ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ်၊ စံခလပူရီမြို့နယ်၊ ဘုရားသုံးဆူရွာ (ထိုင်းနိုင်ငံ) တွင် ဖိနပ်စက်ရုံအလုပ်သမား ၂၀၀၀ ကျော်ခန့် လုပ်အားခတိုးမြှင့်ပေးရန် ယနေ့မွန်းလွဲပိုင်း ထိုင်းစံတော်ချိန် ၂ နာရီခန့်၌ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။
“အလုပ်သမားတွေက အခုကုန်စျေးနှုန်းတွေတက်နေတဲ့အတွက် တစ်နေ့ဘတ် ၂၀ တိုးပေးဖို့ အလုပ်ရှင်ကိုပြောတာ ဘတ် ၁၀ ပဲတိုးပေးမယ်၊ မပြေလည်ဘူး၊ စက်ရုံကို ၂ ရက်ပိတ်မယ်လို့ အလုပ်ရှင်ဖက်က ပြောတယ်” ဟု ကြားဝင်ဆောင်ရွက်ပေးသူ တစ်ဦးက ပြောသည်။

အဆိုပါဆန္ဒပြဖိနပ်စက်ရုံအလုပ်သမားများ ၂၀၀၀ ကျော်ခန့်မှာ Basani ဖိနပ်စက်ရုံကြီး၏အလုပ်ရှင်ထံ အဓိကတောင်းဆိုခြင်းဖြစ်ပြီး အခြားဖိနပ်စက်ရုံ ၃ ရုံမှအလုပ်သမားများလည်း သက်ဆိုင်ရာအလုပ်ရှင်များထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ကျွမ်းကျင်မှုအလိုက် အလုပ်သမားတစ်ဦး တနေ့လျှင် အလုပ်ချိန်ပုံမှန် ၁၀ နာရီအတွက် အလုပ်လုပ်ခ ဘတ် ၇၀ မှ ၁၁၅ အထိသာ ရရှိကြပြီး အချိန်ပိုအလုပ်လုပ်ခမှာ နာရီအလိုက် ၂ ဆခန့်ရရှိသည်။
“အခုကုန်စျေးနှုန်းနဲ့ဆို စားမလောက်တော့ဘူး၊ တန်းလျားငှားခ၊ နေ့စဉ်နယ်ခြားဂိတ်ဖြတ်ရင် မြန်မာနယ်စပ်ဖွံ့ဖြိုးရေးအဖွဲ့ကို တယောက် ၅ ဘတ်ပေးနေရ၊ ကြိုပို့ကားချိန်နဲ့မတိုက်ဆိုင်ရင် တက္ကစီဆိုင်ကယ်ငှားစီ ၁၀ ဘတ်၊ ဟိုစရိတ်ဒီစရိတ်နဲ့ မလောက်ငှကြတော့လို့ ကျမတို့ လုပ်အားခတိုးပေးဖို့ တောင်းဆိုတာဖြစ်တယ်” ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် မစိုးစိုးက ပြောသည်။
ဖိနပ်ရုံမှ အလုပ်သမားများ ဆန္ဒပြတောင်းဆိုခဲ့သည့်အတွက် အလုပ်ရှင်များက ယနေ့မှစတင်ပြီး ၎င်းအလုပ်ရုံကို ၂ ရက်အတွင်း ပိတ်သွားမည်ဖြစ်ကြောင်း ကျန်ရှိနေသည့် အလုပ်ရုံများလည်း ပိတ်သွားခဲ့သည်ဟု သူမက ပြောသည်။
ထိုင်းနယ်မြေရှိ ဘုရားသုံးဆူရွာတွင် ဖိနပ်စက်ရုံနှင့် အထည်ချုပ်စက်ရုံအပါအဝင် အလုပ်ရုံပေါင်း ၃၀ ခန့်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့မှ ထိုင်းနိုင်ငံ၊ ဘုရားသုံးဆူရွာ အလုပ်ရုံများသို့ နေ့စဉ်သွားရောက်လုပ်ကိုင်နေသူ မြန်မာနေ့စားအလုပ်သမား ၄၀၀၀ ကျော်ရှိသည်ဟု သိရသည်။
ဓာတ်ပုံမရှိရင်တော့ မထည့်တာပိုကောင်းပါတယ် လို ့အကြံပြုပါရစေ
လက်ရှိကုန်စျေးနှုန်းမှာမြင့်ပြီး..လုပ်အားခငွေမှာ..နည်းလွန်းလှပါသည်။စက်ရုံအလုပ်သမားတွေငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုတာမှန်ကန်ပါသည်..ဘုရားသုံးဆူကပြည်သူလူထုတွေအားလုံး..အလုပ်သမားတွေဘက်မှာရပ်တည်ပေး
ကြမှာပါ။
မှန်လားမှားလား ဒို့မသိပါ ဖိနပ်စက်ရုံမရှိရင်သုံးဆူမြို့လဲ လူကောရှိပါအုံးမလား ????????
နယ်စပ်ဖွံ ့ဖြိုးရေးကဖြတ်စားထားတာတစ်မြို ့လုံးသိတယ်…
နယ်စပ်ဖွံ ့ဖြိ ုးရေးအသင်းက..စက်ရုံလူကြီးတွေကတဆင့်..အကွက်ရိုက်.ကိုယ်ကျိုးရှာစားထားတာတစ်မြို ့လုံးသိတယ်