် ဇွန်လဆန်းပိုင်းကပြီး မြန်မာအစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ကချင် ဒုက္ခသည်ဦးရေ ၅ သောင်းခန့် ရှိနေပြီဖြစ်သည်ဟု ကချင်ကျောင်းသားများသမဂ္ဂအဖွဲ့မှ ကိုနော်စံက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks