မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / အပစ်အခတ်ရပ်စဲရေး အခြေခံသဘောတူနိုင်အောင်ကြိုးပမ်းရမည်ဟု ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

အပစ်အခတ်ရပ်စဲရေး အခြေခံသဘောတူနိုင်အောင်ကြိုးပမ်းရမည်ဟု ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ရေးသားသူ: > အပစ်အခတ် ရပ်စဲရေးဆွေးနွေးမှုများပြုလုပ်နေသည့် လက်နက်ကိုင်အဖွဲ့အစည်း များ အနေဖြင့် မတူညီသော သဘောထားများအား အခြေခံ၍ သဘောထား တူညီမှုများ ရရှိအောင် ကြိုးပမ်းရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“အရင်က တစ်ယောက်နဲ့ တစ်ယောက် ပစ်ခတ်ခဲ့ကြတဲ့အုပ်စုတွေတောင်မှ ပြေလည်အောင် အပစ်အခတ်ရပ်စဲရေး ကြိုးစားနေတဲ့ အချိန်မှာ သဘောမတူတဲ့ အစုအဖွဲ့တွေ တစ်ယောက်နဲ့ တစ်ယောက် ပုဂ္ဂိုလ်ရေးရာဘဲ ဖြစ်ဖြစ်၊ မူဝါဒရေးရာဘဲဖြစ်ဖြစ် တူညီတဲ့သဘော ထား မရှိတဲ့ အဖွဲအစည်းတွေပာ တူညီတဲ့ သဘောထား မဟုတ်ရင်တောင်မှ မတူညီတဲ့ သဘောထားတွေပေါ်မှာ သဘောတူနိုင်ဖို့ ကြိုစားရမှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြိုရှိ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ရုံးခန်းတွင်ပြုလုပ်သော သတင်းမီဒီယာသမားများနှင့် တွေဆုံပွဲ၌ ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

အမျိူးသားဒီမိုကရေစီအဖွဲချုပ်အနေဖြင့် အမျိုးသား ရင်ကြားစေ့ရေးကို အခြေခံမှု အဖြစ် ထားရှိခဲ့ပြီး လက်ရှိ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ပါဝင်မှု အားနည်းခဲ့ရကြောင်း ထိုသိုအားနည်းရခြင်းသည် ၎င်းတို့၏ ရွေးချယ်မှုကြောင့် မဟုတ်ခဲ့ကြောင်း ရှင်းလင်းခဲ့သည်။

ထို့အပြင် လက်နက်ကိုင် အုပ်စု တစ်ခုနှင့် တစ်ခု ကြား ယုံကြည်မှု တည်ဆောက်ရမည်ဖြစ်ပြီး ထိုသိုယုံကြည်မှု တည်ဆောက်နိုင်ခြင်း သည် အမျိုးသား ရင်ကြားစေရေးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အမျိူးသားရင်ကြားစေ့ရေးကို စဉ်းစားတယ်ဆိုရင် အင်မတန်မှ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရမှာပါ၊ ကျဉ်းကျဉ်းလေးစဉ်းစားလို့ မရပါဘူး၊ ကျွန်မတို့ နိုင်ငံတစ်ခုကို တည်ငြိမ်စေချင်တယ်၊ တိုးတက်စေချင်တယ်ဆိုလို့ရှိရင်တော့ အဓိက ဦစားပေးရမယ့် ကိစ္စပာကျွန်မတို့ရဲ့ အချင်းချင်းပြေလည်ရေးပါဘဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။

တဖက်တွင်လည်း သမ္မတ ဦးသိန်းစိန် အနေဖြင့် လက်နက်ကိုင် အင်အားစုများ အားလုံးပါဝင်သော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ချုပ်ကာ လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း နိုဝင်ဘာလ ၅ ရက်နေ့ မှာပင် ရေဒီယိုမှတစ်ဆင့် မိန့် ခွန်းပြောကြားခဲ့သည်။

“အခုလက်ရှိ လုပ်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များဟာ မိမိတို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးအတွက် မရှိမဖြစ်အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါတယ်”ဟု သမ္မတ က ပြောကြားခဲ့သည်။

ထိုစာချုပ် ချုပ်ဆိုနိုင်ပါက နှစ်ဖက်တပ်များအနေဖြင့် လိုက်နာရမည့် ကျင့်ဝတ်များ သတ်မှတ်နိုင်မည်ဖြစ်ပြီး တိုက်ခိုက်မှုများနှင့် ထိပ်တိုက် ရင်ဆိုင်ရမှုများအား လျှော့ချနိုင်မည်ဖြစ်ကာ နိုင်ငံရေးဆွေနွေးပွဲများ စတင်လာနိုင်ရန် ခိုင်မာသည့် အခြေခံ ဖြစ်လာနိုင် သည်ဟု သုံးသပ်ပြောကြားထားသည်။

“အဓိက အကျိုးကျေးဇူးကတော့ ပဋိပက္ခဖြစ်ပွားနေ တဲ့နေရာဒေသတွေက ပြည်သူများရဲ့ အသက် အိုးအိမ်စည်းစိမ်နဲ့ လူမှုဘဝတွေကို ထိခိုက် ပျက်စီးစေတဲ့ ကိစ္စရပ်များစွာကို လျှော့ချနိုင်မှာဖြစ်ပါတယ်” သမ္မတ ဦးသိန်းစိန်က ပြောသည်။

ဦးသိန်းစိန်က နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်ဖို သဘောတူချက်များကို အဆိုပါ နိုင်ငံရေးဆွေနွေးပွဲက ဆောင်ရွက်နိုင်မည်ဟု ယူဆထားသော်လည်း အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မူ ထိုနိုင်ငံရေးဆွေနွေးပွဲကိစ္စအား ဖြစ်မလာသေး၍ မည်သည့်အကြောင်းအရာမှ မပြောနိုင်သေးဟုဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်တွင် နေပြည်တော် သမ္မတအိမ်တော်၌ သမ္မတ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီများ၏ကိုယ်စားပြုခေါင်းဆောင်များပါဝင်သော ၁၄ ဦးထိပ်သီးတွေ့ဆုံဆွေးနွေးပွဲကို ၂ နာရီအကြာပြုလုပ်ခဲ့ကြပြီး မီဒီယာများမှတဆင့် ယင်းတို့၏သဘောထားများ ထုတ်ဖေါ်ပြောဆိုလာ ကြသည်ကို တွေ့ရှိလာရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မြို့ဝင်ကြေးကောက်ခံခြင်း ဖျက်သိမ်းပေးရန်တောင်းဆိုမှုရှိ

မွန်ပြည်နယ်အတွင်း (၁၀) မြို့နယ်စလုံးတွင် ဒေသဖွံ့ဖြိုးရေးဆိုသည့် မော်တော်ယာဉ်များအပေါ် မြို့ဝင်ကြေးကောက်ခံနေခြင်းသည် စားဝတ်နေရေး မပြေလည်သည့် ပြည်သူလူထု၏ စီးပွားရေးကို ပိုမိုဆိုးရွားစွာ ထိခိုက်စေသည့်အတွက် ဖျက်သိမ်းပေးရန် တောင်းဆိုနေကြသည်။ Related

Leave a Reply

%d bloggers like this: